Thursday, January 6, 2011

မှတ်ချက်

သားရေ သားအိပ်တော့လေ ညနက်နေပြီ မနက်ကျောင်းတက်ရမယ်လေ...
ဟုတ်မေမေ သားဒီတစ်ခါနောက်ဆုံး လေ့ကျင့်ပြီး သားအိပ်မှာပါ။
အမေ့သားလေးဆွဲထားတာ လှလိုက်တာ ဒီပုံဆရာမကတော်ပေးမှာသေချာတယ်။ ကျောင်းကပြန်လာတာနဲ့ မိဘကိုဝိုင်းကူ ကျောင်းစာကိုလည်း ကြိုးကြိုးစားစားရှိတဲ့ ကျမသားလေးတစ်ယောက်ကြောင့် ကျမ ဘဝပြည့်စုံပါပြီ။

ကျနော် ကျောင်းရောက်တော့ ကျနော်ဆွဲထားသော ပထဝီလေ့ကျင့်ခန်းပုံ ဆရာမစားပွဲပေါ်သွားထပ်ပြီးလိုက်ပြီး ကျနော်"တော်"ဆိုတဲ့မှတ်ချက်လေး ရမှာကိုကြိုသိလို့ ပျော်နေမိသည်။

ဆရာမ အမှတ်ခြစ်ပြီး ပြန်ပေးချိန် ကျတော့သူငယ်ချင်းတော်ရသည့်တွက်ပျော်နေသည်။ ကျတော်ကြည့်လိုက်မိသည်။ ဒီပုံတောင်တော်ရတယ်ဆို ကျတော်လည်းကျိန်းသေတော်ပေါ့ တွေးရင်းပျော်နေမိသည်။

ကျနော်စာအုပ်ရလာပြီ ကျနော် အားရပါးရကြည့်လိုက်ချိန် အမှတ်မခြစ်ထားသောကြောင့် ကျနော် ဆရာမကို ထပ်မံသွားပြခဲ့သည်။
ဆရာမ ကျနော်ကို အမှတ်မခြစ်ရသေးဖူး။ မြေပုံကတ်နဲ့ ဆွဲထားလို့ အမှတ်မရကြောင်းကျနော်သိလိုက်တဲ့ချိန် ကျနော်ဘာမှပြန်မပြောပဲ ကျနော်ထွက်လာမိသည်။

သားလေး ကျောင်းကပြန်လာပြီလား မေမေကျနော့်လွယ်အိပ်ကိုယူကာ ကျနော်ပထဝီစာအုပ်ကို အရင်ဆုံးရှာပြီးကြည့်သည်။ သားဒီနေ့ဆရာမ မစစ်ဖြစ်ဖူးလား။
မဟုတ်ဖူးမေမေ စစ်ဖြစ်ပါတယ်။ ဒါဆို အမှတ်ဘာလို့ ပါမလာတာလဲသား...
ဆရာမက မြေပုံကိုကတ်နဲ့ဆွဲထားလို့ အမှတ်မပေးတာတဲ့...
))))အင်း(((( ဒါဆိုသားရှင်းပြရမှာပေါ့။ မေမေရယ် ဆရာမ ပြောလိုက်တဲ့စကားက သားတွက်ကောင်းဆုံး မှတ်ချက်ပဲလေ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Saturday, January 1, 2011

ချစ်ခြင်း နှင့် ခြစ်ခြင်း

“ ချစ်ခြင်း ” နှင့် “ခြစ်ခြင်း”

“ ချစ်ခြင်း ” နှင့် “ခြစ်ခြင်း” ကား

အသံတူသော်လည်း

အဓိပ္ပါယ် ခြားနားလှသည်။

“ ချစ်ခြင်း ” ၏ အနှစ်သာရကား

ပေါင်းစည်းခြင်း ဖြစ်၍

“ခြစ်ခြင်း” ၏ အနှစ်သာရကား

“ ပြိုကွဲခြင်း ” ဖြစ်သည်။

“ ချစ်ခြင်း ” သည်

“ ပြည့်စုံခြင်း ” ၌ အဆုံးသတ် ၍

“ ခြစ်ခြင်း ” သည်

“ပျက်စီးခြင်း ” ၌ နိဂုံးချုပ်သည်။

“ ချစ်ခြင်း ” သည်

အပြုသဘောကို ဆောင် ၍

“ ခြစ်ခြင်း ” သည်

အဖျက်သဘောကို ဆောင်သည်။

ကိုယ်၊ နှုတ်၊ စိတ်ဖြင့်

ကောင်းမှုကို ပြုခြင်းသည်

ကိုယ့်ကိုကိုယ် ချစ်ခြင်းဖြစ်သည်။

ကိုယ်၊ နှုတ်၊ စိတ်ဖြင့်

မကောင်းမှုကိုပြုခြင်းသည်

ကိုယ့်ကိုကိုယ် ခြစ်ခြင်းဖြစ်သည်။

အသင် စာရှုသူ…

သင့်ကိုယ်သင်

ယပင့်နဲ့ ချစ်မှာလား…

ရရစ်နဲ့ ခြစ်မှာလား…

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ဒီကဗျာလေးကို အရင်ကလည်းဖတ်ဖူးကြမှာပါ။

ကိုယ်တိုင်ကလည်း နှစ်သက်မိတဲ့စာပေဆို အထပ်ထပ်ဖြစ်နေတတ်တမျိုးဖြစ်တာကြောင့်

ပိုစ့်တင်ဖြစ်သွားတာပါ။နှစ်သစ်ကို ကိုယ၊် နှုတ၊် စိတ် ဖြစ် ချစ်ခြင်းတွေနဲ့ ကြိုဆိုကြပါစို့ လား။

မိုးစာရေးရင် အမြဲစာလုံးပေါင်းမှားလေ့ရှိတတ်တာ ပြန်ပြင်ရမှာလည်း ပျင်းတာဝန်ခံပါတယ်။

ဘလော့ရေးတာ တစ်နှစ်ပြည့်ပါပြီ။ ဒီတစ်နှစ်ပတ်လုံး သည်းခံဖတ်ပေးကြသော စာဖတ်မိတ်ဆွေမောင်နှမများအားလုံးကို အထူကျေးဇူးတင်ရှိကြောင်းပြောပါရစေ။

ဖြစ်နိုင်ရင်ကောင်းတာလေးတွေတွေး ပြော ဆုတောင်းပေးချင်မိပါတယ်။ နှစ်သစ်မှာ အရပ် ဆယ်မျက်နှာမှာနေ နတ်လူသတ္တဝါအားလုံး ဘေးရန်ကင်းလို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ… ။လောကမှာ ကောင်းဆိုးနှစ်ဖြာ အမြဲယှဉ်တွဲနေတာမို မမျှော်လင့်ပဲ အခက်ခဲများ တွေ့ ကြုံခဲ့မယ်ဆိုရင်လည်း အခက်ခဲမရှိ အောင်မြင်မှန်ကန်စွာဖြေရှင်းနိုင်ကြပါစေလို့ တောင်းဆုပြုပါတယ်။

အားလုံးသာယာချမ်းမြေ့ကြပါစေရှင်

မိုး

Monday, December 6, 2010

ကံ

တနေ့ သောညနေခင်းတစ်ခု ကလေး ၆ယောက်နှင့် မိန်းကလေးထံမျက်လုံးတစုံ အဆုံးထိလိုက်ကြည့်မိသည်။ ကလေးများထဲမှာ အကြီး မှာ ၁၀နှစ်ပင်မပြည့် အရွယ်အားဖြစ်သိပ်အကွာကြီးမဟုတ် အငယ်ဆုံးကလေးမှာ လမ်းလျှောက်တတ်စအရွယ် အဓိကတော့ အဲ့အငယ် ဆုံးကလေးကိုကြည့်မိရာကနေ အဆုံးထိလိုက်ကြည့်မိခြင်းပင် ကလေးငယ်မှာ ဖိနပ်မပါသလို သူ့ ကိုလက်ကိုင်ထားသူအမျိုး သမီးသည် ကလေး လျှောက်နိုင်လား ပြုတ်ကျမလား နည်းနည်းမှမစဉ်းစားပဲ သူ့ လူကြီးခြေလှမ်းများ ဖြစ်ကလေးလက်ကိုဆွဲကာ ကလေးကို တစ်ချက် မှငုံမကြည့်ပဲလျှောက်နေသော အမျိုးသမီး သည် သူ့ မိခင်လား ကျန်ကလေး ၅ ယောက် မှာလည်း ညစ်ပေပေဖိနပ်မပါ ဟော ကလေးငယ် လေး ကားလမ်းကူးနေပြီး တစ်ယောက်တည်း ကြည့်ရင်း ဘုရား ဘုရား ကြည့်ရင်းအသည်းယားလိုက်တာ အမလေး တော်သေးလို့  ကားသီသီလေးလွတ်သွားတာ။ ကလေးလက်ဆွဲထားသော အမျိုးသမီးမှာ သူ့ အလုပ်သူလုပ်နေသည် ကျန်ကလေးများကို လှည့်ပင် မကြည့် သူမငွေလိုက်တောင်းလို့ မရသော သူများကိုလည့်ထွက်သွားမည့်သူမဟုတ် ကျန်ကလေးများကို သူမတောင်းလို့ မရသူထံတွက် ထပ်မံသွားတောင်းရန် ကလေးငယ်တစ်ယောက်အား လက်တို့ လိုက်သည်။ ဒါကို ကလေး တွေရဲ့ရှေးကအကုသိုလ်ကံလို့ ပြောမလား။

**********************************************

ရှိုက်ကြီးတငင်ငင်ဖြစ် ငိုသံကြားရပြန်ပါပြီ။ ဒီသံအမြဲကြားရသည်။အသက် ၉ နှစ်သာသာ ကလေးမလေး အလုပ်လုပ်ရာတွင်လည်း သွက်လက်သလို သန့်သန့်ရှင်းရှင်း အရွယ်နဲ့ပင်မလိုက်အောင် တော်သည်။ သို့ သော် အမြဲအပစ်နှင့်မလွတ် ရိုက်ခံရသည်။ ရိုက်ပြီးလျှင် သနပ်ခါးပြန်လိမ်းခိုင်းထားခိုင်းသည့်အိမ် အရွယ်မရောက် သေးသော အိမ်ဖော်ကလေးမလေး ဒါလည်းသူ့ ကံပါပဲလား သားသမီးချင်း စာနာစိတ် ကင်းတဲ့ သူတွေကြည့် ရင်းး အော် ဒါဟာလည်း ကလေးမလေးရဲ့အကုသိုလ်ကံပဲလို့ ပြောမလား။

*********************************************

မွေးခါစရက်ပိုင်းလား ကလေးပုစိလေး သေးသေးလေးတွေ အို ကတ္တရာလမ်းပေါ်မှာ အနှီးလေး ခင်းပြီတင်ထား လို့  ကလေး၏ကိုယ်တွင် အနှီးများမလုံ လစ်ဟာနေ အို ဖြစ်မှဖြစ်ရလေ ကတ္တရာအောက်ကအပူငွေ့ အပ်ါက နေ အပူဒဏ် ဘယ်လိုများအသည်းနှလုံးနဲ့မိခင်ပါလိမ့် တောင်းနေပေမဲ့ ရက်စက်တဲ့သူမ၏အပြုမူ နှစ်စဉ်ပုံမှန် ဒီလိုမွေးနေကျဟု ကြားမိသောအသံကြောင့် အော်ဒါကလေးတွေရဲ့ ကံလို့ ပဲပြောတော့မလား။

*************************************************

မိုးလည်း "ကံ" ကံ ၏အကျိုးကိုယုံကြည်တဲ့သူတစ်ယောက်ပါ။ ကံနဲ့ ပက်သက်လို့ ပေါ့ အဆောင်မှာ စကားပြော ဖြစ်လို့ ပါ။ တစ်ယောက် နဲ့တစ်ယောက်က တွေးခေါ်တွေမတူတော့ အမြင်တွေလည်း ကွဲကြပါတယ်။ ညှင်းပန်းနှိပ်စက်ခံရသူတိုင်း ကံလို့ တော့မပြောလို့ မရဖူးမိုး တွေးပါတယ်။ ဒါနဲ့စကားက ပိုချဲ့သွားပြန်ရော ဒါနဲ့ မိုးကတစ်ခွန်းပြန်မေးမိတယ် ဒါနဲ့အဲ့အမမဖြေပေးနိုင်ခဲ့ဖူးလေ။ တကယ်တော့ ဆက်မပြောပဲရပ်လိုက်ကြတာပါ။
မိုးယူဆတာက သဘာဝ ဘေးအန္တရာယ်ကလွဲလို့ ပေါ့ လူသားချင်းစာနာတတ်တဲ့နှလုံးသားကိုယ်စီရှိ ကြမယ်သာဆိုရင်................လို့ တွေးကြည့်တာပါ။
(၇) ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းလို့ စိတ်ရောကိုယ့်ပါချမ်းသာကြပါစေ....
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Wednesday, December 1, 2010

မြင်ကွင်းတစ်စုံ

မိမိဇနီးပေါ်အမြဲပစ်တင်ပြောဆိုလေ့ရှိသော အဖိုးအိုတစ်ယောက်ပေါ်တွင် ဇနီးသည်အဖွားကမူအမြဲသည်းခံ တတ်သလို မိမိတာဝန်များ မပျက်ကွက်ခဲ့ချေ။ မိမိပေါ်အလွန်ချစ်မြတ်နိုးသည် ကိုသိသောကြောင့်လည်း အဖိုး တစ်ယောက် အဖွားကိုအမြဲအနိုင်ယူတတ်သလို မိတ်ဆွေပေါင်းများရှေ့ တွင်လည်း အဖွားအိုကိုအမြဲ ပစ်တင် ပြောဆိုနေကျ....

တနေ့ အဖိုးအဖိုး အဖွားဈေးမှာ မူးလဲလို့ ဆေးရုံရောက်နေပြီဟုအသံကြောင့် အဖိုးတစ်ယောက် ဆေးရုံအမြန် လိုက်သွားတော့သည်။ ကုတင်ပေါ်တွင်လဲနေသော အဖွားမျက်နှာကိုငေးကြည့်ရင်း ဒီတစ်ခါ အဖွားကြီး ဆေးရုံ ကဆင်းရင် ကောင်းကောင်းပြုစုမယ် သူ့ ကိုလည်းစိတ်ချမ်းသာအောင်ထားမယ်ဟု အဖိုးတစ်ယောက်ပြောနေ သည်။ ဘေးမှကြားရသူရင်ထဲတွင်တော့ ရင်ထဲမကောင်းလှချေ။

မလှုပ်ရှုားနိုင်တော့သည့် အဖွားကိုငေးကြည့်မိရင်း မျက်ရည်ဝဲမိသည်။ အဖိုးဒီစိတ်လေးကို အစတည်းကရှိရင် ဘယ်လောက် ကောင်းမလဲ တွေးမိသည်။အရာရာဟာနောက်ကျခဲ့ပြီ ၃ ရက်မြောက်နေ့ အဖွားဆုံးပြီ။ အဖိုးတစ် ယောက် မယုံနိုင် ညကတောင်အဖွား ကြီးငါဆီလာ သေးတယ်ဟု ပြောဆိုနေသောအဖိုးကို အားလုံးဝိုင်း နှစ်သိမ့် ပေးရင်း သားသမီးမရှိသော အဖိုးတစ်ယောက် ဝမ်းနည်း ကြေကွဲစွာခံစား နေရသည်။ အဖွားရက်လည်နေ့အဖိုး ပါရင်ကွဲနာကျပြီးသေဆုံးရရှာသည်။

ဘဝမှာ မိမိကိုအသက်သေဆုံးသည့်တိုင် မြတ်နိုးမှုတွေမလျှော့ပဲ သည်းခံတတ်တဲ့အဖွားပေါ် အမြဲအနိုင်ယူတတ် တဲ့အဖိုးတစ်ယောက်တွက် ဒီဇာပနလေးမှာ လူတိုင်းရင်ကို ကြွေကွဲစေခဲ့ပါတယ်။ မိမိပေါ်မြတ်နိုးတယ် ချစ်ခင် တယ် မခွဲနိုင်ဖူး ဒီတော့သည်းခံမှာပဲ သည်းခံရမယ်ဆိုတဲ့ စိတ်လေးတွေကြောင့် ကိုယ့်ပေါ်တစ်ဘဝ လုံးပေးဆပ် သွားတဲ့သူကို အဲဒီလိုအနိုင်ယူရက်သလားတွေးရင်း


တစ်ခါတလေ မြင်ကွင်းတွေကို ကိုယ်ကဘေးကကြည့်မြင်သူတစ်ယောက်နေနဲ့ မကြည့်ရက်ဖူး ဘာမှလည်းမဆိုင် တော့ ဝင်ပြောလို့ လည်းမရတဲ့အခြေနေ လူတစ်ဦးတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ခံစားချက်ယူဆ တွေမတူညီ နိုင်တာကြောင့် ရလဒ်တွေလည်း မတူညီ နိုင်ပါဖူး။ မိဘမောင်နှမဆွေမျိုးတွေက မိသားစုဖြစ်သလို ကိုယ်ထူ ထောင်လိုက်တဲ့ မိသားစုကလည်း မိသားစုတွေပါပဲ။ သူစိမ်းပဲလို့ မြင်လိုက်ရင်တော့ နွေးထွေးမှုရှိပါတော့မလား။ စာနာမှုမရှိ နွေးထွေးမှုမရှိမှတော့ မိသားစုစကားနဲ့ညီပါတော့မလား။ တစ်ယောက် တည်းတွေး ရင်းးးးးးးးးးးး

လူတစ်ယောက်ကိုသေခါမှ ကောင်းပါတယ်ချီးကျူးနေမယ့်အစား မသေခင်စိတ်ချမ်းသာအောင်ထားပေး နိုင်တာအကောင်းဆုံးလုပ် ဆောင်ခြင်းပါ။

လောကကြီးမှာရှိသော မိသားစုများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...

အားလုံးသာယာချမ်းမြေ့ပါစေရှင်း
မိုး

Saturday, November 27, 2010

ပန်းခင်းလမ်း



ထူးဆန်းလိုက်တာ အင်ကြင်းပန်းပင်တွေတစ်လမ်းလုံးဖူးပွင့်ဝေနေလိုက်တာများ အံ့အားသင့်ကြည့်မိနေစဉ် အဝေးတစ်နေရာမှာ အပင်တွေကို ပေါင်းသင်ရေလောင်းလုပ်နေတဲ့သူကိုတွေ့ မိလိုက်တယ်။ အံ့အားသင့် စွာကြည့်မိရင်း ရင်ထဲတစ်မျိုခံစားမိချိန် လန့် ခနဲ့ဖြစ်သွားမိတယ်။ သြော် ဒါအိမ်မက်ပါလားး

နံနက်စောစော တစ်လမ်းလုံးပန်းတွေပွင့်နေတာများ ဝေဆာလိုက်တာ ပန်းခင်းထဲရောက်သွားသလိုပါပဲ ဟောတော့ ပန်းတွေ ခေါင်းပေါ်ကြွေကျနေပြီး ပျော်လိုက်တာ ပန်းတွေတစ်ပွေ့ တစ်ပိုက်ကြီးကောက်ရင်း အော် ဟိုမှာလည်း နှင်းဆီပန်း ပန်းရောင်လေး တော့ ကြွေကျနေတာ ပန်းတွေအမြန်လိုက်ကောက်ရင်း လက်ထဲတွင်လည်း စံပါယ်ပန်းတွေပြည့်လို့  ဒီနေ့ဘာလို့ များ ပန်းတိုင်း ဟာဝေဆာပြီး ပွင့်နေတာပါလိမ့် ကြည့်လိုက်တော့လည်း ကိုယ်နဲ့ဝိုင်းကောက်မည့်သူမတွေ့  တစ်ယောက်တည်း အပြေး အလွှား လိုက်ကောက်နေမိတယ်။ လက်ထဲကစံပါယ်ပန်းကိုကြည့်မိရင် ဖျက်ကနဲ့လန့်သွားချိန် မိုးလင်းနေပြီပဲ....

ခုတလော ထူးဆန်းလိုက်တာ ပန်းတွေပဲအိမ်မက်ထဲမြင်မက်မိတယ်။ အိမ်မက်ဟာ အိမ်မက်ဆိုပေမဲ့လည်း သာယာတဲ့အိမ်မက်လေးဖြစ်လို့ ကြည်နူးမိပါတယ်။ အိမ်မက်ဟာ ကောင်းသောအတိတ်နိမိတ်ဆောင်ခဲ့မယ်ဆိုရင်လည်း အမိမြေကြီးမှာ မွေးရနံသင်းပျံစွာပွင့်မယ့် ပန်းတွေအမြန်သာပွင့်နိုင်ပါစေသားးးးး

(၇)ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းလို့ အေးချမ်းပါစေ...


သာယာချမ်းမြေ့ပါစေရှင်း
မိုး

Thursday, November 25, 2010

***လေးစားမိသော မိခင်မေတ္တာရှင်***

***အမေစု ဘေးကင်းပြီး သက်ရှည်ကျမ်းမာတဲ့အပြင် ကြိုးစားသမျှအမြန်အောင်မြင်ပြီး ချစ်သောမိသားစုလေးနဲ့ သာယာချမ်းမြေ့စွာဖြတ်သန်းနိုင်ရပါစေ***





မိခင်နှင့်မဆုံမှီက အမြန်ဆုံနိုင်ဖို့ တောင်းဆုပြုမိပါတယ်။
ဆုံတွေ့စဉ်ဓါတ်ပုံကိုကြည့်ပြီး မျက်ရည်တောင်ဝဲခဲ့မိပါတယ်။
ကျက်သရေရှိတဲ့ ဘုရားရင်ပြင်တော်ပေါ်က မြင်ကွင်းကို ဓါတ်ပုံနဲ့သာကြည့်ရပေမဲ့ ဝမ်းသာပိတိဖြစ်မိပါတယ်။
ခုတော့ မိသားစုလေးမခွဲအတူ ရှိစေချင်မိပါတယ်။ မိမိသားသမီးနှင့် တိုင်းသူပြည်သားတွေပေါ်မှာ တစ်သားတည်းချစ်နိုင်တဲ့
မိခင်မေတ္တာရှင် အမေစု ကိုယ်ရောစိတ်ပါကျမ်းမာလို့  ကြိုးစားမှုတိုင်း ဘေးအန္တာရယ်ကင်းရှင်းပြီး အောင်မြင်မှုပန်းတိုင်ကိုဆွတ် ခူးနိုင်တဲ့အပြင် ချစ်သောမိသားစုလေးနဲ့ အတူသာယာချမ်းမြေ့ပြီးစိတ်အေးချမ်းမြေ့မှုတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေရန် တောင်းဆုပြုလျှက်.....

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Thursday, November 4, 2010

B'Day

ကျေးဇူးတရားကြီးမားလှတဲ့ အနန္တော အန္တငါးပါး

နေရောင်ခြည်စွမ်းအင်လို အလင်းတန်းတွေ
ပေးဆပ်ခြင်းသက်သက်သာပေးတတ်တဲ့
အဒေါ်နှင့် ဦလေးများ

ရေလိုကြည်လင်အေးမြတဲ့မေတ္တာတရားတွေနဲ့
မောင်နှမများ

ညနေခင်းရဲ့နေရောင်ခြည်လေးသဖွယ် နွေးထွေးတဲ့
သူငယ်ချင်း မိတ်ဆွေများအားလုံးဟာ မိုးအသက်ရှင်နေသမျှ
မြတ်နိုးတန်ဖိုးထားပြီး ရင်ထဲမှာအမြဲရှင်သန်နေမှာပါ။

သီတင်းကျွတ်မှာ ပျော်စရာကောင်းတဲ့ မီထွန်းပွဲနှင့် ကန်တော့ခန်းလေးရေးမယ်လို့ စိတ်ကူးခဲ့ပေမဲ့ အကြောင်းကြောင့်တော့ မရေးဖြစ်ခဲ့သလို ဒီနှစ်မှာ လူကြီးတွေကိုလည်းလိုက်မကန်တော့ဖြစ်လိုက်ပေမဲ့ ဘုရားစင်ရှေ့ကနေပဲ ရည်မှန်းကန်တော့မိခဲ့ပါတယ်။ ခါတိုင်းတော့ ဘာလေးဝယ်ပြီးကန်တော့မယ် ကြိုတင်စီစဉ်တတ်ပေမဲ့ ကျင့်ဝတ်တွေပျက်ခဲ့မိပါပြီ။

ဒီနေ့တော့ မိုးကုသိုလ်လုပ်တာလေးမျှဝေပေးချင်လို့ ပါ။ ဘလော့လိုက်ဖတ်ရင်း လှူဖြစ်သွားတာပါ။ ဒီလိုလှူဖြစ်သွားရတဲ့ ဖတ်မိတဲ့ဘလော့ပိုစ်၊ ကူညီဆောင်ရွက်ပေးတဲ့ ဘလော့မောင်နှမတွေကို မိုးမရင်းနှီးတာရယ် ခွင့်ပြုချက်မတောင်းမိတာကြောင့်အမည်တပ်ပြီးကျေးဇူးမတင်မိပေမဲ့ ရင်ထဲကအထူး ကျေးဇူးတင်မိပါတယ်။

ဒီနေ့ စစ်ကိုင်းတောင်ရိုးမှာ အာရုဏ် ဆွမ်းကပ်လှူခဲ့ပါတယ်။ ဒါကြောင့် ဒီကုသိုလ်လေးကို မျှဝေးပေးချင် တာကြောင့်ပါ။ မိုးဘဝမှာ ကုသိုလ်များများမဟုတ်ပေမဲ့လို့ တတ်နိုင်သလောက်လေး မသေခင်လေး တော့ လစဉ်အနည်းကျဉ်းလုပ်ခဲ့မိသလောက် ကိုသိုလ်အစုစုကို မိုးနှင့်ထပ်တူထပ်မျှရစေ လိုသော ဆန္ဒရယ် သာဓုခေါ်စေလိုသောဆန္ဒရယ်ကြေင့် ဒီနေ့ပိုစ်လေးရေးဖြစ်မိပါတယ်။

အားလုံးမင်္ဂလာရှိသောနေ့ ရက်များကိုပိုင်ဆိုင်နိုင်တဲ့အပြင် ဘဝမှာလည်း စိတ်နှလုံးအေးချမ်း ပျော်ရွှင်တဲ့ကျမ်းမာပျော်ရွှင်မှုတွေနှင့်အတူ သာယာချမ်းမြေ့တဲ့ဘဝတွေကိုပိုင်နိုင်ပါစေရန် ဒီကနေ တောင်းဆုပြုလိုက်ပါတယ်ရှင်းးး
း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)

ps: တိုးတိုးလေးပြောမယ်နော် ဒီနေ့ မိုး B' Day