မိုးငယ်ငယ်က သူငယ်တန်းတုန်းကပါ အဲဒီချိန်တုန်းက ဆံပင်ညှက်ဆရာတွေက အိမ်တိုင်ရာ ရောက်လာ ညှက်တာ ရှိပါတယ်။ မိုးမှတ်မိတာတော့ အဘိုးအရွယ်လို့ ခေါ်လို့ ရတဲ့ အဖိုးတစ်ယောက်ပါ ဆံသ ဆိုတဲ့လက် ဆွဲသတ္တာနဲ့လာတတ်ပါတယ်။ တနေ့ပေါ့ အိမ်က ဆံပင်ရှည်နေတော့ ဆံပင်ညှက်ဆိုင်လိုက်ပို့ ဖို့ မအားတာနဲ့ အဲဒီအဖိုးကို ခေါ်ညှက်လိုက်လိုက်ပါတယ်။ သာမန်အားဖြစ်က ညှက်နေ ကျပုံအတိုင်း တိုအောင်ညှက်လိုက်တာ ကများပါတယ်။ ဒါနဲ့ အမြဲညှက်နေကျမဟုတ်တော့ အဖိုးက ဘာပုံညှက်ရမလဲမေးတော့ အိမ်ထဲမှာ အဒေါ်တွေက အလုပ်ရှုပ်တာနဲ့ထွက်မလာဖြစ်ပါဖူး။ ဒါနဲ့ ဦးလေးကလည်းစာကျက်နေတာ ကနေလှမ်းနောက်လိုက်တာ ရှေ့ တစ်လက်မ နောက်ပြောင်ညှက်ပေးပါတဲ့။ ဒါနဲ့ အဲဒီအဖိုးက တကယ်ညှက်ပေးလိုက်တာပါပဲ။ ရက်စက်လိုက် တာနော် မိန်းခလေးကို နောက်တစ် ခေါက်ထပ်မေးသင့်တာပေါ့။ အဖိုးညှက်တာ မိုးလည်းမမြင်ရတော့ မသိဖူး နောက်ပြီးလို့ ငွေရှင်းတော့မှ အဒေါ်ကထွက်လာပြီး ညှက်ထား တာကြည့်ပြီး စိတ်တွေဆိုးသွားတော့မှ မသိဖူး လေ ပြောတဲ့အတိုင်းညှက်လိုက်တာဆိုတော့မှ ဦးလေက ထွက်လာကြည့်တော့မှ သူနောက်လိုက်တာတဲ့တ ကယ်ညှက်မယ်မှန်းမသိဖူးတဲ့လေ။ အဒေါ်ကတော့ ဦးလေးကိုဆူတာပေါ့ ဒါပေမဲ့တော့ မိုးမှာက ကတုံးတုံး လိုက်ရတာပေါ့။ ဒါကြောင့် မိုးက ငယ်ငယ်တည်းက အစအနောက်မသန်တတ်ဖူး။ စနောက်ရင်လည်း အတော်စိတ်ဆိုး တတ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေကြားထဲမှာ မိုးနဲ့ပေါင်းသင်းဆက်ဆံရေးမှာ အခက်ခဲရှိတာက စတာမ ကြိုက်တာပါပဲ။ နောက်မှ စိတ်ဆိုးတတ် တာ နည်းနည်းလျှော့သွားပြီး ကိုယ်က တစ်လုံးတစ်လေ လေများစလိုက် ရင် သူငယ်ချင်းတွေက စိတ်ဆိုးသွားပြန်ရောလေ။ မိုးကအမြဲ တည်တည်နေတော့ သူတို့ ကစတာလို့ မထင် တော့ပြန်ဖူးပေါ့ ။ အတည်ပြောတယ်ထင်ပြန်ရော။ ဒီတော့ မိုးလည်း စနောက်ရမှာ လန့်လာ တယ်။ မိုးက ရီစရာတွေသိပ်မပြောတတ်ပေမဲ့ မိုးရဲ့အဖြစ်ပျက်လေးတွေ ရီစရာတွေဖြစ်နေပြန်ရောလေ။ အိမ်မှာကလည်း အားလုံးက စတာ နောက်တာမရှိဖူး တည်တည်ကြီးတွေဆိုတော့ စနောက်မကြိုက်ကြဖူး ဒါပေမဲ့ တစ်လုံးတလေတော့စတတ်ကြပါတယ်။ အိမ်မှာတော့ ဦးလေးအလတ်က မိုးကိုအမြဲတမ်းစတတ်ပါတယ်။ ရုပ်ရှင်ကြည့်လို့ ရုပ်ဆိုးဆိုးနဲ့ ပဲများများတွေဆို မိုးနဲ့တူတယ်လို့ စတတ်ပါတယ်။
တစ်ခါတစ်လေမှာ စတာနောက်တာက သူတပါးကိုထိခိုက်အောင်မရည်ရွယ်ပေမဲ့ ထိခိုက်သွားတာ မျိုးတွေလည်းရှိတတ်ကြတော့ အလွန်ကျွံစတာမကောင်းဖူးလို့ တော့ယူဆမိပါတယ်။ မိုး ဒုတိယနှစ်လောက်တုန်းကပါ ဆရာမပြောပြလို့ သိတာပါ။ ကျောင်းသားတစ်ယောက်က သူ့ သူငယ်ချင်းကို စာမေးပွဲအချိန်စရင်းကို နောက်ပြီး စနေနေ့ဖြေရမှာကို မဖြေရဖူး ပိတ်တယ်လို့ ပြောလိုက်တာ သူ့ သူငယ်ချင်းကိုယုံပြီးသွားမဖြေဖြစ်လိုက်ပါဖူး။ တချိန်ကလည်း ကျောင်းမှန်မှန်မတက် အချိန်ဇယားတောင်မရှိ ဖုန်းနဲ့ပဲပြောဆိုကြတော့ အခြေနေက တစ်နှစ် အောက်သွားရတာပါပဲ။ ဒါကြောင့် ပြောရမယ်ဆိုရင် မိုးစနောက်ရမှာကြောက်ပါတယ်။
ပေါ့ပေါ့ပါးပါးစနောက်ခြင်းကအကြောင်းမဟုတ်ပေမဲ့ လူတစ်ယောက်တွက် ထိခိုက်သွားမှာ အနည်းဆုံးစိတ်ထိခိုက်သွားမှာလည်း စိုးရိမ်လို့ ပါ။
တစ်ခါမိုးကြားလိုက်တာ အမကြီးတစ်ယောက်က သူ့ ကောင်လေးကို ဘူးသီးတူထုရုပ်တဲ့ အဲဒီအကိုကြီးခမျာ ရှက်ပြီး ကျွန်တော်ရုပ်ဆိုးတာ သိပါတယ် ဒါပေမဲ့ လူတွေရှေ့မှာတော့ ဒီလိုမပြောသင့်ပါဖူးဆိုပြီး ဝမ်းနည်းသွားတာကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါနဲ့ အမကြီးက စတာပါတဲ့လေ။ သီးခံလိုက်တယ်ဆိုပေမဲ့ လူတစ်ယောက်တော့ဝမ်းနည်းသွားရတာပါပဲလေ။
နောက် နေကျောက်ခဲမျက်လုံးတဲ့ ဒါနဲ့ မိုးကလည်း အမှန်တိုင်းပြောရရင် အထှာစကားတွေဆိုနားမလည်ဖူး မသိလည်းဘာမှမဖြစ်ဖူး ဆိုတော့ စိတ်လည်းမဝင်စားဖူးပေါ့။ ဒီလိုပဲတွေးမိပါတယ်။ နေကျောက်ခဲဆိုတာ မေးမိပါတယ် ထူးဆန်းနေလို့  ဒါနဲ့ အဲဒီအမက ဖြေပါ တယ် နေကိုကြည့်ရင်ကျောက်ခဲကို မြင်လို့ တဲ့လေ။ အော် လူတွေများ ရက်စက်လိုက်ကြတာလို့ တွေးမိပါတယ်။ လောကမှာ ဘယ်သူ ကမှအဆိုးမဖြစ်ချင်ကြပါဖူးလေ။ ကံကြမ္မာကြောင့်ဖြစ်လာတဲ့အရာတွေကို ကဲ့ရဲ့တာတော့ မကောင်းပါဖူး။ မိုးကတော့ ကဲ့ရဲ့တာတို့ အား နည်းသူကို အနိုင်ကျင့်တာတို့ ဆိုတော်တော်ကို မကြိုက်တာပါ။ လူတိုင်းမှာ အားနည်းချက်တွေကတော့ရှိမှာပါ သိသိသာသာမမြင်ရတာနဲ့ မြင်ရတာပဲကွာမယ်ထင်ပါတယ်နော်။
ခုတလော အလုပ်တွေကများပြီး စိတ်ပန်းလူပန်းပါပဲ မျက်လုံးကလည်းအောင့်နေတာကြောင့်စာမရေးဖြစ်တာပါ။
အလည်ရောက်လာတဲ့သူငယ်ချင်းမိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်နော်
အားလုံးဘေးရန်ကင်းလို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတဲ့အပြင်သာယာချမ်းမြေ့ကြပါစေရှင်းးးးးးးးး
မိုး