Friday, September 17, 2010
မျှော်လင့်မထားတဲ့အချိန်
မမျော်လင့်မိသော်လည်းပိုစ့်ကို ဖတ်ပြီး စိတ်မကောင်းဖြစ်သွားကြတဲ့ သူငယ်ချင်း မိတ်ဆွေများဖြစ်ကြသော အကို အမ မောင်ညီမ လေးများအားလုံးကို တောင်းပါတယ်နော်။ မိုးဆိုလိုတာကို အားလုံးနား လည် အောင်မရေးတတ်ဖူးဖြစ်သွားမိတယ်။ မိုးမှန်း မသိ အောင်ရေးတာကပေါ်သွားပြီး မိုးဆိုလိုတာကြတော့ နားမ လည်လိုက်ကြဖူး ဒါပေမဲ့ မမချောတစ်ယောက်တော့ မြင်မိသွားပါတယ်။ တကယ်တော့ စာထဲမှာပါတာ သတင်း ကောင်းပါ။ မျှော်လင့်မထားတဲ့ အချိန်မှာ မမျှော်လင့်ပဲ ဖြစ်ဖြစ်လာတတ်တာ မိုးဘဝရဲ့တစ်လျှောက် လုံး ဒီတိုင်း လေးဖြတ်သန်းခဲ့ဖူးပါတယ်။ အဲဒီလို အခက်ခဲကြုံတိုင်းလည်း သူငယ်ချင်းတွေမှမဟုတ်ပါဖူး မိုးမိသား စုဝင်တွေကိုတောင် မပြောပြတတ်တာပါ။ ဒါပေမဲ့ အားလုံးတည်ငြိမ်သွားရင်တော့ ကိုယ့်ရဲ့ဝမ်းသာ စရာ လေးတွေကို အားတက်စေဖို့ တွက် ပြန်ပြောပြတတ် ပါတယ်။ အဲဒါမိုးရဲ့ ငယ်ငယ်တည်းက အကျင့် စရိုက် လေး တစ်ခုပါ။
နောက်မိုးက မောင်နှမတွေမှာအကြီးဆုံးဆိုတော့ မိုးဘာလုပ်လုပ် မိုးဆီကတုယူကြတာဆိုတော့ မိုးအမြဲသတိထားနေထိုင်ရပါတယ်။ သူတို့လေးတွေ စိတ်ဓါတ်မြင့်တင်ပေးဖို့ တွက် ကိုယ်ကစအရင်စိတ်ဓါတ် မကျဖို့လိုတာပေါ့။ တကယ်တော့ မိုးကစိတ်ဓါတ်အရမ်းကြီးတော့ မကြံခိုင်ပါဖူး။ မိုးလည်း လူသား တစ်ယောက်ပဲ ခံ စားတတ်တာပေါ့။ အခက်ခဲတွေ့ရင် အရင်ဆုံးမျက်ရည်ကစကျတော့တာပါပဲ။ ဒါပေမဲ့လည်း မိုးတောင် စိတ်မချမ်းသာရင် မိသားစုတွေကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ဆိုတာ မလွယ်တော့ဖူးလေ။ ဒါကြောင့် အခန်းကိုတံခါးပိတ် ကြိုက်သလောက်ငိုပြီးရင်တော့ အားအင်အသစ်နဲ့ ရှေ့ဆက်ဖို့ ကြိုးစားတော့တာပါပဲ။ တစ်ခါတစ်ခါ မိုးက အေးစက်လွန်းလို့ ညီမတွေကပြောပါတယ် ဒီလောက်အရေးကြီးနေတဲ့ချိန်တောင် မမိုးကအေးဆေးပဲလို့ ပြောရင် မိုးဘာမှမပြောပဲ ပြုံးမိခဲ့တယ်။ တကယ်တော့ အဲဒီချိန်မှာ မိုးရင်ထဲအပုချိန်မှာ ရေခဲမှတ်အောက်ကျသွားတာနေလိမ့်ထင်ပါတယ်။
တကယ်တော့ အဲဒီချိန်တုန်းက မိုးအဖေနိုင်ငံခြားကပြန်ရောက်တဲ့အချိန် အဖေငွေတွေအားလုံးလိမ်ခံရတော့ အဖေကျန်းမာရေးလည်း ထိခိုက်ပြီးအဖေကိုဆုံးရှုံးရတော့မဲ့အချိန်ပေါ့ မိုးလည်းကျောင်းမပြီးသေးဖူး မိဘလုပ်ကိုင်မိုးလည်းလုံးဝနားမလည်သေးတဲ့အချိန်ပေါ့ ဒါပေမဲ့ အဖေအိပ်ယာထဲလဲနေချိန် မိုးအကြီး ဆုံးလေ မိုးဘာမှမလုပ်တတ်ပေမဲ့ အဖေလုပ်ငန်းတွေလိုက်လုပ်ပေးရင်း အဖေ့ကိုလည်း တစ်ဖက်က ဆေးကုရင်း တခြား သူတွေတက္ကသိုလ်ကျောင်းသားဘဝရဲ့ပျော်ရွှင်တဲ့ချိန် မိုးတစ်ယောက်ကျောင်းတစ်ဖက် မိဘအလုပ်တစ် ဖက်နဲ့ ဗျာများနေချိန်ပေါ့။ အားလုံးအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့အချိန်မကျခင်ထိတော့ မိုးတော် တော်ပင် ပန်းခဲ့ပါတယ်။ စိတ်မောလူမောပေါ့ ဒါပေမဲ့ မိုးတစ်ယောက်တည်းနဲ့ အကောင်းဆုံးအောင်မြင်အောင်လုပ် ခဲ့တဲ့ပေးခဲ့တယ် အဲဒီချိန်ဘဝမှာတော်တော် ပျော်ခဲ့ဖူးတယ် ကိုယ့်မိသားစုကိုတက်နိုင်သလောက် တာဝန် ထမ်းနိုင်ဖို့ အခွင့်ကြုံခဲ့လို့ပါ။
မိုးအမှန်တိုင်းဝန်ခံရရင် မိုးအဖဆီကလုပ်ငန်းတွေလိမ်ခဲ့သူတွေတော်တော် မုန်းမိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အားလုံးပြီးမိုး အောင်မြင်လာတဲ့ အချိန်မှာ သူတို့ကိုရင်ထဲဘာမှမရှိတော့တာတော့အမှန်ပဲ။ လောကမှာ သင်ခန်းစာကောင်းကောင်းတစ်ခုရလိုက်တယ်လို့ ပဲသတ်မှတ် မိပါတယ်။ တကယ်တော့ အခက်ခဲဆိုတာရှိလို ကိုယ့်အရည်သွေးတွေတက်ခဲ့တာပါ။ နောက်ပိုင်းအခက်ခဲတွေနဲ့တွေ့တိုင်း အရာရာရင် ဆိုင်ရဲလာတဲ့ သတ္တိတွေရှိလာပါတယ်။ ဒါကြောင့် တွေကြုံလာသမျှကို ကိုယ်ဘဝရဲ့သင်ခန်းစာကောင်းတွေလို့ နားလည် ပေးလိုက်မယ် ဆိုရင် အမုန်းတရားတွေက ကင်းဝေးသွားမှာပါ။ ဘာဖြစ်ဖြစ် အခက်ခဲဆိုတာ ဘဝရဲ့အောင်မြင်မှု လှေခါးထစ်လေးတွေပါ။ အောင်မြင်ဖို လှေခါးတွေကိုမှ ကိုယ်ကမတက်မိရင်တော့ အောင်မြင်မှုနဲ့ဝေးရမှာပေါ့။ ကိုယ်တောင်အောင်မြင်အောင်မလုပ်နိုင်ရင်ကိုယ့်မိသားစုပတ်ဝန်းကျင်ကိုအောင်မြင်အောင်လုပ်ဖို့ ဆိုတာဝေး သွားပြန်ရော။ဒါတွေစဉ်းစားမိရင် နောက်ဆုတ်ချင်စိတ်ဆိုတာလုံးဝရှိတော့မဟုတ်ဖူးလေနော်.....
၇ ရက်သားသမီးများအားလုံး ကျန်းမာရွှင်လန်းပြီး ဘဝရည်မှန်းချက်များအောင်မြင်ပါစေရှင်း
သာယာချမ်းမြေ့ပါစေနော်
မိုး
10 comments:
  1. မိုးရေ....ဂျင်းတို့မိသားစုလည်း အဲဒီလိုငွေတွေ အကြီးအကျယ် အလိမ်ခံခဲ့ရဘူးတယ်။ ဟုတ်တယ်.... ငယ်ငယ်တုန်းကတော့ အဲဒီသူတွေကို တော်တော်မုန်းခဲ့မိတယ်။ တစ်ခုခုပြန်လည်တုံ့ပြန်ချင်ခဲ့တယ်။ ဒါပေမယ့် အဲဒီစိတ်တွေက ကိုယ့် ရင်ထဲမှာသိမ်းထားတာနဲ့အမျှ ကိုယ့်ကိုအရင်ပူလောင်စေခဲ့တယ်။ တဖြည်းဖြည်းနဲ့ ''သြော်....သူတို့ပြုတဲ့ကံက သူတို့ကိုအကျိုးပေးမှာပဲ။ ဒီဘ၀မှာ ကိုယ်ဒီလိုကြုံရတာလဲ အရင်ဘ၀တုန်းက ကိုယ့်မိသားစုက သူတို့ကို ပေးဆပ်စရာ ရှိလို့ပဲ နေမှာပါ'' ဆိုပြီး ကိုယ့်စိတ်ကို ကိုယ်ပြင်လိုက်ပြီး အငြိုးတွေ အာဃာတတွေကို ရင်ထဲကနေ သင်ပုန်းချေတဲ့အခါ ကိုယ့်မှာအရမ်းအေးချမ်းသွားတယ်။ သူတို့ကြောင့် ဘ၀မှာ အခက်အခဲတွေကြုံခဲ့တယ်။ အဲဒီအခက်အခဲတွေကို ကိုယ်က အောင်မြင်အောင် ကျော်ဖြတ်ဖို့ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ဘ၀မှာ တော်ရုံတန်ရုံအခက်အခဲဆိုရင် မကြောက်တတ်တော့ဘူး။ ပြန်တွေးကြည့်တော့ သူတို့ကိုတောင် ကျေးဇူးတင်ရဦးမယ်ထင်တယ်။း)
    ReplyDelete
  2. ဘ၀မှာ အခက်အခဲအများကြီး ကြုံတွေ့ရတဲ့သူတွေဟာ ဘ၀ကိုသက်သောင့်သက်သာ ကျော်ဖြတ်ခဲ့ရသူတွေထက် ရင့်ကျက်တဲ့သူတွေ ဖြစ်လာတတ်ကြတယ်
    ညီမလေးနဲ့တူတာက အစ်မလဲ မောင်နှမထဲမှာ အကြီးဆုံးပါဘဲ
    ကိုယ်က အနေအထိုင်မှန်မှ ကိုယ့်အောက်က အငယ်တွေကို ရှေ့ဆောင်လမ်းပြ ဆိုဆုံးမလို့ ရမယ်ဆိုတာ သိပ်သေချာတာပေါ့။
    အနေအထိုင်မှာ စံပြဖြစ်သင့်သလို စိတ်ဓာတ်ရေးရာမှာလည်း ဦးဆောင်မှု ရှိနိုင်ရမယ်လေ.
    စိတ်ထားကောင်းတဲ့ ညီမလေး ရှေ့ဆက်ပြီး အောင်မြင်စွာနဲ့ ဘ၀ကို တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေနော်.
    ReplyDelete
  3. အမေ့ရဲ့ ညီမ ရဲ့ အလိမ်ကို ငွေနဲ့ပတ်သက်ပြီးကောင်းကောင်းကြီး အလိမ်ခံဖူးပ။
    စိတ်မကောင်းဖြစ်တဲ့၊စိတ်ပူတဲ့လူတွေကို ဒီလောက်နဲ့တော့ တောင်းပန်လို့ရဘူးဗျ။
    မုန့်လေး၊ကာဖီ လေးနဲ့မှ ရမှား)
    ReplyDelete
  4. ဟုတ်ပါတယ်။ ဘယ်အရာကိုဘဲဖြစ်ဖြစ် ခေါင်းဆောင်လုပ်တော့မယ်ဆိုရင် စိတ်ဓါတ်ကြံ့ခိုင်ဖို့ လိုပါတယ်။ မဖြစ်နိုင်ရင်တောင်မှ ကိုယ် စိတ်ဓါတ်ကျနေတာကို သူတို့ရှေ့မပြသင့်ပါဘူး။ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်ပါ။
    ဘ၀မှာ မမှားခဲ့ဖူးတာ၊ မဆုံးရှုံးခဲ့ဖူးတာ ဘယ်သူမှ ရှိမယ်မထင်ပါဘူး။ နိယာမတစ်ခုပေမို့ ကြုံတွေ့ရစမြဲပါ။ လျောက်မဲ့လမ်းကိုသာ ဖြောင့်ဖြောင့်လျောက်ဖို့ လိုတယ်လေ။
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    ReplyDelete
  5. အဲ အလိုမျိုးတွေကတော်တော်ဆိုးတယ်ဗျာ နည်းနည်းပါးပါး
    လုပ်တာက တော်သေးတယ်ဗျ တစ်ချို့ ကသူများဘ၀ရော
    အနာဂါတ်ပါ ပျက်သွားအောင်လုပ်တာတွေကတော့ဆိုးပါ
    တယ်ဗျာ ဘာဘဲဖြစ်ဖြစ် မိုး အောင်မြင်လာတယ်ဆိုတာတော့
    ဘဲလို့ မြင်ပါတယ် . . .
    ReplyDelete
  6. ဒီလိုပဲပေါ့ အစ်မရ ....
    အခက်အခဲဆိုတာ တက်လမ်းအတွက် ဆေးပါပဲ ..
    လူသားတွေက သာမန် အခြေအနေမှာဆို ပြောင်းလဲဖို့ရာ ခက်ပါတယ် .. အခက်အခဲတွေ့မှာသာ ပိုပြီးအောင်မြင်တတ်တယ်ဗျ ...
    ကျွန်တော့လည်း အဲလိုပဲ ခံယူထားပါတယ် ..
    ReplyDelete
  7. ဖြစ်ပျက်ခဲ့တာကို ကိုယ်ချင်းစာမိပါတယ်၊ ဘာလိုပဲဖြစ်ဖြစ်အောင်မြင်ခဲ့တာကိုပဲ အပြုသဘောကြည့်နိုင်ခဲ့တာ မိုးသာသွားတဲ့အချက်ပါပဲ၊
    ReplyDelete
  8. မိုးရေ.... ခုတလောအလုပ်တွေရှုပ်နေလို့ အလည်လာတာ နောက်ကျသွားတယ်နော်။ ဆောတီးဗျို့။ အစဉ်ပြေသွားပြီဆိုတော့ ဝမ်းသာစရာပဲပေါ့။
    ခင်တဲ့ ( ချိုကျ )
    ReplyDelete
  9. အလုပ်တဘက် ကျောင်းတဘက်နဲ့ ဗျာများနေမဲ့ ငါ့ညီမလေး သနားပါတယ်။
    အခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင် ခဲ့တဲ့ ငါ့ညီမလေး တော်လိုက်တာ။ ရင့်ကျက် တည်ငြိမ်နေတဲ့ ငါ့ညီမလေး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်လာ ပါစေလို့ အစ်ကို ဆုတောင်းပေးလိုက်ပါတယ်။
    ReplyDelete
  10. သောစေယျံSeptember 28, 2010 at 11:00 AM
    မမိုး လာလယ်တယ်နော် မမိုးတကယ်တော်ပါတယ် နောက်လဲဒီထက်တော်အောင်ကြိုးစားနော် မမိုးရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်က တကယ်အတူယူစရာကောင်းပါတယ် ဒါကြောင့်မမိုးရေးတဲ့စာတွေအမြဲလဲဖတ်ချင်ပါတယ် ဖတ်ချင်လို့လဲ မမိုး blogကို ကျွန်တော့စီမှာ လင့်ချိတ်ခွင့်ပြုပါ
    http://soceyam.blogspot.com/
    ReplyDelete