Wednesday, July 7, 2010

ဇွန်

ဇွန်လဆို ငယ်ငယ်တည်းက အပျော်ဆုံးလတွေထဲက တစ်လဖြစ်ပါတယ်။ ငယ်ငယ်ကတော့ ကျောင်းတွေဖွင့်တဲ့လပေါ့ ဘဝကိုရဲ့ လှေခါးလေးသစ်တစ်ခုတက်ခွင့်ရတဲ့ လသစ်လေးလို့ လည်းသတ်မှတ်မိတာပေါ့။ ရန်ကုန်မှာထိတော့ အဲဒီလနဲ့ပက်သက်ပြီးပျော်စရာတွေကြီးပါပဲ။

စလုံးရောက်တော့ အဲဒီလမှာပဲ အလုပ်ကရတော့ Pass က ဂျက်တော့တစ်လလုံးရင်တမောမောနဲ့မျှော်လင့်ရတဲ့ ဒုက္ခကလည်း ခံစားဖူးသူတိုင်းသိကြတာပဲလေ။ အရမ်းကိုခံစားခဲ့တာပေါ့ ။ အဲဒီချိန်တုန်းက ကျောင်းကလည်း အလုပ်ရတော့ ထွက်လိုက်ရတယ်။ Pass မရရင်လည်းပြန်ရတော့မယ်။ မအောင်မြင်ပဲနဲ့အရှုံးတွေနဲ့ပြန်ရမယ် စဉ်းစားမိတိုင်း ရင်ထဲမှာတော်တော်ပူလောင်မိပါတယ်။ မိုးအကျင့်က ဘုရားရှစ်ခိုးတိုင်း ဘုရားမှာ တတွတ်တွတ်ဆုတောင်းတတ်တယ်။ ဒါပေမဲ့ တကယ် အရေးကြုံလာရင် ဘာမှဆုတောင်းဖို့ ပါးစပ်က မထွက်တော့ဖူး။ ဘုရားကို ဒီတိုင်းပဲ ရှစ်ခိုးပြီး မဆုတောင်းဖြစ်တော့ဖူး။ အဲဒါဘာဖြစ်မှန်းတော့မသိဖူးပေါ့လေ။ ခုလည်း ဒီနှစ် အမှုမဲ့အမှတ်မဲ့ပါပဲ။ အမေ့ကို ခဏ ခဏ သတိရတယ်ပေါ့။ ဒါနဲ့ အိမ်ကဖုန်းလာတော့ အမေနေမကောင်းဖူးပေါ့။ ဒါနဲ့ ခါတိုင်းလိုပဲ နည်းနည်းပါးပါးပဲထင်ထားတာပါ။ အမေ့အသံကြားတော့ ရင်ထဲမှာမခံစားနိုင်ဖူးဖြစ်ခဲ့ရပါတယ်။ အမေဆုလိုက်တဲ့အသံထက် အမေ့နေမကောင်းတဲ့ တုန်နေတဲ့ အသံက မိုး ရင်ထဲတော်တော် ကြေကွဲခဲ့ရပါတယ်။ မိုးအနေနဲ့ကလည်း ဆုတောင်းပေးရုံနဲ့ ဘာမှမတက်နိုင်ဖုးလေ။ ဒါကြောင့်ပိုခံစားရတာပေါ့။ မိုးက အရမ်းစိတ်ပူတတ်တယ်။ ဒါကြောင့် တော်ရုံတန်ရုံဆိုမိုးကို အိမ်က ဘယ်တော့မှပြောလေ့မရှိကြပါဖူး။ အမေကတော့ ပွင့်ပွင့်လင်းလင်းသမားဆိုတော့ ဖြစ်သမျှအကုန် ပြောတတ်တာပေါ့။ အမေ့ကို သတိရမိရင် ဘာမှဆက်လုပ်လို့ မရအောင်ဖြစ်ဖူးပါတယ်။ ဒါနဲ့စိတ်ကိုပြန် ထိန်းရတယ်။ မိုးပါရောလဲသွားလို့ မဖြစ်ဖူးပေါ့။

ဒီကြားထဲရုံးမှာကလည်း အလုပ်ပန်း စိတ်ပန်းပါပဲ။ ဒါနဲ့ ဒီဇွန်လ ကုန်လာတော့ ပြီးပြီပေါ့လို့  စိတ်က သက်သာသွားတာပေါ့။ ဒါနဲ့  မနေ့က နေ့ လည်ထမင်းသွားစားကြတာ သူငယ်ချင်းတွေနဲ့အတူတူပါ။ သူငယ်ချင်းကားက အက်စီးဒန့် ဖြစ်ပြန်တယ်လေ။ ရင်ထဲမှာ ဒိန်းကနဲပါပဲ အဲဒီချိန်သာ အသက်ပါသွားရင် အင်းမတွေးစရာပါပဲ။ မိုးအတွက်နဲ့အိမ်က သူတွေကိုတော့ စိတ်မဆင်းရဲစေချင်ဖူး ငယ်ငယ်တည်းက အတွေးတစ်ခုရှိတယ် မိုးသေခဲ့ရင်တောင် အဲဒီရုပ်အလောင်းကြီးကို မြင်ပြီးမခံစားစေချင်ဖူးဆိုပြီးအမြဲပြောနေကျ နောက် သေရင်လည်း အဝေးကြီးမှာ သွားသေမယ်ပေါ့ ဒါမှမမြင်မှာဆိုပြီးတော့ ပြောခဲ့ဖူးတာ သွားသတိရမိတယ်။

ဒါကြောင့် ဦးလေးက အမြဲဆုံးမတာ မှန်ပါတယ်။ သေနေ့ဆိုတာ ဘယ်အချိန်ဘယ်နေရာဆိုတာ သတ်မှတ်ချက်ရှိတာမဟုတ်တဲ့အတွက် အမြဲအမှတ်ကလေးနဲ့နေနိုင်ရင်အကောင်းဆုံးပါပဲလို့ တွေးမိ ပါတယ်။မိုးဘာမှတော့မဖြစ်ပါဖူး စာဖတ်သူတွေကို စိတ်အနှောက်ယှက် ပေးသလိုဖြစ် သွားပြီလားမသိဖူးနော်။ဒီဘ လော့လေးက မိုးတွက်အဖော်လေးလိုဘ လည်းဖြစ်နေတော့ ခံစားမိတဲ့အတိုင်းလေးရေးဖြစ်သွားတာပါ။
အားလုံး ဘေးကင်းရန်ကွာတဲ့အပြင် ကျန်းမာပျော်ရွှင်တဲ့ သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါလို့ တောင်းဆုပြုပါတယ်။ သာယာချမ်းမြေ့ပါစေနော်
မိုး

10 comments:

  1. ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ ..း)))

    ReplyDelete
  2. အင်းး
    သတိကတော့ လစ်လို့မဖြစ်ဘူးနော်
    တခါတလေ သတိရဖို့ကို လစ်လစ်နေတတ်ပြန်ရော ..
    အစ်မလည်း ကျန်းမာ ပျော်ရွှင်ပါစေ
    အစ်မ အမေလည်း အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေနော် .. သာသနာအကျိုးကို ဒါထက်ပိုပြီး ပြုနိုင်ပါစေ ..

    ReplyDelete
  3. ပေးတဲ့ဆုနဲ့ပြည့်ပါစေ.....း)))....


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. မိုးရေ....စိတ်ညစ်စရာတွေ သိပ်ခေါင်းထဲမှာ မထားနဲ့လေ။ မိုးလည်း ကျန်းမာပျော်ရွှင်နိုင်ပါစေ....


    ဂျင်း

    ReplyDelete
  5. ဦးလေး ဆုံးမတာကိုတော့  မမေ့ နဲ့ နော်...

    ReplyDelete
  6. ဘယ်အရာမဆို သတိလေးကပ်နိုင်ရင် အကောင်းဆုံးပေါ့ မိုးရေ။ အစစအရာရာ ဘေးအန္တရယ်ကင်းပြီး စိတ်ချမ်းမြေ့ပါစေနော်။

    ReplyDelete
  7. မိုးရေ....ကိုယ်ဒုက္ခရောက်နေပေမယ့် သူများတွေကို ဒုက္ခမရောက်စေချင်တဲ့ မိုးရဲ့ စိတ်ထားလေးကို လေးစားမိပါတယ်။
    သာယာပျော်ရွှင်ပါစေ မိုးရေ....

    ခင်တဲ့(ချိုကျ)

    ReplyDelete
  8. မိုးအမေရော.. မိုးရော...
    ကျန်းကျန်းမာမာ ချမ်းချမ်းသာသာရှိကြပါစေ။
    ပြည်ပရောက်နေသူတိုင်း ခံစားရလေ့ရှိတဲ့ ဝေဒနာမို့ ကိုယ်ချင်းစာမိပါတယ်။
    ...

    နောက်လဲလာလည်ရအောင် လင့်ခ်ကလေး ယူသွားပါရစေနော်။

    ReplyDelete
  9. အချိန်ရင် အားလုံး ပြီးသွားမှာပါ..မိုးရေ..။
    စိတ်ညစ်စရာပဲဖြစ်ဖြစ် ပျော်စရာပဲဖြစ်ဖြစ်..
    အချိန်ကာလ တစ်ခုအထိပါပဲ..။

    ReplyDelete
  10. ဘ၀ဆိုတာ စိတ်နဲ့ တန်သလောက် ပဲ ရတာတဲ့ မိုးလည်း ကိုယ့်စိတ်ကို သိသိပြီး စိတ် ချမ်းသာ အောင်နေ လိုက်ပါဗျာ.
    စိတ်ပူတတ်တာ လည်း စိတ်ပူတတ်တာ ပေါ့. စိတ်ပူ နေရုံ နဲ့ ပြဿနာ တစ်ခုခု က အလိုလို ပြေလည်မသွားနိုင်ဘူးလေ .. စိတ်အေးအေး ထားရင် ရှိတဲ့ အခက်အခဲ ကို ဖြေရှင်း နိုင်ပါစေ ..

    ReplyDelete