Tuesday, September 14, 2010
မမျှော်လင့်မိသော်လည်း
အခန်းထဲတွင်လူစုံနေသော အစည်းဝေးခန်းမထဲသို့  ညိမ်သက်ခြင်းနှင့်အတူ ဝမ်းနည်းမှုခံစားချက်တချို့ ခံစားမိနေကြသည်။ ထိုချိန် ညှိုးငယ်နေသော မျက်နှာဖြစ် ဝင်လာသောသူဋေးမျက်နှာမှာ အစည်းဝေးခန်းမတွင် ရှိနေသူများအဖို့  စိတ်မချမ်းမြေ့စရာများဖြစ်ပြည့် နှက်နေလေသည်။
သူဋေး၏ မျက်ရည်မကျရင်ထဲမှ ခံစားချက်အပြည့်နှင့်ထွက်လာသော တုန်ရီနေသောအသံတို့သည် ဝန်ထမ်းများအားလုံး၏ရင်ထဲတွင် စူးရှစွာခံစားနေမိသည်။ လုပ်ငန်းခြေနေမကောင်းတော့သောကြောင့်နောင် လာမည် ၂ လအတွင်းအလုပ်ရပ်နားရတော့ မည်ဖြစ်ကြောင်း ကြေငြာလိုက်မှုကြောင့်အားလုံး ငြိမ်ကျသွားလေသည်။
အစည်းဝေးပြီးသည်နှင့် တစ်ယောက်တစ်မျိုးစကားသံများကြားတွင် သူမတစ်ယောက် ခြေကုန်လက်ပန်းကျကာ မည်သူမှနှင့်စကားမပြောနိုင်တော့ ငြိမ်သက်စွာ ဘာမဆက်မလုပ်နိုင်တော့ပဲ ထိုင်နေမိသည်။ နောင် ၂ လတွင်း အလုပ်ရှာချင်စိတ်လည်းမရှိ ဒီအလုပ်လေးပေါ်မှာ သူမ အမ်စီ တစ်ရက်မှမယူပဲ ကြိုးကြိုးစားစားလုပ်ခဲ့ဖူးသော သူမတကယ် ချစ်မြတ်နိုးရသော ဒီအလုပ်ကလေးကို သုမခွဲခွါမသွားချင်သော်လည်း အခြေနေက စီမံလာမှတော့ သူမဘာတက်နိုင်မည်နည်း။
နံနက်စောစော စားပွဲတွင် ပန်းသီးတစ်လုံးတင်ထားလေ့ရှိသော အခန်းသန့်ရှင်းရေးလုပ်ပေးတဲ့အဖွား နေ့လည်စာတူတူစားနေကျ သူငယ်ချင်းများ တစ်ဦးကိုတစ်ဦး လေးစားမှုလေးတွေနဲ့ဆက်ဆံတတ်တဲ့ ဝန်ထမ်းများအားလုံး လူသားချင်းစာနာနားလည်ပေးတတ်တဲ့ သူဋေး ၊ အားလုံး၏မျက်နှာများကို မျက်လုံးထဲမြင်ရောင်လာမိပြီး ဘယ်လိုမှ အလုပ်သစ်လျှောက်ရန် စိတ်မပါတော့ပေ။ ဒါနဲ့ သူမဆုံးဖြတ်လိုက်သည် နောက်ဆုံးခရီးထိအတူဖြတ်သန်းချင်မိသည်။ အလုပ်ထွက်တော့မည့် စီနီယာများကြောင့် စိတ်မကောင်းစွာနှင့် ငေးကြည့်မိရင်း ရှိတဲ့အင်အားလေးနဲ့ နောက်ဆုံးခြေနေထိ အကောင်းဆုံးဖြတ်ကျော်သွားဖို့ ရဲရဲဆုံးဖြတ်မိသည်။
ဒီလိုနေ့ တစ်နေ့ရောက်လာတော့မည်ကို ကြိုတင်ပြင်ဆင်ထားသောသော်လည်း တကယ်တမ်းလက်တွေ့ ရောက်လာသည့်ချိန်တွင် ရင်တွေအရမ်းခုန်ပြီး စိတ်တွေ အသံတွေတုန်ရီနေပြီဖြစ်သည်။ မိမိတာဝန်များအ ကောင်းဆုံးဖြစ်အောင်လုပ်ပေးပြီးသော်လည်း ဖြစ်လာသမျှအခက်ခဲများကို အကောင်းဆုံးဖြေရှင်းရန်သာရှိတော့သသည် ဖြစ်သမျှအကြောင်းအကောင်းဟုတွေးကာ သူဋေးပေးလာသည့်စာကိုယူကာ ဒါနောက်ဆုံးရုံးဆင်းတဲ့နေ့များဖြစ်နေမလား ဆက်မတွေးချင်တော့ပဲ အတွေးတွေကို ရှောင်ကာ စာကိုအိပ်ထဲထည့် အရာအားလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဘာမှမစဉ်းစားတော့ပဲ အိမ်ကို နာကြင် ချင်းအပြုံးချို့ နဲ့အတူဝင်ခဲ့ပြီ။
တစ်ကိုယ်လုံးမလှုပ်ချင်တော့ပဲ သူမ၏မျက်နှာ မည်သူမှမမြင်အောင် အိမ်ယာထဲတွင် ဆောင်ခေါင်းချုံ ကာမှောက်အိပ်နေလေတော့သည်။နောက်တစ်နေ့စနေသူမလုပ် စရာ ရှိသော တစ်ပတ်စာ အဝတ်များလျှော်ဖွတ် သခြားလုပ်စရာရှိသည်များ လုပ်ရင်း မေ့မေ့ပျောက်ပျောက်ဖြစ်အောင်နေပြီး တစ်နေ့တာ ဖြစ်သန်းခဲ့သည်။ တနင်္ဂနွေ ညနေပိုင်းသူမ နက်ဖြန်ရင်ဆိုင်ရတော့ မည့်စာကို ထုတ်ဖတ်ရတော့မည်။ သူမ သတ္တိကိုမွေးပြီး စာကိုမရဲတရဲ ဖောက် လိုက်မိသည်။ ဆက်ဖတ်ဖို့ မျက်လုံးက မရဲပေ စာများစုပြီးသာမြင်ရပြီး ဘာရေးထားသည်ကို အာရုံစိုက်ပြီး တစ်လုံးချင်းမမြင်ရချေ။ သို့ သော် နက်ဖြန်အခြေနေကို မဖြစ်မနေရင်ဆိုင်ရတော့မည့်ခြေနေတွင် သူမဖတ်ကိုဖတ်ရတော့မည်။ စာဖတ်ကြည့်ပြီး တချက်ပြုံးကာ ဘုရားမျက် နှာတော်ကို တစ်ချက်ငေးကြည့်ရင်း ကျေးဇူးတင်မိသည်။
၇ ရက်သားသမီးများအားလုံး ဘေးရန်ကင်းကွာလို့ စိတ်အေးချမ်းတဲ့အပြင် ဘဝရည်မှန်းချက်များအမြန် အောင်မြင်ပါစေရှင်းးး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
10 comments:
  1. မိုးရေ....တကယ့်အပြင်က အလုပ်အကြောင်းကိုရေးထားတာလား....အလုပ်က အဆင်မပြေဘူးလား....မိုးကနေနိုင်လိုက်တာ....
    လူချင်းတွေ့တော့လည်း ဂျင်းတို့ကိုလည်းဘာမှမပြောဘူး....
    အကျိုးအကြောင်းအစုံအလင်ပြောပြဦးလေ....
    အီးမေးလ်ဖြစ်ဖြစ်ပို့ပါဦး....
    ဒါမှမဟုတ်လည်း တွေ့တဲ့နေကျ ပြောပြနော်
    စိတ်ပူနေတဲ့
    ဂျင်း
    ReplyDelete
  2. အင်းလေ
    အစ်မ
    တကယ်လား
    ဘာလဲ ရှေ့ဆက်ပြီး
    ပြောပါဦး
    ReplyDelete
  3. အစစအရာရာ အဆင်ပြေပါစေ
    မမိုးရေ.....
    ReplyDelete
  4. မိုးရေ... မဇွန်တို့ကို အကျိုးအကြောင်းလေးတော့ သိရအောင် ပြောပြပါဦး။
    မြန်မာစာဆရာမ စာလုံးပေါင်းတွေ မှားနေတယ်နော်။း)
    (ငြိမ်သက်၊ သူဌေး၊ နာကျင်ခြင်း)
    ReplyDelete
  5. ဟုတ်မဇွန် စာလုံးပေါင်းပြင်ပေးတာကျေးဇူးပါ။
    စိတ်ပူအောင်လုပ်မိသွားပြန်ပြီး အခုအားလုံးတည်ငြိမ်နေပါပြီ အလုပ်ဆက်လုပ်နေရတုန်းပါ မမ၊ ဂျင်း ၊ ခါးခါး အားလုံးစောတီးနော် စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ် ညီမအမတို့ ရေးး
    ReplyDelete
  6. မမိုး... အခုလုပ်နေတဲ့အလုပ်က ဖြစ်နေတာကိုးရေးထားတာလား..း((.. ဒါဆိုရင် အလုပ်ထပ်ရှာရဦးမှာပေါ့... ဟင်း..... စိတ်ညစ်စရာကြီးနော်....း(((
    ReplyDelete
  7. ဟင်.....စာထဲမှာ ဘာပါလဲဗျ...။အလုပ်အခြေအနေရော....။အဆင်ပြေပါစေနော်။
    ReplyDelete
  8. ကြည့်ရတာ စာထဲမှာ အခြေအနေကောင်းပုံရတယ်..
    အလုပ်အပေါ် စေတနာထားသူကို သူဌေးကလည်း ငဲ့ညှာမှာဖြစ်သလို ကိုယ့်စေတနာကလည်း အကျိုးပေးမှာပါညီမလေးရယ်
    အစစ အဆင်ပြေပါစေနော်...
    ReplyDelete
  9. မမိုး အစစ အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါတယ်။
    ReplyDelete
  10. မမိုး ဘာတွေဖြစ်နေတာလဲဗျ ... ကျွန်တော့်ကိုလည်း ဆက်သွယ်ပါအုန်း ...
    ReplyDelete