Wednesday, July 21, 2010

အားကျခဲ့မိသော အဖိုးနှင့်အဖွား

မိခင်ဖြစ်သူ၏ နောက်ဆုံးမျက်နှာလေးကို ကြည့်ပြီး လောကအလယ်တွင် တစ်ယောက်တည်းကျန်ရှိတော့မည့် ၁၂ အရွယ်သာရှိ သေးသော သူမ၏ကြေကွဲဝမ်းနည်းပုံမှာဇာပနသို့ ရောက်ရှိလာသော သူများအဖို့  ထိုမြင်ကွင်း မှာ အလွန်ကြေကွဲဖွယ်ကောင်းလှပါသည်။

တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည့် သူမ၏ အဒေါ်မှာလည်း စီးပွါးရေအဆင်ပြေလှသည်မဟုတ် တစ်နေ့လုပ်မှ တစ်နေ့စားရသည့် သားသမီးသုံးယောက်နှင့် မုဆိုးမပင်ဖြစ်သည်။ သူမကို စောင့်ရှောက်နိုင်သောလည်း ကျောင်းထားရန်မှာ ဘယ်လိုမှမဖြစ်နိုင်သည့်ခြေနေပင်ဖြစ်သည်။ သို့ သော် ဆွေးမျိုးဆိုသော ဒီအဒေါ်တစ် ယောက်တည်းသာရှိသောကြောင့် သူမသည် အခြားသူမကိုမွေးစားမည် သူများနှင့် လိုက်မနေပဲ အဒေါ်နှင့်သာ အတူနေရန် ဆုံးဖြတ်လိုက်တော့သည်။

အသုပ် မုန့် ဟင်းခါ ဈေးရောင်းထွက်မည့် အဒေါ်တွက် နံနက်ဆို ၄ နာရီထ အဒေါ်နှင့်အတူလိုက်ကူရင်း ညီမလေး မောင်လေးများကို ပြုစုစောင့်ရှောက်သော သူမကို အဒေါ်ဖြစ်သူမှာကြည့်ပြီး ကျောင်းမထားနိုင်တဲ့အတွက် ဝမ်းနည်းရပြန်သည်။

သူမ၏ ဆိုင်သို့ လာရောက်စားသောက်သော ရပ်ကွပ်ထဲမှာမိသားစု အကြောင်းများကို သူမစိတ်မဝင် စားသော်လည်း လာစားကြသော သူများ၏ ခံစားချက် ဒုက္ခ များကို နေ့စဉ်နှင့်အမျှကြားနေရမြဲဖြစ်သည်။ ထိုအကြောင်းများကို ကြားသောသူမသည် ထိုဒုက္ခမျိုးကို သူမခံစားရမှာ အလွန်ပင်ကြောက်မိသွားသည်။ ထို့ ကြောင့် သူမသည် နေ့စဉ်ဘုရားဝတ်ပြုတိုင်း ဆုတစ်ခုတောင်းလေ့ရှိသည်။

သူမ၏ မုန့်ဟင်းခါ အသုတ်ဆိုင်လေးမှာ သန့်ရှင်းသပ်ရပ်သည့်အပြင် အရသာကောင်းပြီး စေတနာ ရှိသောကြောင့် လူကြိုက်များပြီး နာမည်ကြီးလာခဲ့သည်။အသက် ၁၈ နှစ်အရွယ် လှပျိုဖြူလေး ရောင်း သော ထိုဆိုင်မှာ မြို့ ၏အကောင်းဆုံးဆိုင်အဖြစ် မသိသူမရှိချေ။

အသားရည်လှပဖြူဝင်းပြီး ပါးတွင်သနပ်ခါးပါးကွပ်လေးလိမ်းခြယ်ထားပြီး စံပါယ်ပန်းလေးအမြဲ ပန်ဆင် ထားတဲ့သည့်သူမတစ်ယောက်မှာ ဈေးရောင်းကောင်းပြီး အမြဲအလုပ်ရှုပ်နေတတ်သည့် နံနက်ချိန်တွင် အမြဲလာစားသော စက်ရုံပိုင်ရှင်သူဋေးသားတစ်ယောက်သည်လည်း သူမကိုနှစ်သက်သူတွေထဲတွင် တစ်ယောက်အပါဝင်ဖြစ်သည်။ သူမမှာ သူမ၏အလုပ်ကိုသာ စိတ်ဝင်တစားနှင့် စေတနာအပြည့်ပါသည့် ခေါက်ဆွဲသုတ်လေးကို အမြဲသုတ်ပေးတတ်သူဖြစ်သည်။

တနေ့ ညနေခင်းအချိန် မဖြူ ဆိုင်သိမ်းပြီးသွားရာလမ်းတွင် မဖြူ ကျေးဇူးပြုပြီး စကားလေး နည်းနည်းပြောပြရစေ ဆိုတဲ့ခပ်အေးအေးလေးနဲ့ လေသံချိုချိုလေး တည်ငြိမ်ရိုးသားတဲ့ မျက်ဝန်းတစ်စုံကြောင့် သူမမှာ ခေါင်းတစ်ချက်ညိမ့်လိုက်မိသည်။သို့ သော် သူမနှင့် အဆင့်တန်းကွာခြားသည့်အပြင် ပညာတတ် သူဋေးသား မြို့ မျက်နှာဖုံး တစ်ယောက်ကို သူမနှင့် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

သို့ သော် မောင်နီမှာ လက်လျှော့သွားခြင်းမရှိချေ။ နှစ်နှစ်နီးပါးမောင်နီ၏ မပြောင်းလဲသော မေတ္တာတို့ ကြောင့် မဖြူတစ်ယောက်မောင်နီအပေါ်မေတ္တာသက်ဝင်လာခဲ့သည်။ သို့ သော် ကွာခြားလွန်းသော မိသားစုအသိုင်း ဝိုင်းကြောင့် မဖြူတစ်ယောက် လက်ခံရန်မဖြစ်ပြန်.....

မောင်နီအိမ်ရောက်တော့ သားအတော်ပဲ မေမေ့ဆီခဏလာပါအုံးသားရယ် သားနဲ့စကားပြောစရာရှိတယ်။ သားမေမေ့သူငယ်ချင်း သမီးချောကိုသိတယ်မှတ်လားသား။ သားရယ်ချောက လှလာလိုက်တာ တက္ကသိုလ်ကျောင်းသူကြီးတောင်ဖြစ်နေပြီသားရဲ့ ။ သားကော ချောကိုဘယ်လိုသဘောရသလဲသား။ သားသာမငြင်းရင် မေမေအန်တီလေးကို ဖွင့်ပြောပြီး အမြန်ဆုံးစီစဉ်ချင်တယ် သား။ မေမေ သားမှာ ရည်ရွယ်ပြီးသားသူရှိတယ် ဒါပေမဲ့ တစ်ဖက်ကတော့ သားကိုခုထိလက်မခံသေးပေမဲ့ သားသူ့ ကိုပဲလက်ထပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ သားဘယ်သူလဲပြောပါအုံး အမေ့သားကိုများလက်မခံတဲ့သူ ဘယ်သူလဲသား။ .........

မေမေလုံးဝသဘောမတုနိုင်ဖူးသား ပညာရည်ချင်းလည်းမရှိ လမ်းဘေးအသုပ်ရောင်းတဲ့သူကိုမှ သားရယ် သားသဘောတိုင်းသားလုပ်မယ်ဆိုရင်တော့ မေမေတို့ သားကိုသားအဖြစ်မှ စွန့်လွှတ်ရလိမ်မယ်သား။ ...

တနေ့ မဖြူတစ်ယောက် ဆိုင်သိမ်းပြီးအပြန် အိမ်တွင်ရုတ် တရက် မောင်နီကိုဧည့်ခံစကားပြောနေသော သူမအဒေါ်ကို ကြည့်ပြီး သူမတစ်ချက်အံသြမိသသည်။ မဖြူ၏အဒေါ်သည် သားဟာ လူတော် လူ ကောင်းလေး ဆိုတာ အဒေါ်သိပါတယ် ဒါပေမဲ့ သားတို့ အသိုင်းဝိုင်းနဲ့က အဒေါ်တို့ နဲ့ကွာခြားလွန်းပါတယ် သားရယ် ကိုယ်နဲ့ လိုက်ဖက်မဲ့သူကိုပဲ သားရွေးချယ်သင့်ပါတယ်။ သားမိဘတွေ ဘက်ကစဉ်းစားဦး အဒေါ်မုဆိုးမကြီး နှင့် မောင် နှမသုံးယောက်ကို စောင့်ရှောက်ရင်း ရုန်းကန်နေရတဲ့သူကို မိဘတွေအနေနဲ့ သဘောမ တူတာ ဒါဟာ ဖြစ်သင့်တာပဲလေ မိဘတွေသဘောတူတဲ့ မိန်းခလေးကို သားရွေးရင် မှားမယ်မထင်ပါဖူးကွယ်။ အဒေါ် ကျွန်တော်ကတော့ အသိုင်းဝိုင်းတွေကွာခြားလွန်းတာနဲ့ မဖြစ်နိုင်ဖူးလို့ ကျွန်တော်တစ်ခါမှ မတွေးမိဖူးဗျ လူလူချင်း မတူဖူး မတန်ဖူးဆိုတာ ရှိလို့ လားဗျာ ကျွန်တော်ကတော့ ဖြူ့ ကို တန်ဖိုးထား ပြီးမြတ် မြတ်နိုးနိုးကိုချစ်တာပါဗျာ ကျွန်တော့မေတ္တာကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဖူးဗျ။.........

ဒီလိုနဲ့ အခက်ခဲတွေကို မောင်နီရဲ့ ချစ်မေတ္တာတွေနဲ့ကျော်ဖြတ်နိုင်ခဲ့ပါပြီး မဖြူနဲ့ မောင်နီတို့ နှစ်ဦးသဘောတူ လက်မှတ်ထိုးပြီး အိမ်ငှားဘဝလေးနဲ့ ဘဝစတင်ခဲ့ကြတာပေါ့။သူမရဲ့  ငယ်ငယ်တည်းက တစ်ခုတည်း သောဆုတောင်းအတိုင်း သူမတောင်းနေကျ ဘုရားဝတ်ပြုပြီးသည်နှင့် ထိုဆုတောင်းပင် တောင်းနေတတ်သည်။ ဒီလို နှင့် သူမတို့ မှာ လိမ္မာပြီးထူးချွန်ထက်မြတ်သည့် သား၃ ယောက် သမီး ၁ ယောက်ဘွဲ့ ဓါတ်ပုံကို ကြည့်ရင်း ပျော်ရွှင်ကြည်နူးစရားကောင်းသည့် မောင်နီနှင့် မဖြူတို့ မိသားစုလေးမှာ ကြည့်သူမြင်သူတိုင်း အားကျရလောက်အောင် ချစ်မြတ်နိုးကြည်သည့် စံပြအိမ်ထောင်ရှင်ဖြစ်ကြသည်။

အလွန်လိုက်ဖက်ညီသည့်  ခန့်ခန့် ချောချော အဖိုးအဖွားစုံတွဲကို လူတိုင်းငေးကြည့်မိကြသည်။ နံနက်တိုင်း လက်တွေတွဲပြီး လမ်းလျှောက်ထွက်သည့် ဖိုးဖိုးနီနှင့် ဖွားဖွားဖြူကို တွေ့ သူမြင်သူတိုင်း သူတို့ နှစ်ယောက်၏ချစ်ခြင်းမေတ္တာကို လူတိုင်းအားကျငေးမော ကြသည်ပင်။ အဖွားနှတ်ခမ်းနီရဲရဲလေးဆိုးပြီး ထမီတွင်ခါးပတ်အမြဲပတ်တတ်သည်။ အဖိုးမှာ အသားဖြူဖြူနှင့် ခန့်ခန့်ကြီး အဖွားလက်ကို အမြဲမလွတ်တမ်းကိုင်ထားတတ်သည်။

ဒါနဲ့အဖွားလမ်းလျှောက်အပြန်တွင် အဖွားကြည့်ရင်အမြဲတမ်းပြုံးရွှင်နေတာပဲ ကြည့်ရတာစိတ်ချမ်းသာလိုက်တာ အဖွားရယ် ဆိုတော့ အဖွားကပြုံးလျှက် အဖွားဆုတောင်းလေး ပြည့်တယ်ပြောရမှာပေါ့ မြေးလေးရယ်တဲ့။ ဒါနဲ့ အဖွားကစကားလက်ဆောင်တစ်ခုပေးခဲ့ မယ်နော် သမီးလေး...

အဖွားက ငယ်ငယ်တည်းက မိဘမဲ့တဲ့ဒဏ် နောက် အဖွားကအရင်က ဒီလိုလုံးချင်းအိမ်နဲ့နေခဲ့တာမဟုတ်ဖူး အသုတ်သည်လေးပါ ဒါနဲ့မိသားစုတွေမှာ ခံစားနေရဲ့ ဒုက္ခအကြောင်း တွေအမြဲကြားနေရတော့ အဖွားက ကိုယ်ဒီလို ဒုက္ခတွေနောက်မကြုံအောင် တစ်သက်လုံးမှာ ဆုတောင်းတစ်ခုကိုပဲ အမြဲတောင်းခဲ့တာ ....

" ယောက်ျားကောင်း သားသမီးကောင်းနဲ့ သက်ရှည်ကျမ်းမာတဲ့ မိသားစုနဲ့မခွဲအတူနေရပါလို၏ " အဲလိုဆုတောင်းခဲ့တာ အဲဒီသံကြားတော့ တချက်ပြုံးပြီး အဖွါးအဲဒီအရွယ်တည်းက ခေါင်းထဲဘာလို့ အဲဒီအတွေး ရှိတာလဲလို့ မေးမိပါတယ်။ ဒါကတော့ အဖွားဖြတ်သန်းခဲ့ရတဲ့ အသိုင်းဝိုင်းကြားမှာ တွေ့ ကြုံတဲ့အခက် ခဲခံစားချက်တွေတွေ့ မြင်ပြီး ကြောက်မိလို့ ပါတဲ့လေ။ အဖွားဆုတောင်းဟာ တကယ်ကိုပြည့်ခဲ့တာပါပဲ ခုအသက် ၈၀ ကျော်တာတောင် ဖိုးနဲ့အဖွားဟာ အသက်ရှည်ကျန်းမာတဲ့အပြင် သားသမီးတွေနဲ့ တစ်အိမ်တည်းမှာ ပျော်ရွှင်စွာနဲ့ ဘဝကိုဖြတ်သန်းတုန်းလေ။

ညကခေါင်းထဲမှာ အမြဲတွေ့ တွေ့ နေရတဲ့ အဖိုးအဖွားစုံတွဲလေးကိုလည်းသတိရ အဖွားရဲ့ဆုတောင်းလေးကို လည်းသဘောကျလို့ ဒီပိုစ့်လေးရေးဖြစ်သွားတာပါ။မိုးက အဖိုးအဖွားစုံတွဲလေးတွေတွေ့ ရင် အမြဲငေးမိတတ်တယ်။ နောက် အဲဒီအဖိုးအဖွားရဲ့ဘဝမှာ ရန်ဖြစ်လေ့မရှိဖူး တစ်ဦးပေါ်တစ်ဦးချစ်ခင်ခင်နဲ့ ဖြတ်သန်းခဲ့ပုံကို အဖွားပြောပြလို့ ကြည့်နူးမိတယ်။ ငယ်ရွယ်တဲ့စုံတွဲထက် အဖိုးဖွားလေးတွေ ချစ်ချစ်ခင်ခင်တွေ့ တိုင်း အမြဲစပ်စုချင်တယ် တခြားတော့စိတ်မဝင်စားပေမဲ့ အရမ်းချစ်တဲ့ အဖိုးဖွားစုံတွဲမြင်ရင်တော့ စပ်စုမိပါတယ်။

အားလုံးဘေးရန်ကင်းကွာလို့ ကျမ်းမာပျော်ရွှင်တဲ့အပြင် သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ကြပါစေရှင်းးးးး

သာယာချမ်းမြေ့ပါစေနော်
မိုး































9 comments:

  1. အားကျစရာ စံပြစုံတွဲဘဲနော်။ အသက် ၈၀ ကျော်အထိ ကြင်နာနေကြတုန်း။ စုံတွဲတိုင်း အဲဒီအတိုင်းဖြစ်ရင်တော့ ဘယ်လောက်များကောင်းလိုက်မလဲ။

    ReplyDelete
  2. မိုးရေ...စပ်စုတတ်တော့ ကျနော်တို့တွေ ဖတ်ရတာပေါ့ ကောင်းပါ၏ :) ဆက်လက်စပ်စုနိုင်ပါစေလို့ :)

    ခင်တဲ့(ချိုကျ)

    ReplyDelete
  3. ကြည့်ဦး.. ရှက်စရာ.. အဖိုးအဖွားသာမြင်ရင် ရှက်ကြမှာ..သူတို့အကြောင်းကို တကမ္ဘာလုံးဖြန့်တယ်ဆိုလို့ပေါ့... :D:D

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. အဲဒီအဖွားက သူ့ အကြောင်းတွေကို မကွယ်မဝှက်ပဲ ပြောပြီး တွေ့တဲ့သူတိုင်းကို ဆုံးမတတ်တာလေ နောင်လာနောင်သားတွေအားတက်အောင်သူ့ ဘဝရဲ့အခက်ခဲတွေနဲ့နှိုင်းပြီး ဆုံးမတတ်တာလေ အဖွားရဲ့ပီတိလေးကို သူများတွေကိုအမြဲမျှဝေပေးတတ်တယ်သူ့ ပေါ့ ဒါကြောင့် ကမ္ဘာကြီးကိုပီတိလေးဝေမျှပေးတာပါရှင်းးးးးးးးးးး

    ReplyDelete
  5. အားကျစရာ အဖိုးနဲ့အဖွားစုံတွဲပါပဲ။ မိုးရော အဖွားလို ဆုတောင်းနေပြီလား ;)

    ReplyDelete
  6. ဟိတ်....မိုး....မိုးလည်း ဘာဆုတောင်းနေတယ်ဆိုတာ ဂျင်းသိတယ်နော်....လူတွေသိအောင် ဒီမှာပြောပြလိုက်ရမလား....ကွိကွိ :P

    ReplyDelete
  7. တကယ့်ကို အားကျစရာပါ..
    အသက်ကြီးတဲ့အထိ ခုလို ချစ်ချစ်ခင်ခင် ရှိတတ်တဲ့ စုံတွဲမျိုးက ခုခေတ်မှာ ရှားမှရှားနော်...
    ဖတ်ရတာကြည်နူးစရာပါ..

    ReplyDelete
  8. သာယာချမ်းမြေ့စရာလေးပေါ့ မမိုးရယ် ...

    ReplyDelete
  9. ပေးတဲ့ဆုနဲ့ပြည့်ပါစေ...

    ReplyDelete