Tuesday, June 12, 2012

_/\_ ရခိုင်မြေ အေးချမ်းလုံခြုံမှုရပါစေ _/\_

ရခိုင်ပြည်ကြီးအမြန်ငြိမ်းချမ်းပါစေ…
မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ…
ရခိုင်ပြည်ကြီးငြိမ်းချမ်းအောင် စွမ်းဆောင်နိုင်ကြပါစေ…
ရခိုင်ပြည်ကြီးတွင် နောင့်နောင်ယခုလိုအိုးမဲ့အိမ်မဲ့ အဖြစ်ဆိုးမျိုး မဖြစ်ရလေအောင် အကောင်းဆုံးဖြေရှင်းနိုင်ပါစေ…

“အိမ်” ဟူသည်
နှလုံးသားတိုင်းမှီခိုရာဖြစ်သည်
“အိမ်” တစ်အိမ်ကိုမြင်လျှင် မိမိအိမ်ကဲ့သို့  မြင်မိကြပါစေ…
အမျိုးသမီးတစ်ယောက်ကိုမြင်လျှင် မိမိ မိခင်၊နှမ၊သမီးဖြစ်မြင်နိုင်ကြပါစေ…
အမျိုးသားတစ်ယောက်ကိုမြင်လျှင် မိမိ အဖေ၊အကို၊မောင်၊တူသားအဖြစ်မြင်နိုင်ကြပါစေ…

လူသားတို့ သည် မိမိတို့  ဘိုးဘွားမိဘမိသားစုများကို အရိုသေပေးတတ်ကြသလို အခွင့်သာလျှင် ကျေးဇူးဆပ်သောသဘောရှိသည်။ 
ထို့ အတူ မိမိနေထိုင်ရာ မြေ သောက်သုံးရာ ရေတို့ သူလည်း
မိမိအသက်ရှင်ရန် တထောင့်တနေရာမရှိမဖြစ် ကူညီပေးသော ဤမြေကြီးကိုကျေးဇူးမဆပ်သော်လည်း
ပျာကျအောင်လုပ်ရပ်များ လုံးဝကင်းစင်ပပျောက်သည့်ပြင် နောင့်နောင်ယခုလို ကိစ္စများ မဖြစ်ရလေအောင် လျှင်မြန်ပြင်းထန်စွာ ဖြေရှင်းနိုင်ပါစေ…

ရခိုင်ပြည်ကြီး ငြိမ်းချမ်းပါစေ….
ရခိုင်ပြည်ကြီးလုံခြုံမှုအမြန်ရပါစေ…
မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ…
အပြစ်မဲ့ ပြည်သူပြည်သားများဘေးရန်ကင်းပါစေ…
ပြည့်သူ့ နှလုံးတွေငြိမ်းအေးမည့် နေ့ အမြန်ရောက်ပါစေ…

ဆုံးရှုံးသွားသော အသက်အိုးအိမ်များတွင် ပါဝင်သူ မသူတော်အပေါင်းတို့ ကိုလည်း ပြင်းပြင်းထန်ထန်
ထိထိရောက်ရောက် ဖြေရှင်းနိုင်ပါစေ…

P.S  သမ္မတကြီး နှလုံးသားဖြစ် တစ်ချက်ကြည့်စေချင်မိပါသည်။
ဖြစ်ရပ်တွေဟာရိုက်ကွင်းမဟုတ်သော ခြောက်ခြားစရာအဖြစ်ဆိုးကြုံနေသော အပြစ်မဲ့ပြည်သူတွေပါ။
အမြန်ဆုံးကယ်တင်နိုင်ပါစေ….



မြန်မာပြည်အေးချမ်းပါစေ..
ရခိုင်တိုင်းရင်းသားများ ဘေးကင်းလုံခြုံပါစေ…
တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းပြီး လုံခြုံမှုရပါစေ…
မသူတော်များလည်း ကံသုံးဖြစ်ပြစ်မှားခြင်းများအမြန်ဆုံးရပ်နိုင်ပါစေ…
မသူတော်များကြိုးစားအားမှုများ အရာမထင်ပါစေနှင့်...
အမိမြန်မာတစ်ပြည်လုံးအေးချမ်းမှုအပေါင်းနှင့်ပြည့်စုံပါစေသား
မိုး









Wednesday, February 29, 2012

ဖေဖေကြီးး)




ဖေဖေကြီး
ဖေဖေ မေမေ မာပါစေ…
မေမေ့စကား အလေးထား
ဖေဖေ့စကား သမီလေးစား ငယ်ငယ်က ငယ်ဖူးခဲ့တာလေး။

တို့ ဖေဖေ အကြောင်း တို့ မေမေအကြောင်း ရေးရမယ်ဆို မိဘမရှိတဲ့သူတွေတွက် အားနာမိပါတယ်။ မိဘကျေးဇူးမြင့်မိုရ်ဦးတဲ့ စွန့်ပစ်ခံရတဲ့ သူတွေတွက် ဒီစကားသူတို့လေးတွေဘယ်လက်ခံလိမ့်မလဲ။ ဘာဖြစ်ဖြစ်လောကမှာ စိုက်တာမချစ်စု သီးတာရင်ကွဲဖြစ်စရာကြောင်းမရှိတော့ မိမိစိုက်တာ မိမိတွက်ပါပဲ။ ကောင်းကံပျိုးမိတော့ ကောင်းသောကံသီးနှံစားရတာပေါ့။ မိုးအမြဲစဉ်းစားမိတာပါ။ အဖေနဲ့ အတူရှိတဲ့နှစ် အလွန်နည်းခဲ့ပါတယ်။ ဘယ်ဘဝကများ သူများမိသားစု ခွဲတာလဲ အကောင် ပုစိလေးတွေအုံတွေကိုခွဲ မိတာ။အတိတ်အတိတ်ဘဝက ပြုခဲ့သောကံတွေကြောင့်ပဲလား။ မိဘမောင်နှနဲ့တကွဲတပြားဖြစ်နေရတာ။ တကယ်တော့ ဒီလမ်းကိုယ့်ဘာသာရွေးခဲ့မိတာပဲ။

ခုတလော မိဘနှစ်ပါးကို တအားသတိရနေမိပါတယ်။ ကြီးလာလေလေ မိဘတွေ ဘာမှမယ်မယ်ရရ ကျေးဇူးမဆပ်လိုက်ရပဲ တခုခုဖြစ်သွားမှာစိုးရိမ်မိတယ်။ မိုးငယ်ငယ်တည်းက ဟင်းချက်သင်တာကြီးလာရင်အဖ့ကို ထမင်းချက်ကျွေးမယ် ဆိုတဲ့ဆန္ဒ အဖေ့ကိုစားချင်တာလေးတွေချက်ကျွေးမယ် နေ့လည်မုန့်လေး တွေလုပ်ကျွေးမယ် ဒီစိတ်ကူးလေးတွေ တကယ့်လက်တွေမှာ လက်ချိုးတွက်လို့ ရသလောက်သာ ရှိခဲ့ဖူး ပါတယ်။ ဒီတခါရန်ကုန်ပြန်တော့ ကိုယ်တိုင်နေ့ တိုင်းချက်ကျွေးမယ်စိတ်ကူးခဲ့ပေမယ့် အပြင်အလုပ်တွေ လုပ်ရင်းသာ အချိန်ကုန်ခဲ့ပြီး အဖေနဲ့စကားတောင်ဝအောင်မပြောခဲ့ရဖူး။ ပင်ပန်းတိုင်းအဖေ့ ကိုသတိ ရတာမဟုတ်ပါဖူး။ အလုပ်ပင်ပန်းရင် အဖေလည်းဒီလိုပဲ ခံစားခဲ့ဖူးမှာပဲ စဉ်းစားမိတယ်။ အဖေတစ်ခါမှ ပင်ပန်းတယ်မပြောဖူးဖူး။ အဖေ့သမီးကတော့ ဒီစကားအမြဲပြောတတ်တာ။ အဖေ နေမကောင်းတိုင်း အဖေသာရှိရင် ဆေးခန်းခေါ်သွားတာ အဖေပါပဲ။ ခုတော့ နေမကောင်းတောင် မဖြစ်ရဲပါဖူး သမီးကိုယ့်ကိုယ် ကိုဂရုစိုက်တတ်နေပါပြီ။ အဖေလည်းဒီလိုဘဝတွေဖြတ်သန်းခဲ့ဖူးတာ အဖေ လည်းအရမ်းခံစားခဲ့မှာနော်။ သတိရလိုက်တာ။ ဒါပေမယ့် တခါတလေနေမကောင်းရင် ခေါ်မိတာတော့ အမေဖြစ်နေပြန် တယ်။ အမေအမေ့ရေနွေးအိတ်လေး ခုတော့ ဒီမှာရေနွေး အိတ်တောင်မရှိ ပါဖူး။ ဗိုက်အောင့်ရုံးတက် ထမင်းချိန် အမှန်ရင်အောင့်တတ်တဲ့ဗိုက်လေးတောင် အောင့်ဖို့ အချိန်မပေးနိုင် ပါဖူးအမေ။

အခုတလော အရမ်းသတိရ နေမိတယ် ပျော်စရာဆိုလည်း ပျော်ရကောင်း မှန်းမသိတော့သလို ဝမ်းနည်းစရာဆိုလည်း အရင်ကလောက် မခံစားရတော့သလိုပါပဲ။ သိပ်များများ မမျှော်လင့်ပါဖူး။ မိဘနှစ်ပါ သက်ရှည်ကျန်းမာပြီး ကောင်းမွန်စွာ
ကျေးဇူးဆပ်ခွင့်ရရင်ကျေနပ်ပါပြီ။


အဖေ သမီးလေ အလုပ်မရှိပဲ တစ်လလောက်များ ကြားထဲမှာလစ်ဟာသွားမှာ ကြောက်နေမိတာ။ အဖေဆို မိသားစုတက် ဘယ်လောက်များပူပင်သောကရောက်လိုက်မလဲနော် အဖေလည်းဒီလိုဘဝတွေ ကိုဖြတ် သန်းခဲ့ဖူးမှာပါ။ သမီးကတော့ တစ်ယောက်တည်းကိုယ့်ကိုယ်ရပ်တည်ရတာနဲ့တင် တော်တော်လေးနား လည်မိပါတယ်။ မိဘတွေရဲ့ခံစားချက်ဆိုပိုဆိုးမှာပေါ့နော်။ မိသားတစုလုံးရဲ့တာဝန်ဆို အဖေ့ရဲ့ ခံစားချက်နဲ့နှိုင်းရင် သမီးခံစားတာမပြောပလောက်ပါဖူး။ တလတွင်းအလုပ်မရမှာပူပေမယ့် သမီး အင်တာဗျူးသွားတဲ့ချိန် အိမ်ကိုဖုန်းနဲ့ကန်တော့တော့ အမေ့ဆုတောင်းသံကြောင့်လား သမီးစိတ်မလှုပ် ရှားတတ်တော့ဖူး။ အရင်ကနဲ့မတူတော့ဖူး ရင်လည်းမတုန်တော့ဖူး အေးချမ်းချမ်းနဲ့အောင်မြင်ခဲ့တာ မိဘရဲ့အေးမြတဲ့မေတ္တာဓါတ်ကြောင့် သမီးရင် ထဲအေးမြခြင်း တွေစီဆင်းခဲ့ပါပြီ။ ရန်ကုန်မှာ ရှာတဲ့ငွေထဲက မိဘကိုကော်ဖီမစ်လေးကန်တော့ သင်တန်းတက်ဖို့ မိဘထံကငွေ ပြန်တောင်း ဒီဘဝတွေကိုမနှစ်သက် တော့လည်း တနယ်စီခြားမိဘနဲ့သားသမီးတိုင်း စိတ်ထဲရှိသည့်တိုင်း ကျေပွန်စွာကျေးဇူးဆပ်ခွင့်ရကြပါစေ…

ပြောချင်တဲ့စကားတွေဒီမှာပဲရင်ဖွင့်လိုက်မိတာပါ။ မိဘတွေဆိုစိတ်မကောင်းဖြစ်မှာကြောင့် ဘာမှမပြောဖြစ်ပါဖူး။

၇ရက်သားသမီးများအားလုံး ဘေးရန်ကင်းပြီးကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ…

ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်းးးးး
မိုး


မိုးငယ်ငယ်တည်းက တိုးတိုးလေးဆိုတဲ့သီချင်းလေး ဆိုပြမယ်နော်
ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကိုချစ်တယ်း)

Friday, February 24, 2012

အမှတ်တရ သောကြာနေ့ 

2009 နှစ် 5 လပိုင်း ဒီနေ့လို သောကြာနေ့လေး တရက်မှာပဲ အင်တာဗျူးရခဲ့ပါတယ်။ လမ်းမှားနေလို့  ရုံးကိုဖုန်း ဆက်မေးတော့ ရုံးမှာ ထွက်ကြိုနေတဲ့ တခေါင်းလုံးဖြူနေတဲ့ အဘိုးအရွယ်ကိုတွေ့ တယ်။ တွေ့ တွေ့ ချင်းနှုတ်ဆက် ပြီးသူကပဲစပြီးအင်တာဗျူးခဲပြီ့း သူက company ပိုင်ရှင်မဟုတ်ဖူးကစပြောပါတယ်။ ဒါနဲ့ စိတ်နဲနဲသက်သာပြီး မေးသမျှကို ပေါ့ပေါ့ပါးပါးဖြေနိုင်ခဲ့ပါတယ်။ ဒုတိယ တွဲလုပ်ရမယ် အင်ဂျင်နီယာကဗျူးပြီး ပုံဆွဲခိုင်းပါ တယ်။ပုံဆွဲတော့လည်း တစ်ယောက်ထဲအခန်းထဲဘယ်သူမှမရှိ ကိုယ့်ကိုလိုက်ကြည့်မနေတော့ စိတ် အတော်သက် သာပြီးဆွဲနိုင်ခဲ့ပါတယ်။ ကြည့်နေရင် ဘာလုပ်လို့ လုပ်ရမှန်းဖြစ်တတ်တဲ့ မိုးတစ်ယောက် ဒီအင်တာဗျူးမှာ အဆင် ပြေခဲ့ပါတယ်။ တနင်္လာမှာ ရုံးဆင်းပေးဖို့ ဆက်သွယ်လာခဲ့ပါတယ်။ နောက်မှသိခဲ့ရတာ မိုးကိုအင် တာဗျူးတဲ့ ပထမဆုံးတစ်ယောက်က company ပိုင်ရှင်မှန်း မိုးစိတ်မလှုပ်ရှားအောင် စိတ်တည်ငြိမ်အောင်ရိုးရိုးဝန်ထမ်း လိုသရုပ် ဆောင်ခဲ့ တယ်။ အဲကျေးဇူးမိုးဘယ်တော့မှမမေ့သလို အရမ်းလည်းကျေးဇူးတင်မိတယ်။ တဖက်သား ပေါ်အလိုက်တသိ စဉ်းစားပေးတတ်တဲ့သူတွေ တွေ့ ရင်တကယ်လေး စားမိပါတယ်။ မိုးဒီလိုလူတွေနဲ့တွေ့ ဆုံတာကံကောင်းတယ်ယူဆမိတယ်။ အများကြီးမရှိပေမယ့် အဲလိုတွေတော့မိုး အသက်ရှင်သမျှ မိုးသူတို့ တွက်တက်နိုင်တဲ့တပိုင်တနိုင် အခွင့် ရရင် အချိန်တခုပေးဖို့ အမြဲရှိပါတယ်။

အလုပ်မှာ ၅ယောက်လောက်လူကြီးအပြင် အားလုံးရွယ်တူလေးတွေပဲဆိုတော့ လူငယ်တွေဆိုသလို ပေါင်းသင်း ဆက်ဆံရေးမှာ အဆင်ပြေပါတယ်။ စည်းကမ်းရှိကြတယ်။ စကားရှုပ်တာမရှိသလို ချောက်တွန်းတာ တွေလည်း မရှိဖူး။ နေ့လည်တူတူထမင်းစားကြဖူးတယ်။ မိသားစုဝေးနေပေမယ့် ကိုယ့်ရုံးလေးက ကိုယ့်မိသားစုလိုဖြစ် လာခဲ့တယ်။ မိုးအစားသောက် ဂျေးများတတ်တယ်။ တဇွန်းစားပြီးမစားနိုင်တော့ရင် ဆက်မစားဖြစ်တော့ဖူး။ မိုးတွက် စားသောက်ကောင်းတယ်ဆိုတဲ့နေရာတွေ ခေါ်သွားခဲ့တယ်။ မိုးထမင်းကုန်အောင်စားတဲ့နေ့ဆို ဒီနေ့ ထမင်းကုန်တယ် ဆိုပြီ ပြုံးနေကြတယ်။ တခါတခါ မိုးမျက်နှာမကောင်းဖူးဆို မြန်မာဆိုင်ရှာပြီး ခေါ်သွား ပေးကြတယ်။ မြန်မာဆိုင်က ငါးခူစင်းကော၊ကြက်ပဲဟင်းတို့  သရက်သီးလေးအတို့ ပေးထားတာကိုသူတို့ သိပ်သဘော ကျတတ်တယ်။ ဘာဖြစ်ဖြစ် မိုးဘဝရဲ့သူငယ်ချင်းကောင်းတွေနဲ့ဆုံခဲ့တာလေး ဘယ်တော့မှ မေ့မှာမဟုတ်ဖူး။

ဒီလိုနဲ့ မိုးတို့ရုံးမှာအကြီးကျယ် အရှုံးပေါ်ခဲ့တယ်။ တနှစ်တွင်းမှာ လူတွေလျှော့ လျှော့လာတယ်။ လူလျော့ ပေမယ့် လူသစ်မခေါ်ရှိတဲ့သူဝိုင်းလုပ်ဆိုတော့ ကြာတော့လည်း လစာမတိုးပဲ နှစ်ယောက်သုံးယောက်စာလုပ်ရတော့ ရှိတဲ့သူမခံနိုင်နဲ့ ပိုထွက်ကုန်ကြတာပေါ့။ ပြောရမယ်ဆို မိုးလည်းတအားပင်ပန်းခဲ့ပါတယ်။ လူပင်ပန်းတာ ခံနိုင်ပေ မယ့် စိတ်ပင်ပန်းတာ ပိုပင်ပန်းပါတယ်။ မိမိနဲ့ မဆိုင်တဲ့အလုပ်ကူလုပ်ရတယ်။ ကိုယ်လုံးမသိတဲ့ အစိမ်းသက်သက် တွေလုပ်ရတဲ့တွက် စိတ်ပင်ပန်းတယ် မှားသွားမလား မှားရင်ကိုယ်တွက်လည်းသူတို့ မှာနှစ်နာပါတယ်။ လုပ်မယ့်သူ လည်းမရှိ ဒီလိုနဲ့ဝိုင်းလုပ်ပေါ့။ တခါတခါ ထိုင်ငိုခဲ့ရတဲ့ရက်တွေရှိတယ်။ မတရားခိုင်းရသလားလို့ ။ လူတိုင်းမှာ ကိုယ်နဲ့ထိုက်တန် တဲ့လာစာတော့မျှော်တက်ကြပါတယ်။ သိုသော် သူ့ မှာကလည်း မပေးနိုင်တာ အခက်ခဲ စဉ်းစားမိတော့လည်း စိတ်ပြန်ပြေသွားပြီးဆက်လုပ်ခဲ့ရသလို အဖေကိုတိုင်ငွေလိမ်ခံချိန် ခံစားမှူလေး သတိရလာပြီး ကိုယ်ချင်းစာမိတာလည်းပါတယ်။ ကိုယ်ပေါ်အလုပ်တစ်ခုခန့်တာ ကိုတကယ်လည်းကျေးဇူး တင်မိပါတယ်။ အလုပ်သမားနဲ့အလုပ်ရှင်လို မဆက်ဆံဖူး သားသမီးတစ်ယောက်လို သဘောထားတာကြောင့် မထွက်ရက်ဖူးဖြစ်ခဲ့ပါတယ်။ ဘာဖြစ်ဖြစ် ဒီရုံးမှာလုပ်ခဲ့တဲ့တလျှောက်လုံး နိုင်ထက်စီးပြုမူခဲ့တာမရှိဖူး။ တဦးကိုယ် တဦးလေးစားမှုရှိတယ်။ ဒါကြောင့်လည်း လစားမတိုးပေမယ့် စိတ်ချမ်းသာမှူရှိလို့ ဆက်လုပ်ပေး ဖြစ်ခဲ့တယ်။ ဒီလိုနေ့ နောက်ဆုံးသော နုတ်ဆက်ရမယ့်နေ့ လေး တစ်နေ့ ရောက်လာခဲ့ပါပြီ။ ရုံးလည်းပိတ်ပြီပေါ့။ ဒီနေ့ နောက်ဆုံးနေ့ ပါ။ သောကြာနေ့မှာပဲ ဒီရုံးကို စတင်ရောက်ရှိခဲ့သလို သောကြာနေ့မှာပဲ နောက်ဆုံး နှုတ်ဆက် ရမယ့်ရက်ဖြစ်ခဲ့ပြန်ပြီ။

ဦးတည်ချက်မတူတဲ့သူတစုတရုံးတည်း မှာဆုံခဲ့ကြတယ်။ ရာထူးမျိုးစုံ အလုပ်မျိုးစုံနဲ့  အချိန်တန်တော့ တယောက်တစ်နေရာ မိမိတို့ ဘဝခရီးဆက်ကြရမှာပါပဲ။ ဘဝဆိုတာ တစ်ဖက်မှာ ခွဲခွါပြီး တဖက်မှာတော့ အသစ်သစ်သောသူများနှင့် တွေ့ ဆုံကြ လောကကြီးရဲ့ သင်ခန်းစာ အသစ်သစ်တို့ ကိုသင်ယူရင်း အချိန်တွေ ကုန်သွားကြပါလား။ ဘဝနေမွန်းတည့်ချိန်ကတော့ရောက်ပြီ။ ရုန်းရင်းအချိန်ကုန်သွားမှာစိုးတယ်။ သွားမှန်း မသိသွားနေ မိတဲ့ဒီလမ်း ရောက်မှန်မသိတဲ့ချိန်ရောက်တော့မယ် အားသေးဖူး ပြောမရတဲ့ ဘဝနေ ဝင်ချိန်အတိ မရောက်ခင် မကုန်နိုင်သေးတဲ့ အလုပ်တွေကို မစွန့် လွှတ်နိုင်သေးတာလဲ ဒီစိတ်တစ်ခုတည်းပါပဲလား။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

၇ရက်သားသမီးများအားလုံးဘေးရန်ကင်းပြီးကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ…



ကိုယ်ရောစိတ်ပါအေးချမ်းပြီး


သာယာချမ်းမြေ့ပါစေရှင်း

မိုး

Thursday, February 16, 2012

မိုးငယ်ငယ်က



မင်္ဂလာပါရှင်း

မတွေ့ ရတာလည်းကြာပြီ။စာဖတ်မိတ်ဆွေများ အားလုံးကော နေထိုင်ကောင်းရဲ့လား မသိဖူးနော် အပျင်းထူ တဲ့မိုးတစ်ယောက် စာမရေးတာ ကြာပေမယ့် စာတော့လိုက်ဖတ်ပါတယ်။ မန့်တဲ့ခါလည်းမန့်တယ် တိတ်တိတ်လည်းပြန်သွားမိတယ်။ မရင်းနှီးရင်ပေါ့း)


ဒီနေ့ရေးမှာကတော့ မမသက်ဝေရေးတဲ့ငယ်ငယ်ကအကြောင်းလေးပါ။

ငယ်ငယ်ကဆို မှတ်မိတာကတော့ ၃ နှစ်လောက်ကစမှတ်မိပါတယ် ကျန်တာတော့ လုံးလုံးစဉ်းစားလို့ မရတာပါ။ မိုးကိုမွေးရတာလွယ်ကူတယ်လို့ အမေကပြောပါတယ်။ မိုးမှမဟုတ်ဖူး မောင်နှမအားလုံးပါပဲ။ ဒါပေမယ့် မိုးမွေးပြီး အမေကဆေးရုံတင်ရတယ်။ ဆေးထိုးမှားတယ်ဆိုလား မိုးတော့ သေချာနားမလည်ဖူး ခွဲစိတ်ခဲ့ရပါတယ်။ မိုးကြောင့်အလှပျက်ခဲ့တာလား စဉ်းစားမိရင်အမေ့တွက်စိတ်မကောင်းဖူး။ နောက်မိုး မောင်မောင်လေး လိုချင်တယ်ပြောတတ်တယ်လို့ တောင် အမေပြောဖူးတယ်။ နောက်တကယ်ပဲ မောင်လေး ကိုမွေးပေးခဲ့တဲ့အမေ့ကို ကျေးဇူးတင်မိပါတယ်။ မိုးသာ ဆိုမွေးရဲပါ့မလား အမြဲစဉ်းစားမိတယ်။ အမေ့ကိုစိတ်ဆိုး စိတ်ကောက်မိရင် မိုးကိုမွေးပြီးတုန်းက ခွဲစိတ်ခန်းဝင်ဖူးတာ သတိရမိရင်တော့တော်လန့် မိပါတယ်။ မွေးလူနာ တွေတွက် ခွဲစိတ်ခံရတာ သွေးနုသားနုနဲ့ အရမ်းခံစားရတယ် တယ်လို့ အဒေါ်ပြောပြတတ်ပါတယ်။ ကျောက် မြောင်းဆေးရုံမှာမွေးပြီ အဲ့ဒီမြို့ နယ် မှာပဲကြီးပြင်းလာတဲ့မိုးတစ်ယောက် ကိုယ်ပတ်ဝန်းကျင်ကို အရမ်းနှစ် သက်ပါတယ်။ အကြောင်းက တော့ မိုးတို့ နေအိမ်လေးက ဘုရား၊ကျောင်း၊ ဈေး၊ဆေးရုံ ပန်းခြံ အကုန်နီးလို့ အရမ်းနှစ်သက်မိတယ်။

နောက်၃တန်းလောက် အိမ်သစ်ပြောင်းတော့ ဘုရားနဲ့ပိုနီးပါတယ်။မိုးတို့ နံနက်စောစော ကန်တော်ကြီးပတ် ပြေးရင် ရွှေတီဂုံဘုရားဖူးကြပါတယ်။ နောက် ကန်တော်ကြီးပန်းခြံဆိုတာကလည်း အပတ်တိုင်းသွားဆော့ ဓါတ်ပုံရိုက်ကြ ငယ်ငယ်ကစားကွင်းပေါ့။ ပြောင်းတဲ့အိမ်ကလမ်းကအေးချမ်း ပြီးစိတ်ငြိမ်လမ်းလေးလို ပါပဲ။ ခုတော့ မူးနောက်နေအောင်လူစည်ပါတယ်။ ဒီတွက်မနေချင်ဖူး အိမ်ပြောင်းချင်တာက မိုးပါ။ သို့ သော် မြို့ နယ်ကတော့ ဒီမြို့ နယ်တွင်းပဲနှစ်သက်မိတယ် ရွှေတီဂုံဘုရားကြီးလည်းရှိတယ် ကန်တော်ကြီးတလျှောက် လမ်းလျှောက် လေကောင်းလေသန့် အပန်းဖြေကောင်းတဲ့နေရာလေး အဖိုးမဖြတ်နိုင်ဖူး သဘာဝကပေးတဲ့ အလှတရား မိုးအရမ်းနှစ်သက်တဲ့ မိုးမွေးကတည်းက ကြီးပြင်းလာရတဲ့ နေရာပါ။ဒီနှစ်အိမ်ပြန်တော့ နေ့တိုင်း ရွှေတီဂုံဘုရားတက်ဖူးဖြစ်ပါတယ်။ ညတိုင်းပေါ့ အရမ်းအေးချမ်းပြီး စိတ်ချမ်းသာမိတယ်။ ဘုရားကလူတွေ စပီကနဲ့ ပိတ်ပြီအော်မှပြန်ဆင်းလာကြတာ ဒီတခါတော့အဝဖူးလို့ 2011 ရဲ့ အပျော်ဆုံးအကြောင်းရာတခုပါ။

ပညာရည်ချင်းကြောင်းပြောမယ် ဆိုရင်တော့ ကြွားလိုက်ပါ့မယ် မောင်နှမလေးယောက်ထဲမှာ မိုးအညံ့ဆုံးပါ။ မူလတန်းထိ အမှတ်ကောင်းပေမယ့် ဆုမရခဲ့ဖူးပါဖူး။ အထက်တန်းမှာ တစ်ခါပဲရဖူးပါတယ်။အမေက သွက် လက်ထက်မြတ်စေချင်သလောက် မိုးကတွန့် ဆုတ်တတ်သူ။ အမေကစာ ရေးရင် မှားတာမကြိုက် ကြည့် လိုက်ရင် ရှင်းနေစေ ချင်သလောက် မိုးကအမှားများသူ။ အမေက သတင်းကြော်ငြာတဲ့အမျိုးသမီးတွေ စာဖတ်
သလိုမျိုးကို မိုးကိုအဲလိုဖြစ်စေချင်ပေမယ့် မိုးကိုဖတ်ခိုင်းရင် ကြောက်ကြောက် ကြောက်ကြောက် ထစ်ထစ် ထစ်ထစ်ဖြစ်တတ်သူ။ သူများသား သမီးတွေနဲ့ မိုးကိုနှိုင်းယှဉ်လာရင် လုံးမနှစ်သက်သူ အမေက စာယှဉ်ဖတ် ခိုင်းတတ်သူ ဒါကြောင့် အမေ့ကိုသိပ်မကပ်တော့ဖူး အဒေါ်နားက မခွါတော့ဖူး။

ဘဝမှာ မိုးအမေနေရာကို အမေနဲ့ထပ်တူချစ်ရမယ့်သူမရှိဖူး အဖေလည်းဒီလိုပါပဲ။ ဒါလူတိုင်းဖြစ်ကြမှာပါပဲနော်။ မိုးအဒေါ် ဦးလေးတွေဆိုတာက မိုးကနို့ ဗူးလေးနဲ့ ပြုစုစောင့်ရှောက်ခဲ့ကြသူတွေပါ။ ဒါပေမယ့် ဘယ်တော့မှ မိဘနဲ့ထပ်တူမဖြစ်ခဲ့ပါဖူး။ တရားဖူးလား စဉ်းစားမိပေမယ့် စိတ်ကိုကဖြစ်တာ ဖန်တီးလို့ မှမရတာ။ အဒေါ် ဆိုတာက တော့ မိုးအရမ်းလည်းချစ်တယ် အရမ်းလည်းလေးစားရတယ်။ သူ့ ရဲ့သွန်သင်ဆုံးမမှူလေးတွေက ခုမှပိုသဘောပေါက်နားလည်လာရသလို ပိုပိုပြီး လည်းလေးစားမိတယ် အကြောင်းကတော့ ဘာမှကို ခိုင်းတဲ့ အတိုင်းရမယ်လို့ မပြောတတ်ဖူး အကျိုးသင့် အကြောင်းသင့်ရှင်းပြတတ်တယ်။ ပြီးရင် မိမိဘာသာ ဆုံးဖြတ် စေတတ်တယ်။ သားတွေပဲရှိတဲ့အဒေါ်ကတော့ သမီးလေးတွေလို မိုးတို့ ညီမတွေကို အစစ အရာရာ မိခင်လိုပဲ ပြုစုတတ်ပါသေးတယ်။ သမီးမရှိတဲ့ဦးလေးကျပြန်တော့လည်း သူ့ ဇနီးမသိအောင် ဂါဝန်တွေဝယ်ပေးဖူးတယ်။ ဦးလေးတွေက မိန်းမကြောက်တယ်းD ကြားရင်တော့သွားပြီ။

ဆော့တာတွေကြောင်းပြောရမယ်ဆိုရင်တော့ ဆရာဝန်တိုင်းဆော့တယ် ဆေးပေးရတာ ပျော်လို့ လက်တွေ့ွမှာ ဆရာဝန်လုံးဝမကြိုက်ဖူး ဆေးထိုးဖို့ လည်းအသေ ကြောက်တတ်သူ။ စစ်တိုက်တိုင်းတို့  ဟင်းချက်တိုင်းတို့ ကြိုးခုန် စုံလို့ ပါပဲ။ အပြင်ပေးမထွက်ရင် လမ်းကကလေး တွေအိမ်ခေါ်ဆော့ပါသေးတယ်။ အိမ်ပွအောင်တော် တော်လုပ်ခဲ့မိပါတယ်။ မီးမလာရင်တော့ ပုံပြင်ပြောတာနားထောင်ခဲ့ရဖူးတယ် နောက်သီချင်း ဆိုတိုင်းကစားခဲ့ဖူးပါတယ်။

အားကစားမှာ ပထမဆုတော့ရဖူးပါ။ကြက်ဖခွပ်ပြိုင်ပွဲမှာပါ။ အိမ်က ဘယ်လောက်ချူပ်လည်းဆို လွတ်လပ် ရေးပြိုင်ပွဲတောင် ဝင်မပြိုင်ရဖူး။ ဒါနဲ့ အမေကလိုက်မပို့ နိုင်သေးတော့ ကလေးအုပ်စု နောက်လမ်းသွားပြီး ကြည် ရင်းဝင်ပြိုင်မိပါတယ် ဆုရသွားတယ်။ ဆုသွားမယူရင် ဒီကိစ္စပြီးပြီ မှတ်တာ ဒိုင်ကနောက်နေ့ အိမ်ကိုဆုလာ ပေးရော မိုးများလိမ်ရင် အဲလိုပေါ်သွားတတ်တယ်။ ကြက်ဖခွပ်က အားကစားထဲပါရဲ့ လား မသိဖူး ရေးမိပြီ။ မြန်မာ့ရိုးရာလောက်တောဖြစ်မယ်ထင်တယ်းD။ အပြေးကတော့သန်သလားမမေးနဲ့ ပြိုင်ပွဲမှာတော့ တခါမှဆုမရဖူးဖူးးD

ရုပ်ရှင်ထက် သီချင်းပိုကြိုက်သူ။ မိုးနှစ်သက်တဲ့ သရုပ်ဆောင်မှရွေးကြည့်တတ်သူ။ ငယ်ငယ်ကတော့ အက်ရှင်ကား သီသီလေးအောင်မြင်သွား တာတို့ တွေသိပ်သဘောကျတတ်သလောက် လက်တွေ့ကိုယ့်ဘဝ အဲလိုဖြစ်လာ လို့ စိတ်မောရတယ်။ စတေးနက်ဖန်ကုန်တော့မယ်ဆို ဒီနေ့ အခြေနေကောင်းလာတာတို့ ပေါ့။ ငယ်ငယ်က မိုးဦးလေးတွေသူတို့ ကြည့်တဲ့ကားကိုမိုးကပေါတောတောကားတွေဘာလို့ များကြိုက်တာလည်း် ပေါ့ ကြည့်လိုက်ရင် ဟာသတွေကြီးပဲ။ခုတော့ ကိုယ်တိုင်လည်းခုဆို ဟာသတို့ ပျော်စရာတို့ ဆိုကြည့်ချင်တယ်။ ဝမ်းနည်းရမယ့်ကားတွေ ကြောက်စရာတွေ အချိန်ပေးပြီး စိတ်မကောင်းတဲ့ကားမျိုးမနှစ် သက်တော့ဖူး။ ရုပ်ရှင် ဒီရောက်တော့ပိုမကြည့်ဖြစ်တော့ပါဖူး။ အချိန်တွေကို ပျော်ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းနိုင်ရင်တောင် အေး အေးချမ်းချမ်း လေးနဲ့ဖြတ်သန်းချင်မိပါတယ်။ ငယ်ငယ်က အပူပင်ကင်းတဲ့ဘဝတွေပြန်မရနိုင် တော့ပေမယ့် ဘာဖြစ်ဖြစ် ရသစုံလင်စွာဖြတ်သန်းခဲ့ဖူးပါတယ်။ ဒါတွေကလည်း ဘဝတွက်ကောင်းဆုံးတွေ့ ကြုံတွေပါပဲ။

မိသားစုဆုံတယ်ဆိုတာရှားတဲ့ မိုးတို့ အိမ်လေးမှာ ဒီ2011 အိမ်ပြန်လည်တော့ မိုးမောင်လေး အဖေအားလုံးရှိ ပေါ့။ မိုးငယ်ငယ်တည်းက အဖေ့ကိုချစ်တယ်လို့ တခါမှမပြောခဲ့ဖူး ဒီတခါပြန်ရင်ပြောမယ်ပေါ့ ဒါပေမယ့် မပြောဖြစ်ခဲ့ပြန်ဖူး။ မိုးလာမယ်လို့ အဖေတစ်တည်းပေးမသိပေမယ့် မိုးမောင်လေးတစ်ယောက်တည်း လာကြို တယ် ကျန်တဲ့သူအားလုံးအိမ်မှာပဲ အိမ်ရှေ့ ခန်းထဲမှာ အဖေကမိုးဝတ်ခဲ့တဲ့နာရီလေးကျန်ခဲ့တာ အဖေဝယ်ပေး ထားတာပါ။ အဲဒါလေးဘေးနာမှာချထားတယ် ဘာမှမပြောပေမယ့် မိုးသိပါတယ်။ မိုးကိုတွေ့ တော့ချင်ချင်း မျက်ရည်ဝဲ မိုးလည်းဝမ်းနည်း ဘာမှပြောမထွက်တော့ဖူး။ တွေ့ တာနဲ့ သမီးနာရီလည်းမပတ်ထားဖူး နာရီလေး ပတ်ထားလိုက်နော် မိုးရင်ထဲနင့်ကနဲပါပဲ။ မိုးဘဝမှာ အနှစ်သက်ဆုံးမရှိမဖြစ်ရတနာ ဘာလဲဆိုရင် နာရီပါပဲ။ အဖေ့ကိုမိုးနာရီကြိုက်တာမပြောခဲ့ပေမယ့် အမြဲနာရီအမျိုးမျိုးဝယ် ပေးခဲ့တယ်။ မိုးငယ်ဘဝ မိုးပတ်ဝန်းကျင် မိုးမိသားစု မိုးဆရာ ဆရာမတွေ သူငယ်ချင်းတွေ အားလုံးကိုမိုးချစ်ပါတယ်။ အစေ့လေးတစ်စေ့ ပစ်လိုက်လျှင်တောင် အပင်ပေါက်တဲ့မြန်မာ့မြေ ရင်ထဲအေးမြဆေးနံ့ ကင်းတဲ့ရေ(အမေ့ရေအိုးစဉ်)လေး သန့်ရှင်းလေးပြေညှင်းလေးတွေ အားလုံးကိုလွမ်းသွားတယ် စာရေးရင်း။မိုးရေသောက်တာဂျီးများတတ်ပါတယ်။ ရေကနေရာတိုင်းတူပါဖူး။ ရေသန့်တွေမပေါ်ခင်ကဆိုသိပ်သိသာပါတယ်။ တချို့ မြို့ နယ်ရေ တွေက ပေါ့ရွှတ်ရွှတ်နဲ့ဆို မိုးအိမ်သွားလည်ရင်ရေမသောက်ဖူး။ ဒီရောက်တော့ ရေတော်တော်မသောက်နိုင်တာပါ။ ရေသန့်ဝယ်သောက် တော့ နှမြောတာနဲ့ပဲ ဝယ်မသောက်ဖြစ်တော့ဖူး။ ရန်ကုန်ကရေများ တငုံလောက် သောက်လိုက်ရင်ချိုပြီးအေးမြနေတာ။ မိုးအကျင့်အိမ်ထဲဝင်တာနဲ့ ဟင်းအိုးနားအရင်ရောက်သွား တတ်တယ်။ ဘာချက်လဲပေါ့။ ပြီးရင်အအေးရှာတတ်တယ်။ မုန့်ဖိုးမရှိတော့ရင် စတိုးဆိုင်က အအေးတွေပုလင်း လိုက်မှာပါတယ်။ ပြီးရင်အမေ့ဆီကတောင်းခိုင်းလိုက်ပါတယ်။ အိမ်မှာခုန်လုတတ်ပါတယ်။ ထမင်းစားရင် ထမင်းစားခန်းထဲက TVကိုမြင်ရတဲ့ခုန် လုတတ်ပါတယ်။ နောက် ညဆိုအိမ်မှာနွားနို့ တစ်ခုသောက်အိပ်ရတာ ငယ်ငယ်မသောက်ချင်တော့သွန်မိပါတယ်။ ဒါအဖ့နှင့်သား များကားထဲ ကလို ပဲအဲ့ကားကြည့်ရင်မိုးတို့ မောင်နှမတွေလိုပဲ။ ငယ်ငယ်ကတော့ အိမ်လုပ်ခိုင်း လို့ မလွဲသာလို့ ဝိုင်းလုပ်ပေးရပေမယ့် ဆော့ဖို့ ပဲစိတ်က ရောက်နေတတ်တာ။ မိုးတို့ ငယ်ငယ်က တအားပိန်ပါတယ်။ အမေက ဘယ်လောက်ကျွေးကျွေးမထင်းမစားဖူး ဟင်းစားချင်လို့ထမင်းစားတာပါ။ နောက်မိုးဆေးသောက်မှာကြောက်တော့ ဆေးခန်းသွားလိုက်ရင်ပဲ ကြောက် ပြီးရောဂါပျောက်ပြီး အဖျားဆိုပျောက်သလောက်ပဲ ချွေးပြန်လာတတ်တယ်။ ဆေးမသောက်ချင်တော့ ရေခဲမုန့် စားမှဆိုဂျိီကျတော့ နေမကောင်းတဲ့ကြားက ရေခဲမုန့်စား ပြီးဆေးသောက် အဲလိုလည်းဆိုး ခဲ့ဖူးပါတယ်။ ကရဝိတ်ရေခဲ့မုန့် စားချင်မိပြီ။ ဆက်ပြောရင် အစားသောက ကြောင်းဖြစ်ကုန်တော့မှာမို့  ဒီတင်ပဲ အဆုံးသတ်လိုက်ကြောင်းပါ။

စာမရေး အွန်လိုင်းမတက်လို့ မေးလ်နဲ့ ဆက်သွယ်တဲ့သူငယ်ချင်း မောင်နှများကိုလည်း မိုးရင်ထဲမှာရှိပါတယ်။

၇ရက်သားသမီးများအားလုံးဘေးရန်ကင်းပြီးကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ…


ကိုယ်ရောစိတ်ပါအေးချမ်းပြီး

သာယာချမ်းမြေ့ပါစေရှင်း

မိုး


















































Saturday, November 19, 2011

အသဲကွဲဖူးလား

စာဖတ်မိတ်ဆွေများ အသဲကွဲဖူးကြပါသလား ?
မိုးတော့ကွဲဖူးပါတယ် သေချာစဉ်းစားကြည့်မိရင် အသက် ၃ နှစ်ခွဲအရွယ်လောက်ကတည်းကပါ။
ယုံချင်စရာမကောင်းဖူးထင်လား
လွန်တယ်ထင်လား
အမျိုးမျိုးတွေးနိုင်ပါတယ်
ဒါပေမယ့် တကယ်ပါ။
ကောင်းပြီ ဒါဆိုဘယ်လိုကွဲတာလဲမေးစရာပေါ့
၁၅၀၀ နဲ့ပက်သက်ပြီးမှအသဲကွဲတယ်လို့ ခေါ်ရင်တော့ မိုးအသဲကွဲတယ်ဆိုတာ အသဲကွဲရာမမြောက်ဖူးဆိုနိုင်ပါတယ်။
ဒါပေမယ့် တစ်ခုတော့ပြောချင်ပါတယ် ကလေးငယ်တစ်ယောက်တွက် မိဘဆိုတာ ကိုယ့်ကမ္ဘာပါ။
အဲ့ဒီအရွယ်မှာ မိဘနဲ့ခွဲနေရတဲ့တွက် အရမ်းကြေကွဲခံစားဖူးပါတယ်။ ဘယ်သူတွေဘယ်လောက်ကောင်းကောင်း လိုအပ်ဆုံး အတောင်းတဆုံး ကတော့မိဘပါပဲ။
မိုးငယ်ငယ်တည်းက လူရှေ့ သူရှေ့မျက်ရည်ကျရမှာ ရှက်ပါတယ်။ ဒါကြောင့် လူကြီးတွေမသိခဲ့တာပါ။ သေချာသိတာကတော့ ခေါင်းအုပ်ကလေးပါပဲ။

ကျောင်းလွှတ်လို့ သူများမိဘတွေလာကြိုတာတွေ့ ရင် မောင်လေးတွေ ညီမတွေတွေ့ ရင်ငေးမောနေမိပါတယ်။ အဓိက ငွေကြေးချမ်းသာတာထက် မိသားစုဆုံညီနေခွင့်ရတာကို ပိုမြတ်နိုးတယ် ပိုလိုအပ်တာပါ။ အဲဒီမှာ အတွေးက တခုခုကိုခင်တွယ်မိရင် ခွဲရမှာကြောက်လာလို့ လူတိုင်းကိုအရင်းနှီးရဲတဲ့စိတ်ဖြစ်လာခဲ့ဖူးပါတယ်။ ခက်တာက စိတ်မပါရင် ရီတောင်မပြတတ်တဲ့သူပါ။ခင်ဖို့မပြောပါနဲ့ အဲ့လိုလူစားထဲမှာမိုးပါ ပါတယ်။
ကလေးတစ်ယောက်အနေနဲ့ ခံစားတာဘာမှမဟုတ်လောက်ဖူးဆိုပြီးထင်မိမလား မိုးအဲ့ဒီခွဲခွါနေရခြင်းတွေ အတော်ကြောက်ပါတယ်။ ဒါကြောင့် တစ်ခုခုဆို ဘာကြောင့်ဖြစ်တယ်ဆိုတာ အမြဲသိချင်တတ်တဲ့မိုး ကတော့ ဘဝရဲ့ဝဋ်ကြွေးကြောင်းအနည်းငယ်သိလာခဲ့ပါတယ်။ ဒါကြောင့်လည်း ဝဋ်ကြွေးတို့  ငရဲတို့ကိုတကယ်ကြောက်ပါတယ်။

နောက်တစ်ခု အဓိကပြောချင်တာကတော့ မိမိကိုယ်အဆုံးစီရင်ခြင်းပါ။
မိုးကိုယ်တိုင်လည်း ကိုယ်ကိုကိုယ် အဆုံးစီရင်ဖို့ကြိုးစားခဲ့ဖူးတယ်။ ၂ ကြိမ်ပါ။ တစ်ကြိမ်က မသေတာ နောက်၁ကြိမ်က တွေးပေမယ့် အဖြစ်မြောက်ခဲ့တာပါ။အဲလိုခပ်ညံ့ညံ့စိတ်ရှိခဲ့လားပြောတယ်ဆိုလည်း ဟုတ်ပါတယ် ဝန်ခံပါတယ်။ ကိုယ်တိုင်ကအဲ့ဒီချိန်မှာ လုံးဝလွတ်မြောက်သွားချင်တာပဲရှိခဲ့တာ။လုံးဝပျောက်ကွယ်သွားချင်တာအတွေးဒါပဲရှိနေတာပါ။
တစ်ကြိမ်ကတော့ မိသားစုတင်းကြပ်မှု ကြောင့်ပါ။ ဒါကြောင့် မိဘနဲ့သားသမီးမှာလည်းနားလည်မှူဆိုတာအများကြီးလိုပါတယ်။ တစ်ခါတစ်လေ မိဘတွေကဖြစ်ချင်တာပဲသိတဲ့ချိန်ပေါ့ မိဘစေတနာကိုပြည့်ဝလက်ခံပါတယ်။ ဒါပေမယ့် အရာရာကိုယ့်စိတ်မပါရင် အသက်ရှင်ရတာ ပင်ပန်းပါတယ် မိမိစိတ်နဲ့ တခြားကိုယ်ဖြစ်နေသလိုပါပဲ။
မိန်းကလေးတစ်ယောက်အနေနဲ့အိမ်ကထွက်ပြေးဖို့ဆိုတာလည်းမဖြစ်နိုင်ပါဖူး သေဖို့ပဲထွက်ပေါက်တွေးမိတာကြောင့်လည်းဖြစ်သွားခဲ့မိတာပါ။ ဒါကြောင့် နောင်ကိုယ့်ထက်ငယ်တဲ့သူတွေကို သူတို့ ဘာဖြစ်ချင်လဲ အဲဒီနောက်က နည်းနည်းလိုက်တည့်မတ်ပေးလိုက်တာပဲရှိတယ် ထိန်းချုပ်ဖို့ ဘာမှမစဉ်းစားတော့တာပါ။ ဒါတွေကိုနားလည်သိခွင့်ရခဲ့တာကိုလည်း ကျေးဇူးတင်မိပါတယ်။
သေမယ်ထင်တဲ့ဆေးတော့သောက်ခဲ့တာပါပဲ မသေပါဖူး

နောက်တစ်ကြိမ်ကတော့ စင်္ကာပူမှာ အလုပ်မရလို့ ပြန်ရရင် ရှက်လို့ ပြန်ရမယ်ဆို မပြန်ခင်မှာ သေဖို့ စဉ်းစာခဲ့ဖူးပါတယ်။ အဲဒါကတော့အကောင်ထည်မဖော်လိုက်မိပါဖူး။ ဒါကြောင့် သေဖို့တွေးတဲ့သူတွေကို အရမ်းလည်းကိုယ်ချင်းစာပါတယ်။ အဲဒီချိန်မှာဖြစ်နေတဲ့စိတ်က ခံစားချက်ကိုလွတ်မြောက်ချင်တာ တစ်ခုပဲသိတာပါ။ အဓိကတော့ ကိုယ်ပြန်ရင် ဝိုင်းကြည့်မယ့်အကြည့်တွေမခံနိုင်တာပါ။ ဒါတောင် မိသားစုတွေက အမြဲဖုန်းဆက်အားပေးနေတဲ့ကြားကအဲလိုစဉ်းစားခဲဖူးသေးတာပါ။နိုင်ငံခြားသွားကတည်းက နိုင်ငံခြားကိုအထင်ကြီးတယ် တခြားလည်းအမျိုးမျိုးပြောတာကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်နေရာ ရောက်ရောက်ပါ မိမိစိတ်သာဓိကပါ။ ဒါတွေက ပတ်ဝန်းကျင်ကိုအရမ်းဂရုစိုက်မိလို့ လည်းဖြစ်တတ်ပါတယ်။

ဒါကြောင့် မိုးလူတစ်ယောက်ခံစားသွားမှာအရမ်းကြောက်ပါတယ်။ တဖက်ကမှားရင်တောင် ပြန်ုမပြောချင်တာက တဖက်သားရှက်သွားမှာဝမ်းနည်း သွားမျာတကယ်စိုးရိမ်လို့တကြောင်းနောက်ကိုယ့်အကျင့်ကိုက ပြောမိလိုက်ရင်အဲဒါတနုပ်နုပ်နဲ့ခံစားရပါတယ်။ တခုခုများကိုယ့်ကြောင့်ဖြစ်သွားမယ်ဆို ဘယ်လိုပေးဆပ်ပေးဆပ်ရ ကိုယ့်ကိုကိုယ်ခွင့်လွတ်မိမှာမဟုတ်ဖူး။ နောက် တုန့်ပြန်မှူတိုင်းမှာသက်ရောက်မှူရှိတာလည်း ကြောက်လို့ပါ။ တစ်ခါတစ်လေ ကြောက်တယ် အတယ်ထင်တတ်ကြပါတယ် တကယ်တော့ မိုးကြောက်တာ သံသရာလည်ဝဋ်တွေကိုကြောက်တာပါ။
ဒါကြောင့် လောကမှာအသက်ရှင်နေတဲ့ချိန် ဘာလို့များကိုယ့်အချိန်တွေဖဲ့ပြီး သူများဒုက္ခရောက်အောင်လုပ်ကြအုံးမှာလည်း နှစ်ဖက်လုံးအကျိုးမရှိမှတော့ လေ…

အလုပ်အကိုင်အဆင်မပြေတဲ့မောင်နှများလည်း အားငယ်ပါနဲ့လို့ပြောချင်ပါတယ်။ ခုလက်ရှိလည်း အဆောင်မှာအလုပ်လာရှာရင်းအဆင်မပြေတော့ သွေးရူးသွေးတန်းအတွေးတွေချော်နေတာကြည့်ပြီး ရင်ထဲမကောင်းပါဖူး တချို့ ကိစ္စတွေက လုံးဝကိုယ်တိုင်ကူညီလို့ မရတဲ့ခြေနေမှာ အကောင်းဆုံးနားချပေး မယ် ဆုတောင်းပေးယုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ အခြေနေမျိုးတွေ လည်းရှိပါတယ်။
အမေ့ရဲ့စကားတစ်ခွန်းနဲ့မိုးတော့ အတော်အားတက်ခဲ့တာက
“လဲရင်ပြန်ထ ဒါလူ့ ဘဝပဲတဲ့”
အဆင်မပြေရင် သမီးချိန်မရွေးပြန်လာခဲ့ အမေတို့ ငွေပဲရှုံးခံနိုင်တယ် လူတော့အရှုံးမခံနိုင်ဖူးပြောခဲ့တဲ့အမေ့စကားတွေ ဘဝမှာအခွန်အားရှိရှိနဲ့ဆက်လျှောက်နိုင်ခဲ့ပါတယ်။
ဒါကြောင့်အလုပ်ကိုင်စီးပွါးရေးတွက် စိတ်ဓါတ်ကျနေသော မောင်နှများကို တစ်ခုမှာချင်တာက အားတင်းပြီးသာကြိုးစားပါ စိတ်ဓါတ်မကျပါနဲ့ ပန်းတိုင်ဆိုတာလျှောက်နေသူတွက်ပါ။ ဘဝကိုသတ္တိရှိရှိရင်ဆိုင်လိုက်ပါ လုံးဝအရှုံးမပေးလိုက်ပါနဲ့နော်….
နောက်တစ်ခုကတော့ မိုးကိုယ်တိုင်တိုင် မလှုပ်ချင်လို့ဒီတိုင်းလေးနေနေတာပါ။
ဒါပေမယ့် ပြောရမှာပါပဲ။ တစ်ခါတစ်လေ မိုးမောင်နှမတွေလည်းအရွယ်ရောက်လာတော့ ဘေးနားမှာ သူတို့ခံစာချက်လေးတွေနားထောင်ပေးရင်း ဝိုင်းပြီး ကူစဉ်းစားပေးရင်း မမှားအောင်ဘေးနား မှာနေပေးချင်မိပါတယ်။ အဝေးရောက်နေပေမယ့် ဘာပဲခံစားခံစား မမကြီးကိုပြောပါ။ မိဘတွေ ဘဘောမတူနိုင်ခဲ့ရင်တော့မမကြီး ကူပြောပေးမယ်နော် အမဆိုပြီးမကြောက်နဲ့ ပြောစရာရှိတာကို သူငယ်ချင်းတစ်ယောက်လိုသဘောထားပြီးပြောလို့ရတယ် အမြဲပြောပါတယ်။ အဓိကတော့ သူတို့လေးတွေ အတွေးခေါ်မှားမှာ လမ်းလွဲသွားမှာဆိုးလို့ပါ။ အကုန်သိပြီးတော့ တစ်ဖက်ဖြစ်ချင်တဲ့ပေါ်မှာ သေချာအဆင်ပြေနားလည်အောင်လုပ်ပေးဖို့လည်းလို့ပါတယ်။

အသဲကွဲတယ်ဆိုတာ မိသားစုတွက် မိသားစုနဲ့ခွဲနေရဖူးလို့ အတော်ခံစားဖူးပါတယ်။ ဒါကြောင့်လည် တစ်ခုခုကိုယ် မနှောင်ဖွဲ့ မိအောင် အမြဲဂရုစိုက်ပါတယ်။ တကယ်တော့ မမြင်ရမကြားရတဲ့ကိလေသာ သူဟာသူငြိမ်း၏တဲ့ အဲ့အတိုင်းယူဆပါတယ်။ ကိုယ်တိုင်လည်း တခုခုဆို တအားတွေးပါတယ်။ အဲလိုတွေးလွန်းလို့လည်း ဒီတိုင်းနေဖြစ်တာပါ။ ကိုယ်တိုင်ကလည်း မိသားစုဆွေ မျိုးမောင်နှမသူငယ် ချင်းတွေတွက် အချိန်ပေးဆိုပေးနိုပါတယ်။ဒါပေမယ့် ကိုယ့်ကိုထိခိုက်မယ့်တစ်စုံတစ်ရာ ခံစားချက် ခံစာမည့်အချိန်ကိုတော့ သူများကိုလည်းမပေးချင်သလို ကိုယ်တိုင်လည်းမယူချင်ပါဖူး။ဒါကြောင့်လည်း ကြိုတင်ကာကွယ်ဆေးတွေပေးမိပါတယ်။ မိုးအရမ်းအားနာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေကျ အားနာတာ တစ်ဖက်သားကိုပိုနစ်နာစေတယ် ယူဆပါတယ်။ ရက်စက်တယ် ပြောပြီး ပြတ်ပြတ်သားသားလှည့်ထွက်သွားနိုင်တာ တဖက်သားတွက် မထိခိုက်ပေမယ့် မိမိအပျင်းပြေဖို့ လိုတာခိုင်းဖို့အသုံးချဖို့ တွက် သူတဖက်သားအချိန်နဲ့ဘဝတွေခိုးယူချင်းကြောင့်သာ လူတွေသေဆုံး သွားရူံးသွပ်သွားလောက်တဲ့အဖြစ်တွေရှိတာပါ။
ကိုယ်ကိုကိုယ်တိုင်လည်း သူများအပျင်းပြေဖို့အသုံးချခံ ဘယ်သူများဖြစ်ချင်တဲ့သူရှိပါ့မလဲနော်။လိုအပ်ရင်သာ ဘာပဲဖြစ်ဖြစ်အရာရာဆိုပေမယ့် ကိုယ်ကိုကိုယ်တော့အပိုအဖြစ်မခံနိုင်ကြပါဖူး။
ဒါကြောင့်မိုးမောင်နှမတွေကိုလည်း အမြဲပြောဖြစ်တာ တစ်ခုခုကိုဆုံးဖြတ်တော့မယ်ဆိုသေချာစဉ်းစားပါ။ အထပ်ထပ်သေချာစဉ်းစားပါ။ နောက်ဆုံးကိုယ့်ဘက်က လုံးဝဆုံးရှုံးသွားတော့မယ့်ထိပါစဉ်းစားပါ ။အဲလိုခြေနေထိလက်ခံနိုင်တော့မှ သေချာအဖြစ်လောက်ပဲမဟုတ်ဖူး လက်တွေ့ ဖြစ်လာမည့်နေထားမျိုးကိုစဉ်းစားပါ။ ပြီးမှာလက်ခံနိုင်တယ်ဆိုရင် တော့မတားတော့ပါဖူး။

ဥပမာ ဒီလူ အသောက်စားမကင်းဖူးဆိုပါတော့ ကိုယ်နဲ့ယူရင်တော့ကင်းသွားမှာ တွေးပြီးလက်ခံရင်တော့မိုးကမှားတယ်လို့ယူဆပါတယ်။ ကိုယ်နဲ့ယူလည်း သူသောက်စားအုံးမယ် တွေးပြီးလက်ခံနိုင်တဲ့ထိစဉ်းစားစေချင်ပါတယ်။ ဒါမှကျေနပ်ရင်တော့လည်းလက်ခံပေါ့။ သောက်စားတိုင်း လည်းပျက်စီးနေတာလို့ မဆိုလိုပါ။ ငယ်ငယ်ကတော့ အရက်သောက်တာဆို တကယ်လန့်တယ် မကောင်းဖူးဆိုပေမယ့် တချို့ သောက်တာ တဖက်သားတွက်ဒုက္ခမပေးဖူး ဒါပေမယ့်သူ့ကိုယ် ကြည့်တဲ့သူတိုင်းစိတ်မကောင်းဖြစ်ရတယ်။ ဦးလေးသူငယ်ချင်းတစ်ယောက် သူ့ ချစ်သူနဲ့ကွဲသွားတာ ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားတော့ဖူး အရက်ကသူ့ တွက်ဖြေသိမ့်ဆေးလိုယူဆတော့ အပေါင်းသင်း တွေလည်းတားမရ အားလုံးရှောင်ခွါ မြင်ရတာစိတ်မချမ်းသာစရာပါ။

နောက်တစ်ခုက လူ့ ရဲ့ ကံဆိုတာကမမြင်ရပါဖူး အခြေနေကြောင့် အိမ်ထောင်ရှင်များအလုပ်မလုပ်နိုင် တော့လို့ ကိုယ်ကရှာကြွေးနိုင်ရမယ်။ကံကြောင်းမလှခဲ့ရင်တို့ဖောက်ပြန်ခဲ့ရင်တို့ ရင်ဆိုင်ရမယ်ဆို ပစ်ထား ခဲ့မယ် ဆိုရင် ဘဝကိုအဲ့လိုချိန်မှာ တစ်ယောက်တည်းရင်ဆိုင်နိုင်လား သားသမီးတွေတွက် ဘဝကိုမားမားမတ်မတ် ရပ်တည်ပေးနိုင်လား ဒါတွေအားလုံးစဉ်းစားပြီးမှပဲ တစ်ခုခုကိုဆုံးဖြတ်သင့်ပါတယ်။ အရမ်းတတ်လို့ပြောတာမဟုတ်ပါဖူး မိုးစဉ်းစားသလောက် မိုးမောင်နှမတွေကို အမြဲပြောမိတာလေးပါ။
ကိုယ်တိုင်လည်း ဘယ်လိုခြေနေမျိုးမှာလူတစ်ယောက်ကိုလက်ခံမိမယ်တော့မသိပါဖူး။ ကိုယ်သိပ်မြတ်နိုးခဲ့ မယ်ဆိုရင်ပေါ့ ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ် မပစ်ရက်ဖူး ဆိုရင်တောင် သစ္စာမရှိတဲ့သူ ဆိုရင်တော့ လွတ်လပ်စွာပဲ ခွင့်ပြုလိုက်မှာပါ။ အဲလိုခြေနေမျိုးမှာဆိုရင်တော့ အဲလူရှေ့ ကပျောက် ကွယ်သွားမိမှာပါပဲ။ လိုအပ်ရင် နှလုံးပဲခွဲလှူပေးရပေးရဆိုပေမယ့် အပိုဖြစ်မယ့်သူတွက်တော့ အသက်မဆုံးရှုံးမှာမဟုတ်ပါဖူး။

အခုတလောမြင်နေကြားနေတဲ့ မြင်ကွင်းတွေဟာ ရင်ထဲအတော်မကောင်းပါဖူး။ လတ်လတ်ဆက်ဆက် အသဲတဲ့သူငယ်ချင်းတစ်ယောက်ရဲ့မြင်ကွင်းတွေ အသဲကွဲပြီးအိပ်မပျော်ဘာမီတွန်သောက် ဒုက္ခတွေရောက် နေတဲ့မိန်ခလေးတွေ အသက်စွန့်သွားတဲ့သူတွေကြည့်ရင်း သူများပါးစပ်ထဲလမ်းမဆုံးစေနဲ့ဆိုတဲ့ဆုံးမ စကားတွေဟာ အရမ်းမှန်ပါလား တွေးမိပါတယ်။

ဒီလိုတွေးလို့အပျိုကြီးဖြစ်သွားရင်တော့ မိုးတရားခံတော့ပြောကြတော့မှာပဲ။မိုးကတော့ ခုလိုတစ်ယောက် တည်း ဘဝလေးမှာအေးချမ်းတယ် ဒီအေးချမ်းမှုလေးအတိုင်းပျောက်ပျက်မှုမရှိဖူးဆိုရှေ့ ဆက်ပါ။ အားလုံးကောင်းမယ်ထင်လို့ ရှေ့ ဆက်ကြတာပါပဲနော် ။ ဒါကြောင့်အားလုံးပဲမိမိဘဝရဲ့ အချစ်စံအိမ်လေးကို မိမိကိုယ်တိုင်ရော သူတပါးအပါဝင် ကံသုံးပါးနဲ့ မပျက်စီးနိုင်ပဲ စိတ်အေးချမ်းမှူပြည့်စုံသော ဘဝခရီးဖူးစာမှန်များနှင့်သာစုံကြပါစေလို့တောင်းဆုပြုပေးပါတယ်။
အားလုံးမိမိကိုတကယ် မြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားပြီးချစ်ပြီး မေတ္တာကိုသစ္စာနဲ့တည်ဆောက်နိုင်တဲ့သူများနဲ့ဆုံကြပါစေ……



၇ရက်သားသမီးများအားလုံးကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ကြပါစေရှင်း
မိုး

Tuesday, November 1, 2011

မေတ္တာသည်သာ

သား …….. သားအလုပ်မသွားခင် အဖေစကားနည်းနည်းပြောစရာရှိတယ် သား …
ဟုတ်ကဲ့ ပြောပါအဖေ…

အဖေသတင်း တချို့ ကြားပြီး သားတွက်စိတ်ပူသွားတယ်…သား
မဖြစ်ဖို့ ပဲအဖေမျှော်လင့်မိတယ်။ သား….. သားကိုအဖေတစ်ခုပဲ ပြောချင်တယ် သနားတာ ဘဝတစ်ခုလုံးနဲ့ ရင်းပြီးတော့ မသနားလိုက်ပါနဲ့ သား…

သား သနားလို့ ဆိုရင် လွတ်လပ်စွာလှူခွင့် ထောက်ပံ့ခွင့် အဖေပြုတယ် ဒါပေမယ့် မဖြစ်သင့်တာကိုတော့ သားသိတယ်နော်…

သား၏ ဘာမှမတုန့်ပြန်မှူကြောင့် ကျနော် ရင်တွင်းအလွန်ပူလောင်လွန်းလှသည်။



*****-----------------*****-----------------*****-----------------*****

ဟာ…… ဦးလေး ………………. လာလာ ဦးလေး ထိုင်ပါ။
လမ်းကြုံလို့ လား ….
မဟုတ်ဖူးကွဲ့ 
တူမကြီးဆီလာခဲ့ တာ …….
သူမ မျက်နှာ တစ်ချက်ပျက်လျှက် …
အော် ဟုတ်လား ဦးလေး
ခဏနော်ဦးလေး တစ်ခုခု သွားစီစဉ်လိုက်အုံးမယ် …
ဘာမှမလုပ်နဲ့တော့ တူမကြီး ဦးလေး နေသိပ်မကောင်းဖူးကွယ့် 

စကားနည်းနည်းပြောချင်လို့ ပါကွယ် …
ဟုတ်ကဲ့ ….
ပြောပါ။
ပြောရမှာ အားတော့နာတယ် …တူမရယ်
တို့ တွေက တစ်လမ်းတည်းသားတွေမဟုတ်လား
ငါတူမ ခင်ပွန်းနဲ့ ကလည်း ဦးလေးတို့ မိတ်ဆွေရင်းတွေပဲလေ
သူမရှိတော့ပေမယ့်
တုမကြီး … တူမကြီးကိုလည်း ဦးလေး တူမတစ်ယောက်တစ်ယောက်လိုပါပဲ။

ဟုတ်ကဲ့
တူမ ဘာခက်ခဲလိုလို ဦးလေးတို့ က ကူညီဖို့ အဆင့်သင့်ပါကွယ် ….ဒါပေမယ့် တူမရယ်
ဦးလေး သားနဲ့ ငါ့တူမ သတင်းမဟုတ်ပါစေနဲ့ ဦးလေးမျှော်လင့်မိတယ်။

ဦးလေးသားဦးကိုတော့ ……..တောင်းပန်ပါတယ် ငါတူမ ဆန္ဒတွေစောသွားတယ်။
တူမလည်း မိခင်တစ်ယောက်ပဲလေ နားလည်မှာပါ….

ဦးလေး စိတ်ချပါ ကျမတို့ က ရိုးရိုးသားသား မောင်နှမလိုခင်တာပါ။ ဦးလေး သားကိုလည်း ကျမက မောင်လေးတစ်ယောက်လိုပဲ သဘောထားမိပါတယ်။
စိတ်ချပါဦးလေး ကျမ ဦးလေးထင်သလို ဘယ်တော့မှမဖြစ်စေရဖုူး ကတိပေးပါတယ်။

အေးကွယ် ကျေးဇူးတင်ပါတယ် ငါ့ တူမရယ် ဖခင်တစ်ယေက်အနေနဲ့ ရင်ထဲပူလောင်မူကို နားလည်ပေးပါ။ ငါ့တူမလည်း မိခင်ပဲ မိဘတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်မှာပါ။ ဦးလေး ယခုလိုပြောရတာ အလွန်အားနာပါတယ် ငါ့တူမရယ် ခွင့်လွှတ်ပါတယ်။ တူမပေးတဲ့ကတိကြောင့် ဦးလေးစိတ်ချသွားပြီ …

*****-----------------*****-----------------*****-----------------*****

တစ်ပတ်ကြာသော် …..

ဒီနေ့ သား အိမ်ပြန်နောက်ကျလိုက်တာ ………..
ခုချိန်ထိမရောက်သေးဖူး……
လမ်းမှာများတစ်ခုခုဖြစ်နေပြီလား ဒီကလေး
ဖခင်တစ်ယောက်ရင်တွင်း ပူလောင်လွန်းလှသည်။

အမေကြီး သားပြန်ရောက်ပြီလား
မရောက်သေးဖူး ဖေကြီးရယ် ဒီကလေး ဒီလောက်တစ်ခါမှနောက်မကျဖူးဖူး နော်

မေကြီး …….ရှင်း
ဘာမှမဟုတ်တော့ပါဖူးကွာ…

ဖေကြီး ရှင့်ကြည့်ရတာ တခုခုဖြစ်နေသလားလို့ 
၁၀ နာရီထိုးနေပြီ ကျမသားလေး တစ်ခုခုများဖြစ်နေပြီလား ကျမရင်တွေပူလိုက်တာ ဖေကြီးရယ်



ဟာာာ ဦးလေး မိုးချုပ်လှချေလား အေးကွဲ့  ခုထိမောင်မောင် အိမ်ပြန်မရောက်သေးလို့ 
ဦးလေ ဒီနေ့ မောင်မောင်တစ်ယောက် အလုပ်မတက်ဖူး ကျနော်ကခုမေးမလို့ ….


ဦးလေးကို ကူညီပါကွာ ငါ့သားကြီးကို ဆေးရုံတို့  ဘာတို့ များရောက်နေလို့ လာ့း မဟုတ်ဖူး ရဲစခန်းကိုအကြောင်းကြားရမယ် လူပျောက်နေတာ…

ဦးလေးစိတ်အေးအေးထားပါ ကျနော်စုံစမ်းပေးပါ့မယ်…



တစ်လကြာပြီးနောက် မေကြီး ဆန်ပြုပ်လေးတော့ ဝင်အောင်စားပါ။
ဖေကြီး ကျမသားကြီးကို မြင်ချင်တယ် ရှင်လိုက်ရှာပေးပါ...
မေကြီးသားကြီးက ပြန်လာမှာပါ။
မေကြီးသာနေကောင်းအောင်ကြိုးစား
ဖြစ်မှဖြစ်ရလေ အမေ့သားကြီးရယ် …
အမေရင်ကျိုးရပါပြီ
မငိုပါနဲ့ တော့ ဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ
တို့ သားကြီးက သက်ရှိထင်ရှားရှိနေသေးတာလေကွယ်
ငါတို့ တွေ့ နိုင်မြင်နိုင်တယ် ဒါငိုစရာမဟုတ်ဖူး
ရှင်ပြောရက်လိုက်တာ…

မခံစားလို့ ပြောတာမဟုတ်ဖူး ရှင်မ အစတည်းမ သားကြီးကိုလည်းဆုံးမပြီးပြီ
နောက်ဆုံး မဟူရာကိုလည်း သွားတောင်းပန်ထားပြီးပြီ
မင်းသားမှာ ဝဋ်ကြွေးပါလာလို့  ပဲသတ်မှတ်ရတော့မှာပဲ ....
မိဘနှစ်ဦး၏ ရင်ကွဲမတက်ငိုသံများ ကြားရသူပတ်ဝန်းကျင်အဖို့ ….

*****-----------------*****-----------------*****-----------------*****

သားတစ်ယောက် ခက်ခဲသောဘဝကို ရုန်းကန်နေသည့်သတင်းကလည်း ရင်ထဲမအေး
မသိမသာ တစ်ဖက်ကတစ်ကူရင်းးးး


ငါးနှစ်ကြာပြီးနောက် ဖခင်ဆုံးသွားသော် မောင်နှများကိုကြည့်ရင်း အကိုကြီးဆုံးတစ်ယောက်အနေဖြစ် မိဘပေါ်တာဝန်မကျေခဲ့မှူ မောင်နှများပေါ်တွင်လည်း မစောင့်ရှောက်နိုင် မိမိတည်ထောင်လိုက်သော မိသားစု မိန်းမဘက်မှပါလာသော သားသမီးများ မိမိ သားသမီးအားအလုံအလောက်ထားနိုင်ရန် အလျှင်မှီအောင်ရုန်းကန်နေရသည်။ မောင်နှမမျးကို ဘာမှမလုပ်ပေးနိုင်သော်လည်း မည်မျှမှမတက်နိုင်ချေ။


ကြိုးစားမှူကြောင့် အတော်အသင့် အဆင်ပြေလာသော်လည်း သားသမီးများအား နောင်ရေးတွေးမိသဖြစ် ဒီထက်ပိုကြိုးစားရမည် တွေးမိသည်။ ထို့ ကြောင့်နိုင်ငံခြားထွက်ရန် ဆုံးဖြတ်လိုက်သည်။

ငါးနှစ်နောက်ပိုင်း ပြီးပြည့်စုံသည်မဟုတ်သော်လည်း အတော့်သင့် ပြည့်စုံသော အနေထားသို့ ရောက်လာသည်။ထို့ ကြောင့် မြန်မာနိုင်ငံပြန်ပြီး အခြေချရန်ဆုံးဖြတ်လိုက်သည်။

ိုထိုချိန်ရုတ်တရက်ထွက်ပေါ်လာသော သတင်းကြောင့် အထိပ်အလန့်ဖြစ်ခဲ့ရသည်။ရန်ကုန်ပြန်လျှင်နေစရာ အိမ်မရှိတော့ အိမ်ကိုအကြွေး ရှင်များသိမ်းလိုက်ခြင်း သိန်းပေါင်း များစွာအကြွေးဖြစ်ဝိုင်းနေသော သတင်းမှာ ဘယ်လိုမှနားမလည်နိုင် လက်မခံနိုင် သို့သော် အားလုံးဟာ အမှန်တရားများဖြစ်နေလေသည်။လိုလေသေးမရှိအောင်ထားလျှက် ယခုလိုခြေနေသည် ရန်ကုန်ပြန်လျှင် မဖြစ်နိုင်သဖြင့် ရင်နင့်စွာပင် တိုင်းတပါးတွင်ကြိုးစားရအုံးမည်။ အရာရာကိုသူများထက်အဆမတန်ကြိုးစားရသည်။ အိမ်တစ်လုံးဖြစ်ဖို့  အကြွေးဆပ်ရန် သားသမီးများ တွက် …

သည်လိုနှင့် နောက်ထပ်ငါးနှစ်ကုန်ခဲ့ပြန်ပြီအကြွေးရှင်းပြီး နေစရာ တိုက်ခန်းလေးတစ်လုံးသာ အဖက်တင်ခဲ့သည်။ ရန်ကုန်ပြန်ရောက်သော် မြင်ကွင်းမှာ ရင်နှင့်ဖွယ်…..

ရှိနေသော တိုက်ခန်းလေးသည်ပင် အပိုင်မဟုတ် အမှားတစ်ခုကို အထပ်ထပ်မှားနေသော်လည်း ဇနီးအား တစ်ချက်မဆုရက် သဖြင့် မည်သည်မှမမေးမိ နှတ်ပိတ်လျှက်…. အတူကြိုးစားလာသော သူငယ်ချင်းများမှာ ပြီးပြည့်စုံပြီ အရာရာအခြေတကျ တချို့ လည်း ရာထူးကြီးများဖြစ် တချိုလည်းလုပ်ငန်းရှင်ကြီးများ ….

သားသမီးများ နောင်ရေးသည်လည်း မခိုင်မာမရှိ မဖြစ်ချေ နောက်တစ်ကြိမ်တော့ နိုင်ငံခြားပြန်ထွက်မှဖြစ်မည် ဒီတစ်ခါတော့ နောက်ဆုံးပဲ နောင်တော့ ဘယ်တော့မှာ နိုင်ငံခြားမသွားတော့ဖူး သားလိုသောတာလုပ်ပေးပြီးရင် ရန်ကုန်မှာပဲ အခြေခြတော့မည်။

၂ နှစ်ဟုမှန်းထားသော်လည်း ဘာလိုလိုနှင့် ၃ နှစ်ရှိခဲ့ပြီ ဘာဖြစ်ဖြစ် အိမ်ရှိပြီ သားတွက် လုပ်ချင်သော လုပ်ငန်းတွက်လည်းအရင်းအနှီးရပြီ အိမ်ပြန်ဖို့ တစ်ပတ်ပဲလိုတော့ သည့်ပျော်ရွှင်ကို စဉ်းစားရင်း ပျော်နေမိသည်။

ဖုန်းမြည်သံကြောင့် …

ဦမောင်မောင်တို့ အိမ်ကပါလား ..

ဦးမောင်မောင် ရုတ်တရက် ဦးနှောက်သွေးကြောပျက်ကာ အသက်ဆုံးသွားကြောင်း …..



လောကကြီးက သူ့ အားမကြည့်ရက်သောကြောင့်လား ဘဝတွင် ထိုအမျိုးသမီးနှင့် လက်ထက်မိသည့်နေ့ မှစ သေဆုံးချိန်ထိ သူမအားအကောင်းဆုံး မဆူရက် မမေးရက် သူမပြုခဲ့သောအမှားများကို ရှင်းရင်း ဘဝတစ်ခုသေဆုံးခဲ့ပြီ

တဖက်မှာတော့ သူမသည် သူမ၏ စရိုက်မပျောက်ပျက်နိုင် ....

သားသမီးများမှာလည်း မိခင်တစ်ယောက်ဖြစ်နေသောကြောင့် မပြောရက် မဆိုရက် ဘဝတွေဟာ ကြေကွဲစရာ ….



မှတ်ချက် ။ ။ နာမည်များကို အဆင်ပြေသလိုမိမိစိတ်ကြိုက်အသုံးပြုထားခြင်းသာဖြစ်ပါသည်။ အမည်များတိုက်ဆိုင်မှူတစ်စုံတစ်ရာရှိလျှင်ခွင့်လွှတ်ကြပါ။
-------------------------------------------------------------------------------------

မေတ္တာဆိုတာ ဘာလဲ မေးခဲ့ရင် စကားလုံး တစ်လုံးတည်းဖြစ် ပြည့်စုံပြောဖို့  မိုးမှာမအရည်ချင်းမရှိပါ။ ကြီးမြတ်လှသော မေတ္တာတရားကို ကိုယ်တိုင်ခံစားမိသလောက်သာရေးခြင်းပါ။
လူသားတိုင်းမှာ မေတ္တာမရှိခဲ့ဖူးသူ ရှိပါ့မလား မရှိနိုင်ပါဖူးလို့ ယူဆမိပါတယ်။မွေးကတည်းက စပြီး တွယ်တာမိကြတာ မိခင်၊ ဖခင်ပါ။ ဘာမှအားစိုက်စရာမလိုပဲ သူ့အလိုလိုကို မိဘနဲ့ သားသမီးတွေကြားကမေတ္တာတွေသူ့အလိုလိုဖြစ်ပေါ်လာတယ်လို့မြင်ပါတယ်။
ငယ်ငယ်ကတော့ တခုခုဆို လူတွေက သြော်ဒါမိဘမေတ္တာဆို ကိုယ်တိုင်လည်း သံရောင်လိုက်မိတာပါ။ သေချာလေးနက် မတွေးမိဖူး လေးလေးနက်နက်လည်း သိချင်တာမရှိခဲ့ဖူးပါဖူး။ကိုယ်တိုင်တော့ မိဘတွေကိုယ့်ပေါ်ထားတဲ့ မေတ္တာကို သိပ်နားမလည်ခဲ့ဖူးလောက်အောင် ညံ့ခဲ့ဖူးတယ်။ မိမိထက် အငယ်တွေကို ပိုပြီးဂရုစိုက်သလို ခပ်ညံ့ညံ့အတွေတွေးလည်းရှိခဲ့ဖူးတာပါ။မိဘတွေက တခြားသူများသားသမီးတွေများ ပေါင်ပေါ်တင်မိ ချီမိရင် မိုးတော့ငိုလို့ မဆုံးနိုင်ခဲ့ဖူး။ဒါကတော့အသက်ဆယ်နှစ်အောက်အချိန် ကခံစားချက်တစ်ခုပါ။

မိဘဆိုတာ သားသမီးတွေတွက် လိုတရအောင်ဖြည့်ဆည်းပေးနေရတာကို ပျော်နေရှာ တတ်တာပါ။ဒါတွေအားလုံးကလည်း ကိုယ့်မောင်နှမတွေကို ကိုယ်ကလုပ်ပေးမိတဲ့ချိန် မိဘကိုတစ်ခုခုလုပ်ပေးမိချိန် ကိုယ်တိုင်ခံစားမှပိုနားလည်လာရတဲ့ ခံစားချက်တစ်ခုပါ။ကိုယ်တိုင်ကလည်း ငယ်ငယ်ကတော့ တခုခုဆို မိဘတွေကို မကြိုက်လို့ မိဘတွေကိုကြောက်လို့ မိဘမကြိုက်တာ မလုပ်ခဲ့ဖူးတာပါ။

ဒါပေမယ့် ခံစားချက်ဆိုတာ အသက်ရွယ်နဲ့လိုက်ပြီးပြောင်းလဲလာတတ်သလိုပါပဲ။ကြီးလာလေလေ မိဘကိုကြောက်လို့ မိဘမနှစ်သက်တာ မလုပ်တာမဟုတ်ပဲ ဒါလေးလုပ်မိရင် မိဘတွေ စိတ်ဆင်းရဲသွားမလား ဆိုတဲ့ခံစားချက်ဖြစ်လာခဲ့တာ ဒါပေမယ့် မိဘရှေ့ မှာရော ကွယ်ရာမှာပါ မိဘမနှစ်သက်မယ့် ခံစား မယ့်စိတ်ပျက်စေမယ့်အရာမျိုးတွေရှောင်တတ်လာပါတယ်။သို့ သော် အရာအားလုံးလား ဆိုတော့ မဟုတ်ပါဖူး ကိုယ်လုပ်လိုက်လို့ ဘာမှမထိခိုက်လောက်တဲ့အရာဆို လုပ်တာပါပဲ ဥပမာ ဆံပင်အ ရောင်ဆိုး တာမျိုးပါ။ အဲဒီမှာ တစ်ခုသိလာတာက မေတ္တာဆိုတာ တစ်ဖက်ကိုထိခိုကအောင်လို့်ဖို့ ဝေးပါတယ် နည်းနည်းလေးမှ မျက်နှာမညိုးစေချင်ဖူး ဥပမာ အဖေတစ်ခုခုခံစာနေတာ မြင်မိရင် ကိုယ်တိုင်ကြေကြေကွဲကွဲ ခံစားခဲ့ရဖူးပါတယ်။အဖေမသိအောင် ကြိတ်ငိုခဲ့ရတာ ဒီခံစားချက်တွေက အပြန်အလှန်မိဘနဲ့  သားသမီးတွေမှာ အမြဲရှိတတ်ကြစမြဲပါ။

မောင်နှမတွေဆိုလည်း ဒီလိုပါပဲ တခါက မောင်လေးကတစ်ယောက်တည်းဆိုတော့ သူနဲ့ခမျာ ညီမတွေအမတွေနဲ့ဆော့ ပျင်းရင် သူ့ ကိုတစ်ဆယ်ချက်ထိုး သူတစ်ချက်ပဲထိုးမယ်ပေါ့ မိုးလည်း ထိုးတမ်းမကစားချင်တော့ ထိုးရင်းမကစားချင်တော့ တာနဲ့ မောင်လေးရင်ဘတ်ကို တစ်ချက်တည်း ထိုးချ လိုက်တာ မောင်လေးရင်ဘတ်အောင့်ပြီးခံစားသွားရတာ မိုးရင်ထဲ ခုထိစဉ်းစားမိရင် အရမ်းခံစားရ တယ်။နောင်လည်းဒီလို ဘယ်တော့မှလုပ်မဖြစ်တော့ဖူး။ ဒါတွေစဉ်းစားကြည့်ရင် မေတ္တာဆိုတာအ မှားတစ်ခုကို ထပ်ထပ်မကျူးလွန်ဖူးလို့လည်း ခံစာမိပြန်ပါတယ်။

နောက်ညီမအငယ်ဆုံး သူကတော့ ဘယ်ကျူရှင် ပဲထားထား မိုးကစာဝိုင်းကျက်ပေးမှရတယ်ထင် ဒါလည်းအစွဲတစ်ခုပါ။ ဒါနဲ့ ညီမက ၁၀တန်းရောက်သူ့ ကိုစာကျက်ပေးရင်း သူကစာမရသေးတော့ အေး ဒီပုံစံနဲ့ ဆို ၁၀ တန်း ၁၀ နှစ်ဖြေတောင်အောင်မှာ မဟုတ်ဖူးလို့  လွတ်ထွက်သွားမိတယ် ပြောပြီးပြီးချင်း မှားမှန်းသိတယ် ဖြစ်စေလိုတဲ့ဆန္ဒမပါခဲ့ပေမယ့် တစ်ဖက်သားတော့ အတော်ခံစားသွားရမှာသေချာပါပဲ။ မိုးကစာရလွယ်မေ့လွယ်ပေမယ့် ညီမကတော့ ရပြီးသား မမေ့တတ်တဲ့သူ။ မိုးထက်လည်းများသာပါတယ် ထူးချွန်ပါတယ်။ မိုးရဲ့ မှတ်မှတ်ရရ အမှားတွေပါ။

ကိုယ်တိုင်မေတ္တာရှိတဲ့သူပေါ်တောင် မမျှော်လင့်ပဲ အမှားတွေလုပ်ခဲ့မိဖူးတာပါ။ အမေ့ပေါ်လည်း ဒီလိုပါပဲ ငယ်ငယ်ကတော့ အမေကလေးမှားလာတာမှတ်လား အမေကို အမြဲစခဲ့မိပါတယ်။ မိဘအရင်းနဲ့တွေ့ ချင်လိုက်တာ အဲ့လိုပြောလည်း အမေဘာမှအပစ်မယူခဲ့ဖူး စဉ်းစားမိတိုင်း သနားမိပါတယ်။မိဘဆိုတာ အတိုင်းဆမဲ့ ခွင့ှ်လွှတ်ခြင်းတွေအပြည့်ရှိနေတတ်တာမျိုးပါ။


ညီမအလတ်ကိုတော့ မိုးကြောင့်ရေနွေးပူလောင်ခဲ့ဖူးတာ စဉ်းစားရင် အရမ်းကြောက်မိတယ် ကံကောင်းလို့  ရှပ်ထိပေမယ့် ပူတာကတော့ပူခဲ့ဖူးတယ် ခုစဉ်းစားမိရင် သူ့ ကိုတောင်းပန်ခဲ့မိရဲ့ လားသတိမရတော့ဖူး။ အဲဒီချိန်မှာ အရမ်းထူပူနေခဲ့မိတဲ့ချိန်ပေါ့...

ဒါတွေဘာလို့ ရေးမိလည်းဆိုတော့ မေတ္တာဆိုတာ အခြေခံ ခံစားချက်ချင်းတူလိမ်မယ်လို့ခံစား မိလို့ပါ။
ဘယ်လိုမေတ္တာမျိုးဖြစ်ဖြစ် ၅၂၈ ဖြစ် ၁၅၀၀ ဖြစ်ဖြစ် အခြေခံကတော့ မိမိမေတ္တာရှိတဲ့သူအပေါ် နည်းနည်းလေးမှ ခံစားမှူဒုက္ခ ထိခိုက်မှူတစ်စုံတစ်ရာ နှစ်နာမှူ ဘယ်သောအခါမှမပြုလုပ်ဖူး ဆိုတာသေချာတဲ့အချက်တချက်ပါ။

မိမိကိုယ်တိုင် မေတ္တာကိုသိမှ မေတ္တာတရားရဲ့ခံစားချက်ကိုနားလည်နိုင်မယ်လို့ယူဆမိပါတယ်။
မေတ္တာတွေကဘယ်လောက်ဝေးဝေး စိတ်တွေကအရမ်းနီးနေတာ နိုင်ငံတွေဝေးမှ ထူးဆန်းစွာ ပိုသိလာရတာ ငယ်ငယ်လို ကဗျာသိ သီချင်းသိမဟုတ်ပဲ လက်တွေ့ခံစာချက်တွေက ဘဝရဲ့အလင်းတန်းတွေပါပဲ။ မိုးဒီမှာ အမှတ်တမဲ့ ဆေးရုံတင်လိုက်ရတယ် အိမ်ကစိတ်ပူမှာဆိုးလို့  မိုးဖုန်းပိတ်ထားမိပါတယ်။ မိုးမှာက ဓါတ်အားသွင်းဖို့ အမြဲမေ့တတ်တာ အိမ်ကသိနေတာ သူတို့ဒီလိုပဲထင်လိမ့်မယ်ပေါ ဒါပေမယ့် အိမ်မှာ အမေကနေလို့ မရဖူး အိမ်ကလူတွေလိုက်လာဖို့ထိစိတ် ဆန္ဒဖြစ်နေတဲ့ချိန် မိုးဆေးရုံရောက်နေတဲ့ချိန် သူတို့ ပြောတာ နားထောင်မိပြီး စိတ်တွေရဲ့မြန်နှုန်းသေချာနာလည်ခဲ့ရဖူးပါတယ်။

ဒါတွေပေရှည်ပြောနေဒါကလည်း ခန့်မှန်းရခက်တဲ့ ခံစားချက်တွေအောက်မှာ လဲပြိုနေ ကြေကွဲကြ တဲ့မြင်ကွင်းတွေ ငရဲဆိုတာ သိထားတာက အဖန်ဖန်သေနေရတာ ဒါကကြားဖူးတာပါ ခုတော့ အဖန်ဖန် ကွဲကြေနေကြတဲ့ နှလုံးသားတွေကိုတွေ့ မိရင်း သြော် ငရဲမှာလည်း ဒီလိုပဲ အဖန်ဖန်သေလိုက် ရှင်လိုက်ဆိုတာလက်ခံမိပါတယ်။

ပတ်ဝန်းကျင်မှာမြင်သမျှ တွေ့ သမျှ ကြားရသမျှဟာ မဖြစ်သင့်မဖြစ်ထိုက်အောင် ရက်စက်မှူတွေကကြာက်စရာကောင်းလှပါတယ်။ မိမိမှာ အိမ်ထောင်ရှိရက်နဲ့ ဒီိမှာလူလွတ်ဟန်ဆောင်ပြီး နောက်တစ်ယောက်နဲ့ တွဲတာဟာ မိမိဇနီး သားသမီး အပြင် တစ်ဖက်က သူပါ အများကြီး ထိခိုက်တာပါပဲ အချိန်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝပါပဲ။ သူတစ်ဖက်သား အချိန်ကို လည်ဖျားတာဟာ သူ့ ဘဝကိုလည့်ဖျားတာနဲ့အတူတူပါပဲ။

မိဘရဲ့ကျေးဇူးတရားက ကြီးမားလွန်းလှပါတယ်။ တုနှိုင်းစရာမရှိပါဖူး။ အမေဆိုတာလည်း မိမိကို အသက်စွန့်ပြီးမွေးခဲ့တာပါ။ မိခင်တိုင်းက အသက်စွန့် ရတာပါပဲနော်ဒီလိုဆို မိမိဇနီးကလည်း မိမိသားသမီးတွက် အသက်စွန့်မွေးပေးရတာပါပဲ။ ဒါလေးတစ်ချက်လောက် စဉ်းစားသင့်ပါတယ်။ (မိခင်နဲ့ ဇနီးကိုနှိုင်းယှဉ်ခြင်းမဟုတ်ပါ)

ဖခင်ဆိုတာလည်း သားသမီးတွက် အချိန်နဲ့ ဘဝ အသက်တွေရင်းးထားရတာပါပဲ။ဒီလိုပါပဲ နော် ခင်ပွန်းဆိုတာလည်း ဖခင်ငွေရှာသလိုပါပဲ စိတ်မပင်ပန်း လူမပင်ပန်းပဲရလားတာမရှိပါဖူး။လောကမှာ မေတ္တာအတုစစ်ခွဲရခက်လောက်အောင် ဟန်ဆောင်မှူတွေကောင်းနေလို့များလိမ်ခံထိတာဆိုရင် လူသားတိုင်းမိမိနဲ့ မသင့်တော်သောသူများနှင့် မတွေ့ ရ မဆုံရ၊ တွေ့ ဆုံခဲ့သော် ဝေးသွားပါစေလို့ တောင်းဆုပြုမိပါတယ်။ တွေ့ မြင်ရ ကြားရတာ ပြောရမယ်ဆို အတော်စိတ်မကောင်းလွန်းလို့ ပါ။ သူငယ်ချင်းတစ်ယောက်အစား မခံနိုင်လွန်းလို့ရေးရတာပါ။ ဘာဖြစ်ဖြစ် လူဆိုတာကတော့ မိမိစိုက်ပျိုးသည့်အတိုင်း ရိပ်သိမ်း ရမယ်ဆိုရင်တော့ ဝဋ်ကြွေးမကင်းခဲ့လို့ ပဲဆိုရမှာပဲ။ ဖြစ်သမျှဝဋ်ကြွေးကြီးပဲပုံချပြီးနေရင်တော့ အဟောင်းတွေအသစ်တွေ သံသရာကွင်းစက်ကလွတ် ကင်းနိုင်တော့မှာမဟုတ်တော့ပါဖူး။ ကံတရားဆိုတာလည်း တကယ်တော့ ကောင်းဖို့ ဆိုးဖို့ ကို ကိုယ်ကပဲဖန်တီး ခဲ့ကြမိတော့ အတိတ်ဘဝတွေတော့ မသိပေမယ့်  ယခုဘဝတွေမှာတော့ တက်နိုင် သလောက် ထိန်းဖို့ တစ်ခုပဲလုပ်နိုင်တာပါ။

ဒီစာဖတ်ပြီး တစုံတရာ စိတ်အနှောက်ယှက်ဖြစ်ခဲ့သော် တောင်းပန်ပါ၏။ အမှားရှိခဲ့လျှင်လည်း ခွင့်လွတ်ကြပါ။ ပြင်ပေးစရာ များရှိလည်း ဆုံးမခဲ့ကြပါ။ စာလုံးပေါင်းလည်းအလွန်မှားတတ်ကြောင့် ကြိုတင်တောင်းပန်ပါသည်။
စကားလုံးများရင့်သီးခဲ့သည်ရှိသော် အညွန့်ညွန့်တောင်းပန်ကြောင်းပါ။ မတတ်တစ်ခေါက်ဥာဏ် လေးဖြစ်ခံစားမိသလောက်ပါ။


၇ ရက်သားသမီးများအားလုံး စိတ်ရောကိုပါအေးချမ်းပါစေ...


သာယာချမ်းမြေ့ပါစေရှင်း
မိုး

Wednesday, October 12, 2011

သီတင်းကျွတ် ကန်တော့ပန်း _/\_ _/\_ _/\_



















သီတင်းကျွတ်လပြည့်နေ့ နံနက်အာရုဏ်ဆွမ်းတော်









ကျေးဇူးကြီးမားလှသော အနန္တော အန္တငါးပါးနှင့်တကွ အနမတဂ္ဂသံသရာမှ ယခုမြတ်မှောက်ဘဝတိုင်အောင် မိမိထက် ကြီးသူ ငယ်သူ ရွယ်တုတန်းတူတို့ပေါ်တွင်လည်းကောင်း သီလ သမာဓိ ပညာရှိသော သူတော်စင်ပေါ်တွင်လည်းကောင်း ကာယကံ ဝစီကံ မနောကံ တပါးပါးသောကံဖြစ် ပစ်မှားကျူးလွန်ခဲ့သည်ရှိသော် ထိုအပစ်တို့မှ သည်းခံပါရန် ကျေအေးပါရန် ခွင့်လွှတ်ပါရန် ဝန်ချ တောင်းပန်ကတော့ပါ၏။ သည်းခံတော်မူပါ ကျေအေးတော်မူပါ ခွင့်လွှတ်တော်မူပါရှင်းးးးး

၇ရက်သားသမီးးများအားလုံး စိတ်ရောကိုပါကျမ်းမာပျော်ရွှင်တဲ့ သီတင်းကျွတ်ရက်မြတ်ကိုပိုင်နိုင်ကြပါစေ….
သာယာချမ်းမြေ့ပါစေရှင်း
မိုး


P.S ရန်ကုန်ရောက်စဉ်ကဘုရားဖူးခဲ့သောပုံပါ။






















Sunday, October 9, 2011

မကြည့်ရက်သောမြင်ကွင်း

ဒီနေ့ တနင်္ဂနွေနေ့  အမ်အာတီကတော့လူများမည် နေရာတနေရာရရင်တော့ကောင်းမည်တွေးရင်း ကံကောင်းတော့ နေရာက ရပြီသို့နှင့် မျက်စိမှိတ်ကာ မှေးတော့မည် မျက်လုံးလေးအသာမှိတ် ထို့ နောက် မျက်လုံးတစ်ချက်ပြန်ဖွင့်မိသည်။ မျက်စိရောက်သွားသည်မှာရှေ့ကဖြူရောင်ဖိနပ်ဆီသို့ ………….

ဖိနပ်ဖြူရောင်လေးသည် သက်သောင့်သက်သာဖြစ်မည့်ဟန်ပေါ်သလို ဒီဇိုင်းလည်းရိုး ရှင်းပြီးလှသည်။ တွေးရင်း အပေါ်သို့တစ် ချက်မော့ကြည့်မိချိန် ဟောမျက်ရည်များပေါက်ပေါက်ကျနေသော မျက်နှာကို ကြည့်မိသဖြင့် ဘာကြောင့်ငိုတာလည်း လူတွေများ ကြီးရှေ့မှာ ငိုရလောက်အောင် သူမမှာဘာများဒီ လောက်ခံစားနေရလဲ သူမမိသားစုဝင်များ… ဒါမှမဟုတ် သူမစာမေးပွဲရည်မှန်း ချက်များလွဲလို့လား….. တွေးရင်း ကြည့်မိတာသိရင်သူမရှက်သွားမလား မျက်လုံးပြန်မှိတ်သို့ သော စိတ်ကမနေနိုင်ပြန်ကြည့် မိပြန်သသည် သူမမျက်ရည်များအဆက်မပျက်စီးကျနေဆဲပင်……..

စိတ်ထဲမနေနိုင် အင်းထစ်ရှူးပေးလိုက်ချင်မိ သူမအိပ်ထဲလက်တစ်စုံတစ်ခုရှာနေသည် အင်းထစ်ရှူးပဲနေမှာ သူမမှာထစ်ရှူးမပါ သူမလက်ချောင်းလေးများဖြစ်မျက်ရည်များသပ်ချလိုက်သည်။ အိပ်ထဲမှာ ထစ်ရှူးကိုထုပ်လိုက် အိုမဖြစ်သေးဖူး သူမရှက်သွားမလား ဟူးးးးးးးးစိတ်ထဲမကောင်းဖူး မှေးချင်သောစိတ်ဘယ်နားရောက်သွားမှန်းမသိ….ဆင်းရတော့မည်။
…………………………………………………………………………………………………………………….


ညီမ ရှေ့တိုက်က တိုက်ပေါ်ကခုန်ချလို့  လာသွားကြည့်ရအောင်……
အမလေးသတ္တိရှိလိုက်ကြတာ....
မကြည့်ရဲပါဖူး…..

အိမ်ရှေ့မျက်စောင်းထိုးနားမှာ အဝါရောင်ကြိုးများကာထာလျှက် လူအုံနေသည်။ မိသားစုဝင်များ သေသူ၏နံဘေး ငုတ်တုပ်လေး တွေသာအပေါ်ကမြင်ရသည်။ ရင်ထဲမခံစားနိုင် ဆက်မကြည့်ချင် အခန်းထဲပြန်ဝင် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မိမိကိုယ်ကိုသတ်သေရလောက်အောင် သူ့ မှာဘယ်လောက်များစိတ်ခံစားမှူတွေရှိလဲသူသာသိဆုံးပါ။ အပစ်မယူလိုပါ။ အသက်စွန့်ရ အောင်နာကျင်ထိခိုက်မှူမျိုး သူခံစားရလို့ သာ…..သူထွက်ပေါက်ဟာ ဒါကောင်းဆုံးဖြစ်မယ်ထင်မှတ်ပြီး သူရွေးချယ်ခဲ့ခြင်းဖြစ်မည်လား။ တစ်စုံတစ်ယောက်ကသည် သူ့ ခံစားချက်ကိုသိလျှင် နားလည်ပေးမည် အားပေးမည် ဝိုင်းကူဖြေရှင်းပေးလျှင်သူ ဒီလိုဖြစ်ပါ့မလား အတွေးတွေစုံလာသည်။

အသက်ရှင်နေရတဲ့အချိန်တိုလေးမှာ ဘာလို့ များ သူတဖက်သား အသက်စွန့် သွားရလောက်အောင် ခံစာမှူတွေပေးကြတာလဲ လောကမှာဘာလို့ များသူတဖက်သား ထိခိုက်သွားမည်ဆိုတာ နည်းနည်း လေးမှမတွေးကြတလဲ သူ့ မိသားစုဝင်တွေအတွက်လား ရည်မှန်းချက်တွက်ပဲလား အကြွေးတွေတွက်လား လောကကြီးကိုလက်မြှောက်အရှုံးပေးသွားရလောက်အောင်သူ့ကိုဘာအရာကများ တွန်းအားပေးခဲ့တာလဲ.. တွေးရင်းးး

လောကကြီးမှာ မိမိကသူတပါးပေါ်မထိခိုက်အောင် ကံသုံးပါးထိန်းရသလို
မိမိပေါ် သူတပါးမထိခိုက်နိုင်အောင်လည်း နေရပြန်တယ်။
သည်းခံနိုင်သလောက် သည်းခံနားလည်းပေးနိုင်သလောက်နားလည်ပေးဖြည့်တွေး ဒါမှအဆင်မပြေနိုင်သေးရင်
အကောင်းဆုံး အဲဒီနေရာကလွတ်မြောက်အောင်ကြိုးစားတာသဘာဝပါပဲ။
ခက်တာက သက်စွန့် ပြီးလွတ်မြောက်အောင်ရွေးခဲ့တာတွက်စိတ်ထဲမကောင်းခဲ့ဖူး။
မသေခင် ဘယ်လောက်များနာကျင်ခံစားရလိုက်မလဲ....
ဒီဘဝဒီမျှနှင့်ပင်ဝဋ်ကြွေးကုန်ပြီး ယခုလိုဖြစ်ဆိုးတွေမကြုံပါစေရန်တောင်းဆုပြုပါသည်...



လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...
င်္အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ...
ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ...
နိုင်ထက်စီးခြင်း အချင်းချင်းကင်းရှင်းကြပါစေ...

၇ရက်သားသမီးများအားလုံး ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ...
သာယာချမ်းမြေ့ပါစေရှင်း
မိုး


P.S ညကတစ်ညလုံးအိပ်မရပါ။ အရှေ့ မှာ...

Friday, September 23, 2011

*** မြစ်ဧရာ ***


ကမ္ဘာ့ပထဝီမြေကြီး၌
မြန်မာ့ပထဝီမြေကြီး
မြန်မာ့ရေမြေတောတောင်
မြန်မာ့မြစ်ချောင်းအင်းအိုင်
မြန်မာ့အသက်သွေးကြောဖြစ်သည့်
“မြစ်ဧရာသည်”
မြန်မာ့မြေပုံတွင်
ကမ္ဘာတည်သရွေ့တည်ရှိပါစေရန်
ဆန္ဒပြုလျှက်


တိုင်းသူပြည်သားများအားလုံး၏ဆန္ဒများလည်းပြည့်စုံပါစေ…..



၇ ရက်သားသမီးများအားလုံးစိတ်ရောကိုယ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Friday, April 8, 2011

သင်္ကြန်နှင့်အတူအလွမ်းများ



ငယ်ငယ်က အဖေဝယ်ပေးခဲ့ဖူးတဲ့ ပန်းကုံးလေးနဲ့ ရေဖလားလေးကိုလွမ်းတယ်။

ဘော်လုံးလေးတွေထဲ ရေထည့်ပြီး ရေကစားခဲ့ဖူးတဲ့ ကလေးဘဝကိုလွမ်းတယ်။

နံနက်စောစော ပိတောက်ပန်း လာပို့တဲ့ လမ်းထဲက ကလေးလေး တပည့်လေးကိုလွမ်းတယ်။

တစ်အိမ်နှင့် တစ်အိမ် အပြန်အလှန် မုန့် ပို့ ခဲ့ဖူးတဲ့ မြန်မာတို့ ရဲ့အလေ့အထလေးတွေကိုလွမ်းတယ်။

မောင်းသံတညံညံနဲ့ သရက်သီးဆားရည်စိမ် မရမ်းသီးတွေရောင်းတဲ့ တွန်းလှည်းကြီးကိုလည်းလွမ်းတယ်။

ကျောင်းတော်ကြီးနဲ့ ဆရာမ သူငယ်ချင်းတွေရယ် ကျောင်းအဝင်ဝက ဂန္တဝင်ဆိုင်ရဲ့ မျိုးကြီးသီးချင်းသံ မေ့မရ ဆုံနေကြ ရွှေတြိဂံဆိုင်က စိုးမြင့်ကြော်၊ လက်ဖက်ထမင်းးသုပ်နှင့်အတူ ကျောင်းသင်္ကြန်ကိုလည်းလွမ်းတယ်။

အောင်သုခကျောင်းကိုလည်းလွမ်းတယ်။ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်မည့်နှစ်ဆန်းတစ်ရက်နေ့ကိုလည်းလွမ်းတယ်။

၃ နှစ်တာ သင်္ကြန်ဆိုတဲ့အနှစ်သာရနဲ့ကွဲကွာနေပေမယ့် မြန်မာနိုင်ငံပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့စွာမြင်ခွင့်ရ ကြားခွင့်ရလည်း ဒါဟာ ပျော်ရွှင်ခြင်းတစ်မျိုးမို့  မင်္ဂလာရှိသော နှစ်သစ်မှာ မြန်မာတစ်နိုင်ငံလုံးဘေးကင်းရန်ကွာ အနှောက်အယှက်ကင်းကင်းဖြစ် ပျော်ရွှင်စွာ ရေပက်ကစားနိုင်ကြပါစေရန် ဒီနေရာကနေပဲ ဆုတောင်းလိုက်ရပါတယ်။

စာလာဖတ်သူ မိတ်ဆွေအပေါင်းတို့ အားလည်း ဒီနေရာလေးကပဲ ငွေဖလားကြီးထဲက နံသာရေလေးနဲ့ ရေခဲရေ ကိုအောင်သပြေခတ်က လေးနဲ့ ပက်ဖြန်းလိုက်ကြောင်းပါ။း))))) အားလုံး မင်္ဂလာရှိသော နှစ်သစ်လေးနှင့်အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ရက်များကိုပိုင်နိုင်ကြပါစေ....

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Wednesday, March 9, 2011

တွေ့ ဖူးသမျှ (၁)

တွေ့ ဖူးသမျှ (၁) အဆက်ပါ။

ကမ္ဘာကြီးတစ်ပတ်လည်သလို သံသရာကြီးတပတ်လည်ပြန်သည်။ ပျော်နေသောမိသားစုလေး သားသမီး တွေတွက်ထားခဲ့သောရည်မှန်းချက် စိတ်ကူးအိမ်မက်များ ဒီနေ့ပျက်စီးခဲ့ပြီ။ စားပွဲပေါ်တွင်တင်ထားခဲ့သော စာကိုဖတ်မိရင်း လုပ်ရက်လိုက်တာသမီးရယ် …..

အိုး မျက်ရည်ကျလို့ မဖြစ်ဖူး မိဘမျက်ရည်တစ်စက် သားသမီးဆင်းရဲ့တစ်သက် တဲ့ မဖြစ်ဖူး မဖြစ်ဖူး ငါ့သမီးလေး ဘေးတွေ့ နေပါအုံးမယ်။ ရင်ထဲစို့ နစ် စိတ်ထောင်းတော့ကိုယ်ကျေဆိုသလို အိပ်ယာထဲဘုန်းဘုန်းလဲ ရတော့ သည်။
အတွေးများအတိတ်ဆီသို့  အော်တစ်ချိန်က ကျွန်ုပ်ဒီလမ်းလျှေက်ခဲ့ဖူးစဉ် မိခင်အိပ်ယာထဲလဲ နှစ်အနည်းငယ် တွင်း အသက်သေဆုံးခဲ့ရသည့်အဖြစ်ကို တွေးမိသည်။ ချက်ချင်း အိပ်ယာမှထ သမီးလေးကိုရှာမှပဲ ဖြစ်လာမှ တော့ အကောင်းဆုံး မိဘတို့ တာဝန်ရကောင်းဆုံးသာ ဆောင်ရွက်ပေးရမည်။ သမီးလေးနေရန်အိမ် လုပ်ငန်းကစတည်ထောင်ပေးသည့်ပြင် နွေးထွေးသောမိဘမေတ္တာကို အစဉ်ပေးလျှက်သာ........

*****************************************************************************
ရှေ့ ပိုင်းက တန်းလန်းဖြစ်နေတာကြောင့် အကျဉ်းချုပ်သာရေးလိုက်ရပါသည်။ စာများအစီစဉ်မကျမှုကို သည်းခံဖတ်ပေးကြသော စာဖတ်မိတ်ဆွေများကို အထူးကျေးဇူးတင်လျှက်ပါ။ မိုးက လက်တွေ့ ဘဝလေးတွေကို ပိုစိတ်ဝင်စားတတ်သူပါ။ ကျောင်းစာကလွဲရင် တခြားစာဖတ်တာ အလွန်အလွန်ကိုနည်းခဲ့တာ မိုးရဲ့အားနည်းချက်တစ်ခုပါ။ ရေးချင်ပေမယ့် အစဉ်ပြေအောင်မရေးတတ်သေးပါ။ သို့သော် စာရေးချင်စိတ်ကလည်းရှိနေပြန်ပါတယ်။ ငယ်ငယ်ကလိုတော့ဟုတ်ဖူး ခုတော့စာဖတ်တာက အဖော်လိုဖြစ်လာပါတယ်။ မအားတာကြောင့် ရေးမယ့်စာကို အရှည်မရေးလိုက်နိုင်ပါဖူး။ ခွင့်လွတ်ပေးကြပါ။း)

၇ ရက်သားသမီးများအားလုံး စိတ်ရောကိုယ်ပါ အေးချမ်းလို့ 

သာယာချမ်းမြေ့ပါစေရှင်း

မိုး

Thursday, March 3, 2011

ဒီလိုခေါ်ခဲ့ကြပါသည်း)



မိုးခါးလေး တဂ် လိုက်တဲ့ပိုစ့်ပါ။


မိုးနာမည်အရင်း " မိုး "ပါ။ မိုးတစ်လုံးတည်းတော့ဟုတ်ပါဖူး။ အဖေက ဘယ်လိုရည်ရွယ်ပေးတယ်တော့မသိပါဖူး ကိုယ်ကိုယ်တော့ ရွာနေတဲ့မိုးကိုမရည်ရွယ်ပါ။ မိုးမိသားစုမိတ်ဆွေအပေါင်းသင်း တွေကြားခွဲခွါရ တိုင်းမိုးအမြဲပြော လေ့ရှိတာက မိုးကိုသတိရရင် မိုးသားကြီးကိုမော့ကြည့်လိုက်ပေါ့လို့  အမြဲပြောလေ့ရှိပါတယ်။

အဖေ ကတော့ အမြဲသမီးပဲခေါ်ခဲ့ပါတယ်။ မိတ်ဆွေတွေကို မိတ်ဆက်ပေးချိန် သမီးကြီးပါ။ အဖေ့ရဲ့သမီးလို့ ခေါ်တဲ့အသံကကို အရမ်းလည်းနှစ်သက်သဘောကျမိပါတယ်။ အဖ့ခေါ်သံတွေထဲမှာ ဂရုဏာသံ လေးတွေပါ နေလို့ ပါပဲ။ တခါတခါလည်း မောင်နှမတွေခေါ်သလို မမကြီး ထည့်ပြောမိတတ်ပါတယ်။ မမကြီးကတော့ တော်တော့်ကို တွင်သွားတယ် ဆိုရမှာပါပဲ။ အဒေါ်အိမ်သွားလည်လည်း အဒေါ်ယောက်ခမ အိမ်က မိုးကိုခေါ် တာ မမကြီးပါပဲ။ မိုးကပြန်ခေါ်တာ အဖိုးနဲ့အဖွားပါ။

အမေကတော့ သမီးခေါ်ပေမယ့် နာမည်ခေါ်တာသာများခဲ့ပါတယ်။ တစ်ခါတလေ ကြည့်မရရင် ရောဂါသည်တဲ့ ။

အဒေါ်တွေ ဦးလေးတွေကတော့ နာမည်ပဲခေါ်ပါတယ်။ ဦးလေးတွေက တစ်ခါတစ်လေ ပဲပင်ပေါက် ပဲပြား ခေါ်ပါတယ်။ ဘလို့ခေါ်လဲတော့ စဉ်းစားသာကြည့်ပါတော့နော်း) တစ်ခါတစ်လေ တစ်ဦးအရူးတဲ့ အရူးမတဲ့ အပေါမ ပေါတောတော ငပေါမကြီး ခေါ်ချင်သလိုခေါ်ကြပါတယ်။ မိုးကလည်း ကိုယ့်နာမည်မခေါ်ရင် စိတ်သာချ ပြန်မထူးတတ်ပါဖူး။ ဒါနဲ့ မေးကြည့်တော့ တစ်ဦးကလေးကို အရူးအမူးချစ်ကြလို့  တစ်ဦးအရူးခေါ် တတ်ကြ တယ်တဲ့ ဟုတ်မဟုတ်တော့မသိပါး)

မောင်နှတွေမှာတော့ အကြီးမို့  မမကြီးပေါ့။ ညီမတွေကတော့မမိုး မောင်တွေကုန်လုံးမတော့ မမကြီး မိုးမှာ တစ်ဦးတည်းသောမောင်လေးကလွဲလို့  မိုးနဲ့တစ်နှစ်ကျော်ကျော်ကွာတဲ့မောင်လေးကနေ ခု သူငယ်တန်းက လေးမောင်ထိဝမ်းကွဲတွေရှိပါတယ်။

ကျောင်းမှာတော့ မှတ်မှတ်ရရ မသုဓမ္မစါရီလို့  တော်တော်နာမည်တွင်ခဲ့ဖူးပါတယ်။ ဒါနဲ့နောက် နောက်တစ်နှစ်နှစ်ကျ ကတုံးမြင်ပြန်တော့ ပိုဆိုးပေါ့။ တစ်ခါ မိုး ၁၀ ပြီတော့ အတန်းထဲကကျောင်း သားတစ်ယောက် မနေနိုင်လိုက်မေးသေးတယ် ဆံပင်တုလားတဲ့ အော်ဖြစ်မှဖြစ်ရလေ သူမေးတာကို ရီပဲနေလိုက်မိပါ တော့တယ်။ ငယ်သူငယ်ချင်းတွေခေါ်တာ တော့ မိုးလေး ပါ ။တစ်ခါမြတ်မွန်ကမိုးလေးလို မန့်တော့ ငယ်သူငယ်ချင်းအရင်းခေါ်လိုက်ပျော်မိပါတယ်။

လမ်းထဲက ကလေးတွေက မမမိုးတဲ့ ကော်မန့်လာပေးတဲ့ သူထဲမှာ မမမိုးလို့ မြင်မိရင် အဲ့ဒီကလေးကို အရမ်းသတိရ ပါတယ်။

ခုအကိုတွေ အမတွေက ခေါ်တာလည်း မိုးပါ။ မမိုးလို့ လည်းခေါ်တတ်ပါတယ်။ ငယ်တဲ့သူမတတ်ခေါ်တာ နှစ်သက်ပေမယ် အကိုကြီးကြီးတွေ မတတ်ခေါ်ရင် တမျိုးကြီးပဲ။ ပြောရင်တော့ လေးစားသမှုနဲ့ပေါ့ ပြီးတော့သူတို့ ကိုယ်သူတို့ နုချင်တာပါ။မောင်လေးတစ်ယောက်က တစ်ခါတခါမက်စေ့ပို့ တတ်တယ် အဖွားမိုးတဲ့ အေးရော။ နောက်မောင်လေးတစ်ယောက်ကခေါ်ပါတယ် ဂျီးတော်မိုးတဲ့  ကုန်ပါပြီ အရွယ်သုံးပါးးD

တခါကပလာဇာမှာ ဈေးသွားဝယ်တာ ဆိုင်ထဲက အသက် ၆၀ ကျော်လောက်ရှိမယ် မိုးကိုခေါ်လိုက်ပါတယ် အမတဲ့းD
မိုးကပြန်ညီမလေးလို့ ခေါ်ရတာလည်းခက်သား အမေ့ထက်ကြီးမယ့်ပုံဆိုတော့ လောကကြီးမှာခုထိ မိုးလိုက်ရောညီထွေ မနေတတ်သေးပါ။

အဆောင်ကအမတွေကတော့ ရုံးကပြန်လာလို့  ဟင်းအဆင်သင့်ချက်ထားရင်ဖြစ်ဖြစ် လက်ဖက်သုပ်ပေးရင်ဖြစ်ဖြစ် ခေါ်တတ်တယ် ချစ်မိုးတဲ့ သူတို့ လိုတာလေးတွေဝယ်လာပေးရင် မေမိုးတဲ့ တစ်ခါတလေ မမိုးလေးတဲ့ တစ်ခါတစ်လေ သူတို့ ပြောတာနားမလည်ရင် တော်ပြီဒီပျိုကြီးကို ပြောတော့ဖူးတဲ့လေ။ အပျိုမကြီးသေးဖူးဆို ဒါဆိုပျိုလေးလို့ ရွဲ့ တဲ့တဲ့ခေါ်သေးတယ်။ ဘယ်လိုပဲခေါ်ခေါ်ပါ မိုးစိတ် မဆိုးတတ်ပါဖူး။ ဒါပေမဲ့ ဒီ ဘလော့နာမည်နဲ့ပက်သက်ပြီး စိတ်မကောင်း ဖြစ်ဖူးတာတော့ရှိပါတယ်။

ဒီဘလော့နာမည်လေးကိုပေးခဲ့တာ မိုးကိုယ်တိုင်လည်းနှစ်သက်တယ် မြတ်နိုးပါတယ်။ တခါ ဒီနာမည်နဲ့ပက် သက်ပြီး ခနဲ့တဲ့တဲ့ရေးသွားဖူးတာတွေ့တော့ အတော်စိတ်မကောင်းဖူး ကိုယ့်ဘလော့ မှာရေးတာတော့ဟုတ်ပါဖူး ဘယ်သူဆိုတာကိုတော့မိုးလည်းမသိချင်ဖူး။ နောက် မိုးကော်မန့်ရေးတာမဟုတ်ပဲ မိုးနာမည်နဲ့တွေ့ လို့ အတော်စိတ်မကောင်းဖြစ်ဖူးတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း တဖက်သားဝမ်းနည်းမိအောင်မရည်ရွယ်လည်း တဖက်သားကဝမ်းနည်း သွားတာမျိုးရှိတယ်။ ဘာဖြစ်ဖြစ် တိုတောင်းလှတဲ့ဘဝထဲမှာ အေးချမ်းချမ်း လေးပဲဖြတ် သန်းသွားချင်မိပါတယ်။
ခါးလေးရေးပြီးသွားပြီးနော်။ သူ့ လိုတော့ ကြွားစရာတစ်နေရာ ရောင်လို့တောင်မရှိပါ။ မမူးသေးဖူးနော် ဟွန့့်် ဒက်ပေါက်တယ်ဟုတ်းD


အားလုံးသာယာချမ်းမြေ့ပါစေရှင်း
မိုး





Wednesday, March 2, 2011

တွေ့ ဖူးသမျှ (၁)

ဒီနေ့ အတန်းလစ်ပြီး သူငယ်ချင်းတစု ဘုရားသွားဖို့ တာဆူနေကြသည်။ ဒီနေ့  ကျနော့ဘဝတစ်ခုလုံးတွက် အမှတ်တရဆုံးနေ့ပင်။ အေးချမ်းသော ဘုရားရင်ပြင်တော်ပေါ်တွင် ကိုယ်စီဘုရားဝတ်ပြုနေသည်ကြားမှ ကျနော် သတိပြုမိသူကား ဘုရားဝတ်ပြုတာမတွေ့ သို့ နှင့် ကျတော် သူမဝတ်ပြုတဲ့ချိန်မတွေ့ မိတာနေလိမ့်ဟု တွေး လိုက်မိသည်။ ထိုနေ့မှစ ကျနော်သူမ၏ပုံရိပ်များ မေ့မရ ကျနော်ရင်ထဲ နောက်ကြိမ်ပြန်ဆုံအောင် တောင့်တ နေမိသည်။

ကမ္ဘာကြီးကျဉ်းလွန်းသည်ဆိုတာ ကျနော်ယုံပြီ။ ကျနော့်၏ပြင်းပြသောခံစားချက်ကြောင့်လား ကျနော်တို့ ရေစက်ရှိသောကြောင့်လား ကျနော်သူမကို နောက်တစ်ကြိမ်ဆုံပြန်ပြီ။ ကျနော့သူငယ်ချင်းကျောင်းလိုက်လည် သည့်နေ့ပင်။

"မ" သည်ကျနော့ထက် အတန်းကြီးယုံမက ထက်မြတ်သွက်လက် သောမိန်ခလေးတစ်ယောက်ဖြစ်သည်။ ကျနော်ကလေးဆန်လွန်းသ လောက် "မ" အရာရာစေ့စပ်သေချာလုပ်ကိုင်တတ်သူ။ "မ" အချစ်ကို ကျနော့်ရဖို့ ခက်ခဲလွန်းလှသည်။ သို့ သော် ကြိုးစားသမျှအရာ ထင်လာခဲ့ပြီ "မ" အချစ်ကို ခက်ခဲစွာရပြီး "မ"ကျနော့ကို လက်ခံတာဘယ်တော့မှ နောင်တမရစေရဖူး ယုံကြည်ပြီးလက်ခံပေးတဲ့ "မ" တွက် "မ" ယုံကြည်မှုကိုမှန်ကန် အောင် ကျနော်ဘဝနဲ့ရင်းပြီးသက်သေတည်ပါတယ်။

တကယ်တော့ အခက်ခဲမှုန်တိုင်းက "မ"နဲ့ကျနော့်ကြား အဖြေမပေးခင်တည်းကရှိနေတာ ချစ်မိခဲ့ပြီးမှနောက်မ ဆုတ်နိုင်ပဲရှေ့တိုးမိတဲ့ ကျနော် အရာရာရင်ဆိုင်ဖို့ ပြင်ဆင်ပြီးမှ ရှေ့တိုးခဲ့မိလို့  မည်သို့ ပင်ခက်ခဲသော်လည်း ကျနော်နောက်မဆုတ်ဖို့ ဆုံးဖြတ်ပြီးသာ။ အကြောင်း ကား နှစ်ဖက်မိဘလက်မခံနိုင်သော အခြေနေပင်။ မိဘတွေအပစ်မဟုတ် ကျနော့်နှလုံးသား၏ တောင်းဆိုခြင်းကိုကျနော် မတားနိုင်ခြင်းသာ။

"မ"ကိုအိမ်ထောင်ချပေးတော့မည့်သတင်း ကျနော့်ရင်ထဲ ပူလောင်လွန်းလှသည်။ ကျနော် "မ"ကို အဆုံးရှုံး မခံနိုင်ဖူး။ တစ်ခုတည်းသောနည်းက ခိုးပြေးရန်သာ။ မိဘအဆင်ပြေအောင်ညှိလို့ မရသည့် ဘာသာရေး ကခြားနားနေတော့ ဒီနည်းအပြင်ရွေးစရာလမ်းမရှိချေ။

ကံဆိုးရွားလွန်းသည့် ကျနော်တို့ နှစ်ဦး "မ"ကို သွားခေါ်ရာ လမ်းထိပ်တွင်ပင်မိလေသည်။ "မ" အကိုမောင် သူငယ်ချင်းတစ်ခုလက်ချက် ကြောင့် ကျနော် မသေရုံတမယ်။ ပြင်းဖျားတွေတက်တာတောင် "မ"ကိုသာ ယောင် ရမ်းခေါ်နေမိသည်။ ကျနော့မိသားစု ကျနော့်ကို နောက် ဆုတ်ဖို့ ထားနေရက်ကျနော် နှလုံးသားထဲရှိသူနဲ့သာ ကျနော်ဘဝတစ်ခုတည်ဆောက်ချင်တာ အပြစ်လား။ကျနော်လဲလို့မဖြစ်ဖူး အိပ်ယာ ထဲကုန်းရုံးထ "မ"သူငယ်ချင်း များကို ကူညီတောင်းသော်လည်း "မ" ကိုနယ်ပို့ ထားမှန်းသိလိုက်သည်။

သတင်းစာဟောင်းတွေဝယ်တယ်။ ဒန်အိုးဒန်ခွက်တွေဝယ်တယ်။ အိမ်ရှေ့မှအထမ်းသည်ကို အဖွားက လှမ်းခေါ်လိုက်သည်။ ရှိသမျှသတင်း စာဟောင်းကို ယူကား ကျမ ရှေ့ထွက်လာစဉ် ခပ်နွမ်းနွမ်း ဦးထုပ် ငိုက်ငိုက်စောင်းထားသောသူက "မ"ခေါ်တော့မှ ကျမနှလုံးသားတစ်ခု လုံးအားအင်အပြည့် ပေါ့။

အဲဒီနေ့ ဘဝဆိုတာကို သုညကစ တည်ဆောက်ခဲ့ရသည့်နေ့ ငှက်ပျော်သီးတစ်လုံးဟာ ညစာအဖြစ်စားခဲ့ရတဲ့နေ့ ဘဝ၏ ခက်ခဲများ ကျုကျော်ဖြတ်ခဲ့ပြီး တစ်ဦးကိုယ်တစ်ဦးနားလည်မှုအပြည့်ဖြစ်ဖြတ်သန်းခဲ့ခြင်း နှစ်ဖက်သိုင်းဝိုင်းစာနားပေးထားခြင်းကြောင့် ကျနော်တို့ နှစ်ဦးဘဝအရာရာဟာသာယာစိုပြေလာသည်။

ခုတော့ သားသမီးများနှင့် ကျနော့်ကိုမိသားစု လေးတစ်ခုဖန်တီးပေးတဲ့ "မ" ပထမအရွယ်မှာ သွက်လက်ထက်မြတ် ပြီ ချစ်စရာကောင်းသလို ဒုတိယအရွယ်မှာ မိခင်တစ်ယောက်မေတ္တတွေဝေနေခဲ့တဲ့ အလှ တတိယရွယ်မှာ အေးချမ်းတဲ့ အပစ်ကင်းစင်လွန်းတဲ့ "မ" ရဲ့အလှတွေက ကျနော့်တွက်တော့ ဘုရားကပေးတဲ့ဆုလဒ်ကို မြတ်နိုးတဲ့ဆုလဒ်ပဲလား။

တွေ့ ဖူးသော မြင်ကွင်းတစ်စုံကိုပါ။ တကယ်ပြောချင်သောအကြောင်းကမရောက်သေးပါဖူး အလုပ်လည်း မအားတာကြောင့် ဒီနားတင်ရပ်ထားလိုက်ရခြင်းပါ။
အားလုံးသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ကြပါစေရှင်း
မိုး

Wednesday, February 16, 2011

"မေ"

ဒီနေ့ နေ့လည်စာအတူစားရန်နောက်ဆုံးနေ့သာဖြစ်တယ်။ ဝမ်းနည်းခြင်းများနှင့်အတူ နှတ်ဆိတ်လို့ ငိုချင်သော မျက်လုံးများကိုရှောင်ကာ တည်ငြိမ်သောစိတ်ကိုထားပြီး ဒီနေ့နေ့လည်စာဟာ ဘဝရဲ့အမှတ်တရများထဲတွင် အမှတ်တရတစ်ခုဖြစ်သည်။

လူသားတိုင်း တွေ့ ကြဆုံကြခွဲခွါကြရမည်မှာ အဆန်းမဟုတ်သော်လည်း မိမိနှင့်စိတ်ချင်းအနီးဆက် သူနဲ့ဝေးရင်ပိုခံစားတတ်စမြဲမို့  လောကရဲ့မတည်မြဲခြင်းတွေကို ကြံကြံခံယုံပေါ့။

ငယ်ငယ်တည်းက မိုးမှာခုချိန်ဆို သူငယ်ချင်းတွေရေတွက်မရပါဖူး။ နှစ်တွေပြောင်းသလို သူငယ်ချင်းသစ် တွေလည်းတိုးခဲ့ပါတယ်။ ဒါပေမဲ့ မိုးနဲ့တူဘေးချင်းထိုင်တဲ့သူငယ်ချင်းတစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေကို မရင်းနှီးတတ်ဖူး။ တစ်ယောက်တည်းကိုပဲ ရင်းရင်းနှီးနှီးပေါင်းသင်းတတ်ပါတယ်။ သူငယ်ချင်း အများကြီး မထားတတ်ပါဖူး။ မှတ်မှတ်ရရ ၄တန်းနှစ်တုန်းက သူငယ်ချင်း တစ်ယောက်နဲ့ခွဲရတုန်း ဆေးခန်းသွားရတဲ့ ထိနေမကောင်းဖြစ်ဖူးပါတယ်။ အဲဒီကစပြီး ဘယ်သူငယ်ချင်းမှသိပ်ရင်းနှီးအောင်မနေ တတ်တော့ တာ သေသေချာချာမှတ်မိနေတာပါပဲ။ မိုးရင်းနှီးသူတစ်ယောက်လောက်ကိုပဲ စွဲစွဲမြဲမြဲတွဲတတ်တဲ့အကျင့်ရှိတော့ မိုးရင်းနှီးတဲ့ကျောင်းမတက်ရင် တစ်ယောက်တည်းဖြစ်နေတတ်ပါတယ်။

အထက်တန်းပြီးလို့  ပထမနှစ်တက်ချိန် ပထမနှစ်ဝက်ထိ သူငယ်ချင်းပေါင်းစရာမရှိသေးပါဖူး။ ကျောင်းပြောင်းသွားတာတကြောင်း နောက် မေဂျာမလည်းကွဲတော့ ရင်းနှီးသူနဲ့လည်းမတွေ့တော့ ထမင်းစားချိန်ကစ သူငယ်ချင်းတွေဖြစ်တဲ့သူနဲ့ပဲ မေဂျာကွဲလည်း အတူတွဲဖြစ်တုန်းပါ။ နောက်ပထမနှစ် ဒုထိယနှစ်ဝက် ရောက်မှသူငယ်ချင်း ၉ ယောက်စုမိပါတယ်။ ပထမဆုံးအုပ်စုများကြီးတွဲမိခြင်းပါ။ နောက်ဆုံးနှစ်ထိအတူတွဲချိန်တွင်း တစ်ဦးကိုတစ်ဦး အပြုံးတွေသာအမှတ်တရရှိခဲ့ပါတယ်။

ကျောင်းပြီးတဲ့ချိန်မှာ သူငယ်ချင်းတစ်ယောက်ထပ်ရခဲ့ပါတယ်။ သူငယ်ချင်းဆိုတာထက် ညီမလိုခင်ရပြီး နှစ်ယောက်ကစိတ်ချင်းအရမ်းနီး ဆက်တယ် မိသားစုနဲ့ထပ်တူထပ်မျှ ရင်ထဲမှာအမြဲရှိတဲ့ ညီမလေးတစ်ယောက်ရခဲ့ဖူးတယ်။ မိုးတို့ နှစ်ယောက်ကို နှစ်ဖက်အသိုင်းဝိုင်းအပြင် အဲ့ညီမလေးချစ်သူကပါ မနာလိုဖြစ်ရတဲ့ထိပါ။ ဆန်ပြုတ်မကြိုက်ဖူး တစ်ခါမှမစားဖူးပေမယ့် မိုးပြုတ်ပေးတဲ့ဆန်ပြုတ်ကိုစားပြီး ဆန်ပြုတ် ကြိုက်တတ်လာတယ်။ ဒါကြောင့်သူချစ်သူက သူကြိုက်တဲ့ပီဇာလိုက်ကြိုက်တာကို ယုံပြီလို့ ပြောခဲ့တဲ့ညီမလေးကို မိုးရဲ့ အချစ်ဆုံးသူငယ် ချင်းဆိုလည်းဟုတ်တယ် ညီမလေးဆိုလည်းဟုတ် ပါတယ်။ ကိုယ့်နိုင်ငံကိုယ့်မိသားစုကိုစခွါနေတဲ့အချိန်မှာ မိုးလေယာဉ် ပေါ်ကဆင်းပြေး ချင်စိတ် ပေါက်ဖူးတယ်။ ဒါပေမယ့်ရည်မှန်းဆိုတာတွက်ပေါ့…

ခုရုံးမှာလည်း သူငယ်ချင်းတစ်ယောက်ထပ်ရပြန်တယ်။ တကယ်တော့မိုးလူတွေကို သိပ်ရင်းရင်းနှီးနှီးနေတတ်တဲ့ထဲမှာမပါ ပါဖူး။ ပြုံးပြ ရယ်ပြ မေးရင်ဖြေ လောက်ပါပဲ။ဒါပေမယ့် ကိုယ်ရင်းနှီးတဲ့သူကျတော့မတူတော့သလိုပါပဲ။ ခံစားချက်တွေကမိသားစုဆန်လာတာသတိ ထားမိတယ်။ ရုံးကသူငယ်ကလည်းဒီလိုပါပဲ မိုးတို့ အထင်လွဲစရာအကြောင်းရတွေရှိခဲ့ဖူးတယ် ဒါပေမယ့်ရှင်းပြစရာမလိုပဲ မိုးတို့ နှစ်ယောက်လုံးမှာယုံကြည်မှုအပြည့်ဝရှိနေကြတယ်။ သူမနာမည်က “မေ”ပါ။ မေဆိုတဲ့နာမည်နဲ့ စိတ်ရင်းလည်းထပ်တူထပ်မျှပါပဲ။ စိတ်အလှရောရုပ်အလှနှင့်ပါပြည့်စုံတဲ့မိခင်စိတ်ဓါတ်ပြည့်ဝရှိသူလေးပေါ့။

တစ်ခါတစ်လေ အမတစ်ယောက်လိုသူ့ ကိုခံစားမိတယ်။ တစ်ခါတလေတော့ အမေတစ်ယောက် လောက်ထိခံစားဖူးတယ်။ မိုးဘဝမှာ ဒီလိုမိသားစုလိုသူငယ်ချင်းမျိုးရှိတဲ့တယ် အရမ်းကံကောင်းတယ်လို့ ခံစားမိဖူးပါတယ်။ မိုးဘာပြော ဘာလုပ်လုပ် ကလေးတစ်ယောက်လို အမြဲဘေးကစောင့်ရှောက်ပေးတယ်။ မိုးတစ်နေရာသွားမယ် ပြောမိ လိုက်တာနဲ့ သူမခင်ပွန်းနဲ့အတုလိုက်ပို့တတ်တယ်။ မေ့ခင်ပွန်းကိုမိုး အားနာလွန်းလို့  နောင်ဘယ်သွားသွား မေ့ကိုမပြောတော့ဖူး သူမတို့ နှစ်ယောက်ရဲ့အချိန်တွေကို မိုးတွက်ကုန်သွားတာအတော်အား နာမိတယ်။ မေနဲ့ ဒီနှစ်တာဆုံတွေ့ ခဲ့တဲ့အချိန်လေးက ဘေးမှာမိသားစုတစ်ယောက်လိုနွေးထွေးခဲ့ရပါတယ်။ ခုတော့အလုပ် ပြောင်းတော့ မယ့်မေတွက် ဝမ်းသာတာကတစ်ဖက် ခွဲခွါရလို့ ဝမ်းနည်းကတစ်ဖက်နဲ့ မခံစားချင်လို့  သူမဘာ ပြောပြော ခေါင်းငုံနားထောင်နေမိတယ်။ နေ့လည်စာတုမစားနိုင်တော့ပေမယ့် ညနေစာအတူချိန်းစားရ အောင်လေ မေပြောတော့ ဟန်မဆောင်နိုင် နှစ်ယောက်လုံးမျက် ရည်ကျ မိပါတယ်။ ဒါနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်မိပါတယ်။ စလုံးမှာရှိသရွေ့တွေ့ လို့ ရသေးတယ်ပေါ့။ နောင်မကြာခင် မေကမိခင်တစ်ယောက် ဖြစ်တော့မှာမို့  မိုးတော့တူလေးလားတူမလေးလားထိန်းပေးရတော့မှာ တွေးရင်းပျော်လာသလိုလိုပါပဲ။ မိုးဘဝမှာ အချစ်ဆုံးဆိုလို့ ဒီသူငယ်ချင်းနှစ်ယောက်ပဲ ပြောဖူးတယ်။ ဒီခံစားချက်ကလည်းအသက်နှင့်အမြဲပါပဲ ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဖူး။ ချစ်တယ်ပြောတာဒီလောက်ကပ်စေးနဲရလားပြောခံရဖူးပေမယ့် တကယ်မသေချာပဲ မပြောချင်တာပါ။ တကားလုံးတိုင်းမှာ တန်ဖိုးရှိတယ်လေ။ မေတစ်ယောက် အလုပ်ကိုင်သစ်မှာ အဆင်ပြေပျော်ရွှင်တဲ့အပြင် သာယာချမ်းမြေ့တဲ့မိသားစုဘဝကို ကျမ်းမာစွာဖြတ်သန်းနိုင်ပါစေ. ...
သာယာချမ်းမြေ့ပါစေရှင်း
မိုး



Monday, January 24, 2011

"သတိ"

အခုတလော မိန်းခလေးတစ်ယောက်ကိုတွေ့ တာ အရင်ကနဲ့မတူပဲ မျက်နှာလေးညိုးနွမ်းပြီး ပိန်ပိန် လာတာကိုတွေ့ ရပါတယ်။ ဒါနဲ့ မိတ်ဆွေလည်းမဟုတ်သလို သူငယ်ချင်းလည်းမဟုတ်တာ ရုံးတက်တိုင်း တွေ့ရင်ပြုံးပြမိကြယုံပါ။ ဒါပေမဲ့မိုးမေးမိပါတယ်။ နေမကောင်း ဖူးလား ပိန်လာတယ်ပေါ့။ မေးတိုင်း အင်း နည်းနည်းနေမကောင်းဖူးပေါ့ ဒီလိုပဲလွယ်လွယ်ဖြေသွားလိုက် ဆက်မေးဖို့ ဆိုတာအချိန်ကလေး ၃မိနစ်တောင်မပြည့်တွေ့ မိချိန်ကနည်းတာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကနှုတ်ဆက်ယုံသာပေါ့။

ဒါနဲ့ပဲ တစ်နေ့ စိတ်ကလည်းမနေနိုင် ထပ်မေးမိပြန်ပါတယ်။ နေမကောင်းဖူးလား ဘာဖြစ်တာလဲ မျက်နှာတွေလည်းညိုးနွမ်း နေတော့ စိုးရိမ်မိတာတော့အမှန်ပါ။ သိပ်လည်းမပြောရဲပါဖူး သိပ်ခင်တာ လည်းမဟုတ်ပြန်တော့ ခပ်ကြောက်ကြောက် တစ်ချို့ မနှစ်သက်ပဲ စိတ်ရှုပ်မိမှာလည်းကြောက်ပေါ့။ ဒါနဲ့ သူမကပြန်ဖြေပါတယ်။ နေမကောင်းထက်စိတ်မကောင်းတာပါတဲ့။ အော်ဟုတ်လားပေါ့ သူများ ကြောင်း တော့ ဆက်မမေးချင်တာကြောင့် ဒီတိုင်းလေးနေမိပါတယ်။ နောက်မှ သူမအိမ်ငှားတာ အလိမ်ခံလိုက်ရလို့ တဲ့ မောင်နှမ နှစ်ယောက်အိမ်ငှားလိုက်တာ 5000 ကျော်အ လိမ်ခံလိုက်ရ ကြောင်းပြောပြပါတယ်။ အေးဂျင့်နဲ့ငှားတာပါပဲ ဒါပေမဲ့ အိမ်ရှင်ကသူ့ လို လူ၆ယောက်ဒီလိုပဲငှားထားကြောင်းငှားပြီးမှသိရတာပါတဲ့။ ဒါနဲ့မိုး လည်းစိတ်ကမကောင်းဖြစ်မိ ကိုယ်သိသလောက်တော့ စုံစမ်းမိပါတယ်။ ဒါနဲ့နောက်တစ်ခါသူမနဲ့ထပ်တွေ့ သက်ဆိုင်ရာကိုတိုင်ထားတယ်လို့ ပြောပြီးတော့ ခုထိတော့ မထူးခြားသေးပါဖူး။ ဒါမျိုးတော့ ဒီတစ် ခေါက်သာ ကြားဖူးခြင်းပါ။ ရန်ကုန်မှာတော့ကြားဖူးပေမယ့် ဒီမှာလည်းရှိနေတာပါပဲ။ နေရာမျိုးမျိုးလူအမျိုးမျိုးမှာ အဆိုးနဲ့အ ကောင်း တွေဟာလည်းအမြဲယှဉ်တွဲရှိနေမှာမို့  ပြုသူကတော့အသစ်ပေါ့။ ဒါပေမဲ့ ဘယ်အရာမဆို မပြုလုပ်မှီက သေချာ လေ့လာစုံစမ်းတတော့ အ ကောင်းဆုံးလို့ တော့မိုးယူဆပါတယ်။ ကိုယ် လိမ်ခံလို့  ပြန်စဉ်းစား မိတဲ့အခါ မှာ ကိုယ့်ဘက်မှာလည်း လိုအပ်ချက်တွေရှိနေ တာတွေ့ရခဲ့ဖူးပါတယ်။

*****ဒါကြောင့် စလုံးမှာဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ပါ အထူးသတိပြုပြီးအိမ်ငှားကြဖို့ အသိပေးပါရစေ...*****


အားလုံးဘေးကင်းရန်ကွာလို့ 
ကျမ်းမာပျော်ရွှင်ပြီး
သာယာချမ်းမြေ့ကြပါစေရှင်း
မိုး

Thursday, January 6, 2011

မှတ်ချက်

သားရေ သားအိပ်တော့လေ ညနက်နေပြီ မနက်ကျောင်းတက်ရမယ်လေ...
ဟုတ်မေမေ သားဒီတစ်ခါနောက်ဆုံး လေ့ကျင့်ပြီး သားအိပ်မှာပါ။
အမေ့သားလေးဆွဲထားတာ လှလိုက်တာ ဒီပုံဆရာမကတော်ပေးမှာသေချာတယ်။ ကျောင်းကပြန်လာတာနဲ့ မိဘကိုဝိုင်းကူ ကျောင်းစာကိုလည်း ကြိုးကြိုးစားစားရှိတဲ့ ကျမသားလေးတစ်ယောက်ကြောင့် ကျမ ဘဝပြည့်စုံပါပြီ။

ကျနော် ကျောင်းရောက်တော့ ကျနော်ဆွဲထားသော ပထဝီလေ့ကျင့်ခန်းပုံ ဆရာမစားပွဲပေါ်သွားထပ်ပြီးလိုက်ပြီး ကျနော်"တော်"ဆိုတဲ့မှတ်ချက်လေး ရမှာကိုကြိုသိလို့ ပျော်နေမိသည်။

ဆရာမ အမှတ်ခြစ်ပြီး ပြန်ပေးချိန် ကျတော့သူငယ်ချင်းတော်ရသည့်တွက်ပျော်နေသည်။ ကျတော်ကြည့်လိုက်မိသည်။ ဒီပုံတောင်တော်ရတယ်ဆို ကျတော်လည်းကျိန်းသေတော်ပေါ့ တွေးရင်းပျော်နေမိသည်။

ကျနော်စာအုပ်ရလာပြီ ကျနော် အားရပါးရကြည့်လိုက်ချိန် အမှတ်မခြစ်ထားသောကြောင့် ကျနော် ဆရာမကို ထပ်မံသွားပြခဲ့သည်။
ဆရာမ ကျနော်ကို အမှတ်မခြစ်ရသေးဖူး။ မြေပုံကတ်နဲ့ ဆွဲထားလို့ အမှတ်မရကြောင်းကျနော်သိလိုက်တဲ့ချိန် ကျနော်ဘာမှပြန်မပြောပဲ ကျနော်ထွက်လာမိသည်။

သားလေး ကျောင်းကပြန်လာပြီလား မေမေကျနော့်လွယ်အိပ်ကိုယူကာ ကျနော်ပထဝီစာအုပ်ကို အရင်ဆုံးရှာပြီးကြည့်သည်။ သားဒီနေ့ဆရာမ မစစ်ဖြစ်ဖူးလား။
မဟုတ်ဖူးမေမေ စစ်ဖြစ်ပါတယ်။ ဒါဆို အမှတ်ဘာလို့ ပါမလာတာလဲသား...
ဆရာမက မြေပုံကိုကတ်နဲ့ဆွဲထားလို့ အမှတ်မပေးတာတဲ့...
))))အင်း(((( ဒါဆိုသားရှင်းပြရမှာပေါ့။ မေမေရယ် ဆရာမ ပြောလိုက်တဲ့စကားက သားတွက်ကောင်းဆုံး မှတ်ချက်ပဲလေ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Saturday, January 1, 2011

ချစ်ခြင်း နှင့် ခြစ်ခြင်း

“ ချစ်ခြင်း ” နှင့် “ခြစ်ခြင်း”

“ ချစ်ခြင်း ” နှင့် “ခြစ်ခြင်း” ကား

အသံတူသော်လည်း

အဓိပ္ပါယ် ခြားနားလှသည်။

“ ချစ်ခြင်း ” ၏ အနှစ်သာရကား

ပေါင်းစည်းခြင်း ဖြစ်၍

“ခြစ်ခြင်း” ၏ အနှစ်သာရကား

“ ပြိုကွဲခြင်း ” ဖြစ်သည်။

“ ချစ်ခြင်း ” သည်

“ ပြည့်စုံခြင်း ” ၌ အဆုံးသတ် ၍

“ ခြစ်ခြင်း ” သည်

“ပျက်စီးခြင်း ” ၌ နိဂုံးချုပ်သည်။

“ ချစ်ခြင်း ” သည်

အပြုသဘောကို ဆောင် ၍

“ ခြစ်ခြင်း ” သည်

အဖျက်သဘောကို ဆောင်သည်။

ကိုယ်၊ နှုတ်၊ စိတ်ဖြင့်

ကောင်းမှုကို ပြုခြင်းသည်

ကိုယ့်ကိုကိုယ် ချစ်ခြင်းဖြစ်သည်။

ကိုယ်၊ နှုတ်၊ စိတ်ဖြင့်

မကောင်းမှုကိုပြုခြင်းသည်

ကိုယ့်ကိုကိုယ် ခြစ်ခြင်းဖြစ်သည်။

အသင် စာရှုသူ…

သင့်ကိုယ်သင်

ယပင့်နဲ့ ချစ်မှာလား…

ရရစ်နဲ့ ခြစ်မှာလား…

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ဒီကဗျာလေးကို အရင်ကလည်းဖတ်ဖူးကြမှာပါ။

ကိုယ်တိုင်ကလည်း နှစ်သက်မိတဲ့စာပေဆို အထပ်ထပ်ဖြစ်နေတတ်တမျိုးဖြစ်တာကြောင့်

ပိုစ့်တင်ဖြစ်သွားတာပါ။နှစ်သစ်ကို ကိုယ၊် နှုတ၊် စိတ် ဖြစ် ချစ်ခြင်းတွေနဲ့ ကြိုဆိုကြပါစို့ လား။

မိုးစာရေးရင် အမြဲစာလုံးပေါင်းမှားလေ့ရှိတတ်တာ ပြန်ပြင်ရမှာလည်း ပျင်းတာဝန်ခံပါတယ်။

ဘလော့ရေးတာ တစ်နှစ်ပြည့်ပါပြီ။ ဒီတစ်နှစ်ပတ်လုံး သည်းခံဖတ်ပေးကြသော စာဖတ်မိတ်ဆွေမောင်နှမများအားလုံးကို အထူကျေးဇူးတင်ရှိကြောင်းပြောပါရစေ။

ဖြစ်နိုင်ရင်ကောင်းတာလေးတွေတွေး ပြော ဆုတောင်းပေးချင်မိပါတယ်။ နှစ်သစ်မှာ အရပ် ဆယ်မျက်နှာမှာနေ နတ်လူသတ္တဝါအားလုံး ဘေးရန်ကင်းလို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ… ။လောကမှာ ကောင်းဆိုးနှစ်ဖြာ အမြဲယှဉ်တွဲနေတာမို မမျှော်လင့်ပဲ အခက်ခဲများ တွေ့ ကြုံခဲ့မယ်ဆိုရင်လည်း အခက်ခဲမရှိ အောင်မြင်မှန်ကန်စွာဖြေရှင်းနိုင်ကြပါစေလို့ တောင်းဆုပြုပါတယ်။

အားလုံးသာယာချမ်းမြေ့ကြပါစေရှင်

မိုး

Monday, December 6, 2010

ကံ

တနေ့ သောညနေခင်းတစ်ခု ကလေး ၆ယောက်နှင့် မိန်းကလေးထံမျက်လုံးတစုံ အဆုံးထိလိုက်ကြည့်မိသည်။ ကလေးများထဲမှာ အကြီး မှာ ၁၀နှစ်ပင်မပြည့် အရွယ်အားဖြစ်သိပ်အကွာကြီးမဟုတ် အငယ်ဆုံးကလေးမှာ လမ်းလျှောက်တတ်စအရွယ် အဓိကတော့ အဲ့အငယ် ဆုံးကလေးကိုကြည့်မိရာကနေ အဆုံးထိလိုက်ကြည့်မိခြင်းပင် ကလေးငယ်မှာ ဖိနပ်မပါသလို သူ့ ကိုလက်ကိုင်ထားသူအမျိုး သမီးသည် ကလေး လျှောက်နိုင်လား ပြုတ်ကျမလား နည်းနည်းမှမစဉ်းစားပဲ သူ့ လူကြီးခြေလှမ်းများ ဖြစ်ကလေးလက်ကိုဆွဲကာ ကလေးကို တစ်ချက် မှငုံမကြည့်ပဲလျှောက်နေသော အမျိုးသမီး သည် သူ့ မိခင်လား ကျန်ကလေး ၅ ယောက် မှာလည်း ညစ်ပေပေဖိနပ်မပါ ဟော ကလေးငယ် လေး ကားလမ်းကူးနေပြီး တစ်ယောက်တည်း ကြည့်ရင်း ဘုရား ဘုရား ကြည့်ရင်းအသည်းယားလိုက်တာ အမလေး တော်သေးလို့  ကားသီသီလေးလွတ်သွားတာ။ ကလေးလက်ဆွဲထားသော အမျိုးသမီးမှာ သူ့ အလုပ်သူလုပ်နေသည် ကျန်ကလေးများကို လှည့်ပင် မကြည့် သူမငွေလိုက်တောင်းလို့ မရသော သူများကိုလည့်ထွက်သွားမည့်သူမဟုတ် ကျန်ကလေးများကို သူမတောင်းလို့ မရသူထံတွက် ထပ်မံသွားတောင်းရန် ကလေးငယ်တစ်ယောက်အား လက်တို့ လိုက်သည်။ ဒါကို ကလေး တွေရဲ့ရှေးကအကုသိုလ်ကံလို့ ပြောမလား။

**********************************************

ရှိုက်ကြီးတငင်ငင်ဖြစ် ငိုသံကြားရပြန်ပါပြီ။ ဒီသံအမြဲကြားရသည်။အသက် ၉ နှစ်သာသာ ကလေးမလေး အလုပ်လုပ်ရာတွင်လည်း သွက်လက်သလို သန့်သန့်ရှင်းရှင်း အရွယ်နဲ့ပင်မလိုက်အောင် တော်သည်။ သို့ သော် အမြဲအပစ်နှင့်မလွတ် ရိုက်ခံရသည်။ ရိုက်ပြီးလျှင် သနပ်ခါးပြန်လိမ်းခိုင်းထားခိုင်းသည့်အိမ် အရွယ်မရောက် သေးသော အိမ်ဖော်ကလေးမလေး ဒါလည်းသူ့ ကံပါပဲလား သားသမီးချင်း စာနာစိတ် ကင်းတဲ့ သူတွေကြည့် ရင်းး အော် ဒါဟာလည်း ကလေးမလေးရဲ့အကုသိုလ်ကံပဲလို့ ပြောမလား။

*********************************************

မွေးခါစရက်ပိုင်းလား ကလေးပုစိလေး သေးသေးလေးတွေ အို ကတ္တရာလမ်းပေါ်မှာ အနှီးလေး ခင်းပြီတင်ထား လို့  ကလေး၏ကိုယ်တွင် အနှီးများမလုံ လစ်ဟာနေ အို ဖြစ်မှဖြစ်ရလေ ကတ္တရာအောက်ကအပူငွေ့ အပ်ါက နေ အပူဒဏ် ဘယ်လိုများအသည်းနှလုံးနဲ့မိခင်ပါလိမ့် တောင်းနေပေမဲ့ ရက်စက်တဲ့သူမ၏အပြုမူ နှစ်စဉ်ပုံမှန် ဒီလိုမွေးနေကျဟု ကြားမိသောအသံကြောင့် အော်ဒါကလေးတွေရဲ့ ကံလို့ ပဲပြောတော့မလား။

*************************************************

မိုးလည်း "ကံ" ကံ ၏အကျိုးကိုယုံကြည်တဲ့သူတစ်ယောက်ပါ။ ကံနဲ့ ပက်သက်လို့ ပေါ့ အဆောင်မှာ စကားပြော ဖြစ်လို့ ပါ။ တစ်ယောက် နဲ့တစ်ယောက်က တွေးခေါ်တွေမတူတော့ အမြင်တွေလည်း ကွဲကြပါတယ်။ ညှင်းပန်းနှိပ်စက်ခံရသူတိုင်း ကံလို့ တော့မပြောလို့ မရဖူးမိုး တွေးပါတယ်။ ဒါနဲ့စကားက ပိုချဲ့သွားပြန်ရော ဒါနဲ့ မိုးကတစ်ခွန်းပြန်မေးမိတယ် ဒါနဲ့အဲ့အမမဖြေပေးနိုင်ခဲ့ဖူးလေ။ တကယ်တော့ ဆက်မပြောပဲရပ်လိုက်ကြတာပါ။
မိုးယူဆတာက သဘာဝ ဘေးအန္တရာယ်ကလွဲလို့ ပေါ့ လူသားချင်းစာနာတတ်တဲ့နှလုံးသားကိုယ်စီရှိ ကြမယ်သာဆိုရင်................လို့ တွေးကြည့်တာပါ။
(၇) ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းလို့ စိတ်ရောကိုယ့်ပါချမ်းသာကြပါစေ....
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Wednesday, December 1, 2010

မြင်ကွင်းတစ်စုံ

မိမိဇနီးပေါ်အမြဲပစ်တင်ပြောဆိုလေ့ရှိသော အဖိုးအိုတစ်ယောက်ပေါ်တွင် ဇနီးသည်အဖွားကမူအမြဲသည်းခံ တတ်သလို မိမိတာဝန်များ မပျက်ကွက်ခဲ့ချေ။ မိမိပေါ်အလွန်ချစ်မြတ်နိုးသည် ကိုသိသောကြောင့်လည်း အဖိုး တစ်ယောက် အဖွားကိုအမြဲအနိုင်ယူတတ်သလို မိတ်ဆွေပေါင်းများရှေ့ တွင်လည်း အဖွားအိုကိုအမြဲ ပစ်တင် ပြောဆိုနေကျ....

တနေ့ အဖိုးအဖိုး အဖွားဈေးမှာ မူးလဲလို့ ဆေးရုံရောက်နေပြီဟုအသံကြောင့် အဖိုးတစ်ယောက် ဆေးရုံအမြန် လိုက်သွားတော့သည်။ ကုတင်ပေါ်တွင်လဲနေသော အဖွားမျက်နှာကိုငေးကြည့်ရင်း ဒီတစ်ခါ အဖွားကြီး ဆေးရုံ ကဆင်းရင် ကောင်းကောင်းပြုစုမယ် သူ့ ကိုလည်းစိတ်ချမ်းသာအောင်ထားမယ်ဟု အဖိုးတစ်ယောက်ပြောနေ သည်။ ဘေးမှကြားရသူရင်ထဲတွင်တော့ ရင်ထဲမကောင်းလှချေ။

မလှုပ်ရှုားနိုင်တော့သည့် အဖွားကိုငေးကြည့်မိရင်း မျက်ရည်ဝဲမိသည်။ အဖိုးဒီစိတ်လေးကို အစတည်းကရှိရင် ဘယ်လောက် ကောင်းမလဲ တွေးမိသည်။အရာရာဟာနောက်ကျခဲ့ပြီ ၃ ရက်မြောက်နေ့ အဖွားဆုံးပြီ။ အဖိုးတစ် ယောက် မယုံနိုင် ညကတောင်အဖွား ကြီးငါဆီလာ သေးတယ်ဟု ပြောဆိုနေသောအဖိုးကို အားလုံးဝိုင်း နှစ်သိမ့် ပေးရင်း သားသမီးမရှိသော အဖိုးတစ်ယောက် ဝမ်းနည်း ကြေကွဲစွာခံစား နေရသည်။ အဖွားရက်လည်နေ့အဖိုး ပါရင်ကွဲနာကျပြီးသေဆုံးရရှာသည်။

ဘဝမှာ မိမိကိုအသက်သေဆုံးသည့်တိုင် မြတ်နိုးမှုတွေမလျှော့ပဲ သည်းခံတတ်တဲ့အဖွားပေါ် အမြဲအနိုင်ယူတတ် တဲ့အဖိုးတစ်ယောက်တွက် ဒီဇာပနလေးမှာ လူတိုင်းရင်ကို ကြွေကွဲစေခဲ့ပါတယ်။ မိမိပေါ်မြတ်နိုးတယ် ချစ်ခင် တယ် မခွဲနိုင်ဖူး ဒီတော့သည်းခံမှာပဲ သည်းခံရမယ်ဆိုတဲ့ စိတ်လေးတွေကြောင့် ကိုယ့်ပေါ်တစ်ဘဝ လုံးပေးဆပ် သွားတဲ့သူကို အဲဒီလိုအနိုင်ယူရက်သလားတွေးရင်း


တစ်ခါတလေ မြင်ကွင်းတွေကို ကိုယ်ကဘေးကကြည့်မြင်သူတစ်ယောက်နေနဲ့ မကြည့်ရက်ဖူး ဘာမှလည်းမဆိုင် တော့ ဝင်ပြောလို့ လည်းမရတဲ့အခြေနေ လူတစ်ဦးတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ခံစားချက်ယူဆ တွေမတူညီ နိုင်တာကြောင့် ရလဒ်တွေလည်း မတူညီ နိုင်ပါဖူး။ မိဘမောင်နှမဆွေမျိုးတွေက မိသားစုဖြစ်သလို ကိုယ်ထူ ထောင်လိုက်တဲ့ မိသားစုကလည်း မိသားစုတွေပါပဲ။ သူစိမ်းပဲလို့ မြင်လိုက်ရင်တော့ နွေးထွေးမှုရှိပါတော့မလား။ စာနာမှုမရှိ နွေးထွေးမှုမရှိမှတော့ မိသားစုစကားနဲ့ညီပါတော့မလား။ တစ်ယောက် တည်းတွေး ရင်းးးးးးးးးးးး

လူတစ်ယောက်ကိုသေခါမှ ကောင်းပါတယ်ချီးကျူးနေမယ့်အစား မသေခင်စိတ်ချမ်းသာအောင်ထားပေး နိုင်တာအကောင်းဆုံးလုပ် ဆောင်ခြင်းပါ။

လောကကြီးမှာရှိသော မိသားစုများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...

အားလုံးသာယာချမ်းမြေ့ပါစေရှင်း
မိုး

Saturday, November 27, 2010

ပန်းခင်းလမ်း



ထူးဆန်းလိုက်တာ အင်ကြင်းပန်းပင်တွေတစ်လမ်းလုံးဖူးပွင့်ဝေနေလိုက်တာများ အံ့အားသင့်ကြည့်မိနေစဉ် အဝေးတစ်နေရာမှာ အပင်တွေကို ပေါင်းသင်ရေလောင်းလုပ်နေတဲ့သူကိုတွေ့ မိလိုက်တယ်။ အံ့အားသင့် စွာကြည့်မိရင်း ရင်ထဲတစ်မျိုခံစားမိချိန် လန့် ခနဲ့ဖြစ်သွားမိတယ်။ သြော် ဒါအိမ်မက်ပါလားး

နံနက်စောစော တစ်လမ်းလုံးပန်းတွေပွင့်နေတာများ ဝေဆာလိုက်တာ ပန်းခင်းထဲရောက်သွားသလိုပါပဲ ဟောတော့ ပန်းတွေ ခေါင်းပေါ်ကြွေကျနေပြီး ပျော်လိုက်တာ ပန်းတွေတစ်ပွေ့ တစ်ပိုက်ကြီးကောက်ရင်း အော် ဟိုမှာလည်း နှင်းဆီပန်း ပန်းရောင်လေး တော့ ကြွေကျနေတာ ပန်းတွေအမြန်လိုက်ကောက်ရင်း လက်ထဲတွင်လည်း စံပါယ်ပန်းတွေပြည့်လို့  ဒီနေ့ဘာလို့ များ ပန်းတိုင်း ဟာဝေဆာပြီး ပွင့်နေတာပါလိမ့် ကြည့်လိုက်တော့လည်း ကိုယ်နဲ့ဝိုင်းကောက်မည့်သူမတွေ့  တစ်ယောက်တည်း အပြေး အလွှား လိုက်ကောက်နေမိတယ်။ လက်ထဲကစံပါယ်ပန်းကိုကြည့်မိရင် ဖျက်ကနဲ့လန့်သွားချိန် မိုးလင်းနေပြီပဲ....

ခုတလော ထူးဆန်းလိုက်တာ ပန်းတွေပဲအိမ်မက်ထဲမြင်မက်မိတယ်။ အိမ်မက်ဟာ အိမ်မက်ဆိုပေမဲ့လည်း သာယာတဲ့အိမ်မက်လေးဖြစ်လို့ ကြည်နူးမိပါတယ်။ အိမ်မက်ဟာ ကောင်းသောအတိတ်နိမိတ်ဆောင်ခဲ့မယ်ဆိုရင်လည်း အမိမြေကြီးမှာ မွေးရနံသင်းပျံစွာပွင့်မယ့် ပန်းတွေအမြန်သာပွင့်နိုင်ပါစေသားးးးး

(၇)ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းလို့ အေးချမ်းပါစေ...


သာယာချမ်းမြေ့ပါစေရှင်း
မိုး