Wednesday, September 1, 2010

သူငယ်ချင်းတွက်


စား၊ဝတ်၊နေရေး
ရေးသုံးရေးတွက်

ငွေရှာနေတာ
လောကမှာ

ငွေရေးကြီးဆုံး

မှန်သော်လည်း

ငွေ ဟာ ငွေ

လူ ဟာ လူ

လူ နဲ့ငွေ ကို

သီးခြားထားပါ။

ငွေ ဟာ

တန်ဖိုးရှိတယ်


လူကတော့
တန်ဖိုးဖြတ်လို့မရလောက်အောင်

တန်ဖိုးရှိတာပါ။

သူငယ်ချင်း

လောကမှာ

ချမ်းသာခြင်းအစစ်မှန်က

သူငယ်ချင်းထင်နေတဲ့ ငွေတွေ ဂုဏ်တွေ ရုပ်ဝတ္ထုတွေ ထင်လို့လား

စစ်မှန်တဲ့ ချမ်းသာခြင်းက စိတ်ချမ်းသာမှဖြစ်မယ် သူငယ်ချင်း

သူငယ်ချင်း ချမ်းသာမှုအစစ်မှန်ကို မှန်ကန်စွာရွေးချယ်နိုင်ပါစေ...





အာလုံးသာယာချမ်းမြေ့ကြပါစေရှင်း


မိုး






























12 comments:

  1. မှန်ပါတယ် မမိုး
    ချမ်းသာခြင်းအစစ်အမှန်က စိတ်ပါပဲ
    စိတ်ချမ်းသာမှ လူလည်း စားဝင်အိပ်ပျော် နေလို့ကောင်းမှာပါ
    ဒါပေမဲ့
    လူတစ်ချို့တစ်ဝက်မှာက ရွေးချယ်မှုကို မပိုင်းခြားတတ်တော့
    စိတ်သောကများနေတတ်ကြတာလည်း ရှိကြပါတယ်။ အကောင်းဆုံးကို ရွေးချယ်တတ်ရင် စိတ်ချမ်းသာစရာတွေပါ.....


    ZaunG

    ReplyDelete
  2. သိပ်မှန်......

    ငွေရှိပြီး စိတ်မချမ်းသာရင်
    ပိုပြီး အဓိပ္ပါယ် မရှိဘူးလေ… နော်

    ReplyDelete
  3. ချမ်းသာခြင်းအစစ်အမှန်ကို သရုပ်ဖော်ထားတဲ့ကဗျာလေးက တကယ်ကောင်းတယ်မိုးရေ.....

    ခင်တဲ့(ချိုကျ)

    ReplyDelete
  4. ငွေရှိ၊ ဂုဏ်ရှိပြီး ပူလောင်နေကြတဲ့ သူတွေ လောကမှာ အများအပြားပါ
    ဒီလိုလူတွေထက်စာရင် ဘာမှ မရှိပေမဲ့ သူတို့တွေထက် ကိုယ်တွေဘ၀က စိတ်ချမ်းသာမိတယ်လို့ ထင်မိပါတ်ယ..

    ReplyDelete
  5. ဟုတ်ပါတယ်..
    စိတ်ချမ်းသာရင် နေလို့ထိုင်လို့ကောင်းတယ်..
    စိတ်ဆင်းရဲခြင်းက ..
    လူ့ရဲ့ဘဝကို လှဲမှောက်ပြစ်လိုက်သလို..
    အရာရာကို ဆုံးရှုံးသွားသလိုပါပဲ..
    စိတ်ဆင်းရဲခြင်းကို မုန်းတီးမိတယ်...
    ဖြစ်နိုင်ရင် ပျော်ရွှင်နေတာကိုပဲ လိုချင်မိတယ် မိုးရေ..။

    ReplyDelete
  6. မမိုးရေ..ကောင်းမွန်တဲ့ ဆန္ဒပြုခြင်းလေးပဲ... ခုမှရောက်လာဖြစ်တယ်...း))))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  7. မှန်လိုက်လေ မိုးရယ်....မိုးလည်း ချမ်းသာခြင်းအစစ်အမှန်ဖြစ်တဲ့ စိတ်ချမ်းသာခြင်းကို ထာဝရပိုင်ဆိုင်နိုင်ပါစေ....။ :)

    ခင်တဲ့
    ဂျင်း

    ReplyDelete
  8. မိုးရေ... တကယ်ပဲ စိတ်ချမ်းသာမှ ချမ်းသာမှုအစစ်ပါ။ မိုးရဲ့သူငယ်ချင်း ချမ်းသာမှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ မဇွန် ဆန္ဒပြုလိုက်ပါတယ်။

    ReplyDelete
  9. ငွေရှိတိုင်းလဲ စိတ်ချမ်းသာမှု အစစ်အမှန်ကို မရနိုင်ပါဘူးလေ။

    ReplyDelete
  10. အင်းး ဘယ်လိုပြောမလဲ။ အထိုက်အလျှောက် တကယ် လိုအပ်တာတော့အမှန်ပဲ။ သူမရှိဘဲလဲ ဘ၀မှာ ဘယ်လိုမှ ရပ်တည်လို့ မရဘူးလေ...ဟုတ်ဘူးလား။

း))

    ReplyDelete
  11. အော် မက်မက်ကလည်း လူသားတစ်ယောက်ကို တန်ဖိုးထားနိုင်ရင် အဲဒီလူကို စိတ်ချမ်းသာအောင်ထားမိမှာပဲလေ အဲဒီတော့ စိတ်ချမ်းသာမှုထဲမှာ အကုန်ပါသွားပြီပေါ့ ဟီးးးးးးးးး အဲဒီလိုကပ်သီးကပ်သပ်တွေးတာ တစ်ခါတစ်ခါ ပြီးပြည့်စုံပြီးတဲ့ဘဝမှာ မပျော်နိုင်တဲ့သူတွေကို တွေ့ရလို့ ပါ။ ငွေနောက်လိုက်ပြီး မိသားစုကို ဂရုမစိုက်နိုင်တော့တဲ့သူနဲ့ ငွေကြောက်ပျက်သွားတဲ့ မိသားစုလေးတွေကို တွေ့မိလို့ ပါ။

    ReplyDelete